8 ထိုအခါ မတရားသောသူသည် ထင်ရှားလာလိမ့်မည်။ အသျှင်ယေသျှုသည် ထိုသူအား မိမိ၏ နှုတ်မှထွက်သော လီအားဖြင့် ကွက်မျက်ကာ၊ မိမိကြွလာတော်မူသော ဘုန်းရောင်ခြည်တော်ဖြင့် ဖျက်ဆီးတော်မူလိမ့်မည်။
နိုင်ငံတော်၏တရားစကားကို ကြားသော်လည်း နားမလည်သောသူသည် လမ်းတစ်လျှောက်မှာ ကျနိန်ခသည့် မျိုးစိများနှင့် တူ၏။ နတ်ဆိုးသည် လာ၍ သူရို့၏စိတ်နှလုံးထဲ၌ ဟိသောတရားစကားကို လုယူဖယ်ယှားတတ်၏။
လယ်ကွက်သည်ကား လောကဖြစ်၏။ ကောင်းသောမျိုးစိ ဟူမူကား နိုင်ငံတော်သားတိ ဖြစ်ကြပြီး၊ မြက်ရိုင်းပင်များမှာ နတ်ဆိုး၏သားများ ဖြစ်ကြ၏။
အကြောင်းမူကား၊ လူသားသည် မိမိအဖ၏ဘုန်းတန်ခိုးတော်ဖြင့် ကောင်းကင်တမန်များနှင့် အတူ ကြွလာလိမ့်မည်၊ ထိုအခါ လူတစ်ယောက်စီတိုင်းအား မိမိရို့ ပြုသည့်အတိုင်း ခံစားစီလိမ့်မည်။
သင်ရို့ကို ငါ အမှန်ဆိုသည်ကား လူသားသည် သျှင်ဘုရင်အဖြစ်ဖြင့် ကြွလာတော်မူသည်ကို မြင်ကြရသည့်တိုင်အောင် ဤအရပ်၌ ဟိနိန်ကြသော လူတချို့သည် မသီကြရသိမ့်” ဟု မိန့်တော်မူ၏။
လောက၌ မြတ်သောသူရို့ကို အရှက်ရစီခြင်းငှာ ယုတ်သောသူ၊ အထင်သေးခံရသောသူနှင့် လူရာမဝင်သောသူရို့ကို ရွီးကောက်တော်မူ၏။
ဇာသူသည် ဇာနည်းနှင့်မျှ သင်ရို့ကို မလှည့်ဖြားစီကေ့။ အကြောင်းမူကား နောက်ဆုံးသော ပုန်ကန်မှုကြီးမဖြစ်ခင်နှင့် ပျက်စီးခြင်းခံရမည့် သူတည်းဟူသော မတရားသောသူ မပေါ်ထွန်းခင် ထိုနိ့ရက်သည် ရောက်လာလိမ့်မည် မဟုတ်။
သင်သည် ငါရို့အသျှင် ယေသျှုခရစ်တော် ကြွလာသည့် နိ့ရက်တိုင်အောင် ဤမိန့်မှာချက်များကို လိုက်နာ၍ သစ္စာဟိစွာ စောင့်ထိန်းလော့။
သို့သော်လည်း ငါရို့၏ကယ်တင်သျှင် ခရစ်တော်ယေသျှု ကြွလာတော်မူခြင်းအားဖြင့် ထိုကျေးဇူးတော်ကို ငါရို့အား ယခုအချိန်၌ ဖော်ပြတော်မူပြီ။ ကိုယ်တော်သည် သီခြင်းတရားကို အဆုံးသတ်လိုက်ပြီးနောက် သီခြင်းတရားကင်းသော အသက်တာကို သတင်းကောင်းတရားအားဖြင့် ဖော်ပြတော်မူပြီ။
ကိုယ်တော်သည် ပေါ်ထွန်း၍ နိုင်ငံတော်ထင်ရှားသောကာလ၊ သီလွန်သောသူနှင့် အသက်ရှင်သောသူရို့ကို တရားစီရင်မည့် ခရစ်တော်ယေသျှု၏ ရှိ့တော်၌ လည်းကောင်း၊ ဘုရားသခင်၏ ရှိ့တော်၌ လည်းကောင်း သင့်အား အလေးအနက် တိုက်တွန်းလိုက်သည်မှာ၊
သို့ဖြစ်၍ ယခုအချိန်၌ ဘုရားသခင်၏ ဖြောင့်မတ်ခြင်းတရားနှင့် စပ်ဆိုင်သော ဆုသရဖူသည် ငါအတွက် အဆင်သင့် ဟိနိန်၏။ ဖြောင့်မတ်သော တရားသူကြီးဖြစ်တော်မူသော သခင်ဘုရားသည် ထိုဆုသရဖူကို ထိုနိ့၌ ငါ့အား ပီးတော်မူလိမ့်မည်။ ငါ့ကိုသာမက ကိုယ်တော်ကြွလာခြင်းကို လိုလားတောင့်တနိန်သူအားလုံးကိုလည်း ပီးအပ်တော်မူလိမ့်မည်။
