၂ သက်သာလောနိတ် 2:16 - ဓမ္မသစ်ကျမ်း ရခိုင်ဘာသာစကား16 ငါရို့၏အသျှင် ယေသျှုခရစ် ကိုယ်တော်တိုင်နှင့် ငါရို့ကို ချစ်တော်မူ၍ ကောင်းမြတ်သည့် မျှော်လင့်ခြင်းနှင့် ထာဝရနှစ်သိမ့်ခြင်းကို မိမိ၏ကျေးဇူးတော်အားဖြင့် ပီးသနားတော်မူသော ငါရို့၏အဖ ဘုရားသခင်သည်၊ အခန်းကိုကြည့်ပါ။ |
ထို့နောက် အာပေါလုက အခါယနယ်သို့ လားရန် ဆုံးဖြတ်လိုက်သောကြောင့် ဧဖက်မြို့မှ ယုံကြည်သူများက အခါယနယ်မှာ ဟိကြသော ယုံကြည်သူများထံသို့ သူ့အား ကြိုဆိုလက်ခံကြစီခြင်းငှာ တိုက်တွန်းစာရီး၍ ထိုသူကို ကူညီလိုက်ကြ၏။ အာပေါလု ရောက်လားသောအခါ သူသည် ဘုရားသခင်၏ကျေးဇူးတော်အားဖြင့် ယုံကြည်သူ ဖြစ်လာကြသောသူများအတွက် ကြီးမားသော အကူအညီတစ်ခု ဖြစ်လေ၏။
ထို့ကြောင့် ကတိတော်သည် အာဗြဟံ၏ အမျိုးအနွယ်အားလုံးကို ဘုရားသခင်၏အခမဲ့ လက်ဆောင်အဖြစ်ဖြင့် အာမခံဟိစီခြင်းငှာ ယုံကြည်ခြင်းပေါ်တွင် အခြေခံထားခြင်းဖြစ်၏။ ထိုကတိတော်သည် ပညတ်တရားကို ကျင့်သောသူတိ အတွက် မဟုတ်၊ အာဗြဟံကဲ့သို့ ယုံကြည်သောသူတိ အတွက် ဖြစ်၏။ အာဗြဟံသည်ကား ငါရို့ယုံကြည်သူအားလုံး၏ ယုံကြည်ခြင်းဖခင် ဖြစ်၏။
သစ္စာဟိသော သက်သီခံ၊ သီခြင်းမှ ဦးစွာပထမ ရှင်ပြန်ထမြောက်တော်မူသော၊ လောကီသျှင်ဘုရင်တိကို အစိုးရတော်မူသော ယေသျှုခရစ်တော်ထံပါးမှ လည်းကောင်း၊ ကျေးဇူးတော်နှင့် ငြိမ်သက်ခြင်းသည် သင်ရို့၌ ဟိပါစီသောဝ်။ ထိုသူသည် ငါရို့ကို ချစ်တော်မူ၍ မိမိ၏အသွီးတော်အားဖြင့် ငါရို့၏ အပြစ်တရားမှ ငါရို့အား လွတ်မြောက်စီတော်မူပြီးလျှင်၊