Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




၂ သက်သာလောနိတ် 3:6 - ဓမ္မသစ်ကျမ်း ရခိုင်ဘာသာစကား

6 ညီအစ်ကိုမောင်နှရို့၊ ငါရို့ပီးခသော သွန်သင်ချက်များကို မလိုက်လျှောက်ဘဲ ပျင်းရိစွာ အသက်ရှင်နိန်ကြသော ယုံကြည်သူအားလုံးကို ယှောင်ယှားကြရန် ငါရို့အသျှင် ယေသျှုခရစ်တော်၏ နာမတော်၌ သင်ရို့ကို ငါရို့ မိန့်မှာလိုက်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




၂ သက်သာလောနိတ် 3:6
24 ပူးပေါင်းရင်းမြစ်များ  

သူသည် ထိုသူရို့၏စကားကိုလည်း နားမထောင်လျှင် ဖြစ်သမျှအားလုံးကို အသင်းတော်အား တိုင်ကြားလော့။ နောက်ဆုံးအနေဖြင့် သူသည် အသင်းတော်၏စကားကိုလည်း နားမထောင်လျှင် ထိုသူကို ဘုရားတရားမဲ့ သာသနာပလူ သို့မဟုတ် အခွန်ခံကဲ့သို့ ပြုကြလော့။


ငါ၏ညီအစ်ကို မောင်နှမရို့၊ သင်ရို့ ခံယူထားသော သြဝါဒတိနှင့် ဆန့်ကျင်လျက် ယုံကြည်ခြင်းကို လွဲမှားစီပြီးလျှင် စိတ်ဝမ်းကွဲပြားအောင် လုပ်ဆောင်လျက်ဟိကြသော သူရို့ကို သတိထားကြလော့။ ထိုသို့သော သူရို့ကို ယှောင်ယှားကြရန် သင်ရို့ကို ငါ တိုက်တွန်းနှိုးဆော်၏။


သင်ရို့သည် ငါ့ကို အစဉ်အောက်မိ့သတိရ၍ ငါပီးအပ်ခသော သွန်သင်ချက်အတိုင်း လိုက်နာပြုကျင့်သောကြောင့် သင်ရို့ကို ငါချီးကျူး၏။


သင်ရို့ အတူတကွ စုဝေးကြစဉ် ငါသည် စိတ်ဝိညာဉ်အားဖြင့် သင်ရို့နှင့်အတူ ဟိနိန်၏။ ငါရို့၏အသျှင် ယေသျှု၏တန်ခိုးတော်သည်လည်း ငါရို့နှင့်အတူ ဟိ၏။


သင်ရို့အား ကာမဂုဏ်လိုက်စားသော သူရို့နှင့် မပေါင်းဖော်စီခြင်းငှာ ယခင်က သင်ရို့ပါးသို့ ရီးလိုက်သောစာ၌ ငါမှာထားခ၏။


သင်ရို့သည် တစ်စုံတစ်ယောက်ကို ခွင့်ရွှတ်လျှင် ငါသည်လည်း ထိုသူကို ခွင့်ရွှတ်၏။ ငါသည် တစ်စုံတစ်ယောက်ကို ခွင့်ရွှတ်ရန် လိုအပ်လျှင် သင်ရို့ အကျိုးကိုထောက်၍ ခရစ်တော်၏ ရှိ့တော်၌ ထိုသူကို ခွင့်ရွှတ်၏။


ထို့ကြောင့်၊ သင်ရို့သည် တခြားလူမျိုးရို့နည်းတူ ဆက်လက်၍ ပြုမူနီထိုင်ခြင်းမပြုကြရန် သခင်ဘုရား၏နာမတော်ကို အမှီပြု၍ ငါ သတိပီးလိုက်၏။ သူရို့၏ အကြံအစည်များကား အလကားဖြစ်၏။


စကားပြောဆိုရာ၌ လည်းကောင်း၊ ဆောင်ရွက်ရာ၌ လည်းကောင်း သင်ရို့ပြုမူသမျှ၌ အသျှင်ယေသျှု၏ နာမတော်ကို ထောက်၍ ခပ်သိမ်းသောအမှုကို ပြုကြလော့။ ထိုအသျှင်ကို အမှီပြုလျက် အဖဘုရားသခင်၏ ကျေးဇူးတော်ကို ချီးမွမ်းကြလော့။