ငါရို့၏ ကြီးမြတ်တော်မူသော ဘုရားသခင်နှင့် ကယ်တင်သျှင် ယေသျှုခရစ်တော်၏ဘုန်းတန်ခိုးတော် ပေါ်ထွန်းခြင်းတည်းဟူသော ကောင်းကြီးမင်္ဂလာနှင့် သက်ဆိုင်သော မျှော်လင့်ခြင်းကို စောင့်မျှော်လျက်နိန်ကြရန် လည်းကောင်း ဘုရားသခင်သည် ငါရို့အား ဆုံးမသွန်သင်လျက် ဟိ၏။
သို့ရာတွင် တရားစီရင်ခြင်းကို လည်းကောင်း၊ ဘုရားသခင်ကို ဆန့်ကျင်သော သူရို့ကို လောင်ကျွမ်းမည့် အမျက်တော်မီးကို လည်းကောင်း ကြောက်ရွံ့လျက် စောင့်နိန်ကြရုံမျှသာဟိ၏။
ဖခင်ရို့၊ သင်ရို့သည် အစအဦးကပင် ဟိတော်မူသောအသျှင်ကို သိသောသူများဖြစ်သောကြောင့် သင်ရို့ပါးသို့ ငါစာရီးလိုက်၏။ အပျိုလူပျိုရို့၊ သင်ရို့သည် မာရ်နတ်ကို အောင်နိုင်သောကြောင့် သင်ရို့ပါးသို့ ငါစာရီးလိုက်၏။
မာရ်နတ်နှင့်သက်ဆိုင်သောသူဖြစ်၍ မိမိ၏ညီ အာဗေလကို သတ်သောသူ ကာဣနကဲ့သို့ ငါရို့ မဖြစ်စီကတ်ကေ့။ ကာဣနသည် မိမိ၏ညီကို သတ်ရသည့်အကြောင်းမှာ သူ၏အကျင့်သည် ဆိုးညစ်ပြီး သူ့ညီ၏ အကျင့်မူကား ဖြောင့်မတ်သောကြောင့် ဖြစ်၏။
ဘုရားသခင်၏ သားသမီးရို့သည် အပြစ် မကျူးလွန်တတ်သည်ကို ငါရို့ သိကြ၏။ အကြောင်းမူကား ဘုရားသခင်၏ သားတော်သည် သူရို့ကို ကယ်တင်သောကြောင့် မာရ်နတ်သည် သူရို့ကို မထိခိုက်နိုင်။
သူသည် လက်ယာလက်ဖြင့် ကြယ်ခုနစ်လုံးကို ကိုင်ထား၏။ သူ၏ခံတွင်းမှ ပြတ်သောသန်လျက် ထွက်လာ၏။ သူ၏မျက်နှာသည်လည်း တန်ခိုးနှင့် ထွန်းတောက်သည့် မွန်းတည့်နီ၏ အလင်းကဲ့သို့ ဖြစ်၏။
ထိုသားရဲသည် ကြွားဝါ၍ ဘုရားသခင်အား ပြစ်မှားပြောဆိုခွင့်ကို လည်းကောင်း၊ လေးဆယ့် နှစ်လပတ်လုံး အုပ်စိုးပိုင်သောအခွင့်ကို လည်းကောင်း ရဟိထား၏။
လူအမျိုးမျိုးရို့ကို နှိမ်နင်းရန်အတွက် ကိုယ်တော်၏ ခံတွင်းမှ ထက်သောသန်လျက် ထွက်တော်မူ၏။ ကိုယ်တော်သည် ထိုသူရို့ကို သံလှံတံဖြင့် အုပ်စိုးတော်မူလိမ့်မည်။ သူသည်အနန္တတန်ခိုးသျှင် ဘုရားသခင်၏ ပြင်းစွာသော အမျက်တော်တည်းဟူသော စပျစ်သီးနယ်ရာကျင်းကို နင်းတော်မူလိမ့်မည်။
ထို့ကြောင့် နောင်တရလော့။ နောင်တ မရလျှင် မကြာခင် ငါလာ၍ ထိုသူရို့အား ငါ၏ ခံတွင်းမှ ထွက်သောသန်လျက်နှင့် တိုက်ခိုက်မည်။
ထို့နောက် သူရို့အား လမ်းလွဲစီသောသူ မာရ်နတ်သည်လည်း ကန့်နှင့်ရောသော မီးအိုင်ထဲသို့ ပစ်ချခြင်းကို ခံရလေ၏။ မှားယွင်းသော ပရောဖက်ရို့သည် သားရဲနှင့်တကွ ထိုအိုင်ထဲသို့ ပစ်ချခြင်းကို ခံရပြီးဖြစ်၏။ သူရို့သည် ကမ္ဘာအဆက်ဆက် နိ့ညမပြတ် ညှည်းပန်းနှိပ်စက်ခြင်းကို ခံရကြလတ္တံ့။