နောက်ဆုံးအနေဖြင့်ဆိုရလျှင် ညီအစ်ကိုမောင်နှမရို့၊ သင်ရို့ကို ဘုရားသခင် နှစ်သက်တော်မူစီရန် မည်သို့ အသက်ရှင်နီထိုင်ရမည်ကို သင်ရို့အား ငါရို့ သွန်သင်ပြီး ဖြစ်၏။ သင်ရို့သည် ငါရို့ သွန်သင်ခသည်အတိုင်း အသက်ရှင်နီထိုင်ကြ၏။ အဂုတွင် ပို၍ ကြိုးစားအားထုတ်ကြရန် ငါရို့သည် အသျှင်ယေသျှု၏ နာမတော်၌ သင်ရို့အား တိုက်တွန်းနှိုးဆော်လျက် တောင်းပန်ကြ၏။


သင်ရို့သည် အယင်က ငါရို့ မှာကြားခသည့်အတိုင်း ငြိမ်ဝပ်စွာနီ၍၊ မိမိရို့၏အရေးကိစ္စကို မိမိရို့ကိုယ်တိုင် ဆောင်ရွက်ကြရန် ကြိုးစားအားထုတ်ကြလော့။


ညီအစ်ကိုမောင်နှမရို့၊ အပျင်းကြီး၍ အလုပ်မလုပ်သောသူတိကို သတိပီးကြလော့၊ ကြောက်တတ်သောသူတိကို နှစ်သိမ့်ပီးကြလော့၊ အားနည်းသောသူရို့ကို ကူညီကြလော့၊ ခပ်သိမ်းသောသူရို့၌ စိတ်ရှည်ကြလော့ ဟု သင်ရို့အား ငါတိုက်တွန်း၏။


သို့ဖြစ်၍ ညီအစ်ကိုမောင်နှမရို့၊ ငါရို့၏ဟောပြောခြင်းအားဖြင့် လည်းကောင်း၊ ငါရို့၏ ပီးစာအားဖြင့် လည်းကောင်း သင်ရို့အား သွန်သင်ခသည့် သမ္မာတရားများကို သင်ရို့သည် စွဲကိုင်၍ ခိုင်ခံ့စွာ ရပ်တည်ကြလော့။


သင်ရို့သည် ငါရို့ လုပ်ဆောင်ခသည့်အတိုင်း လုပ်ဆောင်သင့်သည်ကို သင်ရို့ကိုယ်တိုင် သိကြ၏။ သင်ရို့နှင့်အတူ ဟိခစဉ်က ငါရို့သည် ပျင်းရိစွာ မနီထိုင်ခကြ။


သင် ပြုသမျှ၌ ဇာသူ့ကိုမျှ ဘက်လိုက်ခြင်း၊ မျက်နှာသာပီးခြင်း မဟိဘဲ ဤညွှန်ကြားချက်တိကို လိုက်နာဆောင်ရွက်ရန် ဘုရားသခင်နှင့် ခရစ်တော်ယေသျှု ရှိ့တော်၌ လည်းကောင်း၊ သန့်ယှင်းသော ကောင်းကင်တမန်တိ ရှိ့၌ လည်းကောင်း၊ ငါသည် သင့်အား အလေးအနက် တိုက်တွန်းလိုက်၏။


စိတ်နှလုံး ယိုယွင်းပျက်စီး၍ သမ္မာတရားကင်းမဲ့ကာ ငြင်းခုံခြင်းသက်သက်ကိုသာ ဖြစ်ပွားစီတတ်၏။ သူရို့က ဘုရားတရားရိုသီခြင်းသည် ငွီရပေါက်နည်းလမ်းတစ်ခုဟု ထင်မှတ်ကြ၏။


ထိုသူရို့သည် ဘုရားဝတ်၌ မွိ့လျော်ယောင် ဆောင်ကြသော်လည်း ဘုရားသျှင်၏တန်ခိုးတော်ကို ငြင်းပယ်ကြ၏။ ထိုကဲ့သို့သော သူတိကို ယှောင်ယှားလော့။


ကိုယ်​တော်သည် ပေါ်​ထွန်း၍ နိုင်ငံတော်​ထင်​ရှား​သော​ကာ​လ၊ သီလွန်သောသူနှင့် အသက်ရှင်သောသူရို့ကို တရားစီရင်မည့် ခရစ်တော်ယေသျှု၏ ရှိ့တော်၌ လည်းကောင်း၊ ဘုရားသခင်၏ ရှိ့တော်၌ လည်းကောင်း သင့်အား အလေးအနက် တိုက်တွန်းလိုက်သည်မှာ၊


ထိုတရားတော်ကို မသွန်သင်သောသူသည် သင်ရို့ပါးသို့ ရောက်လာလျှင် သင်ရို့အိမ်တွင် လက်မခံကတ်ကေ့။ သင်ရို့၌ “ငြိမ်သက်ခြင်း ဟိပါစီ” ဟု နှုတ်မဆက်ကတ်ကေ့။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