၂ သက်သာလောနိတ် 2:13 - ဓမ္မသစ်ကျမ်း ရခိုင်ဘာသာစကား13 သခင်ဘုရား ချစ်တော်မူသော ညီအစ်ကိုမောင်နှမရို့၊ ငါရို့သည် သင်ရို့အတွက် အစဉ်မပြတ် ဘုရားသခင်ကို ချီးမွမ်းကြရ၏။ အကြောင်းမူကား ဝိညာဉ်တော်၏ တန်ခိုးအားဖြင့် သန့်ယှင်းခြင်းကို ခံရ၍ သမ္မာတရား၌ ယုံကြည်ခြင်းအားဖြင့် ကယ်တင်ခြင်းရဟိရန်အတွက် ဘုရားသခင်သည် သင်ရို့အား ဦးစွာပထမ ရွီးကောက်တော်မူ၏။ အခန်းကိုကြည့်ပါ။ |
သို့ရာတွင် ဘုရားသခင် ရွီးချယ်ထားသော သားတစ်ယောက်သာ ဘုရားသခင်၏ အလိုတော်နှင့် ဆိုင်၏။ “သားကြီးသည် သားငယ်၌ ကျွန်ခံရလိမ့်မည်” ဟု ထိုမိန်းမအား ဘုရားသခင် ဗျာဒိတ် ပီးထားတော်မူ၏။ သူရို့ကို မမွီးဖွားခင်၊ ထိုသားတိသည် ကောင်းသောအကျင့်၊ မကောင်းသောအကျင့်ကို မကျင့်ခင်ကပင် ဘုရားသခင်က ဤသို့ မိန့်တော်မူထားပြီး ဖြစ်၏။ ထို့ကြောင့် ဘုရားသခင် ရွီးကောက်တော်မူခြင်းသည် ခေါ်တော်မူခြင်းနှင့်သာ ဆိုင်၏၊ သူရို့၏အကျင့်နှင့် မဆိုင်။
အကြောင်းမူကား လူသည် မိမိကိုယ်ပိုင် ဉာဏ်ပညာဖြင့် ဘုရားသခင်အား မသိနိုင်စီခြင်းငှာ ဘုရားသခင်သည် မိမိ၏ဉာဏ်ပညာတော်ဖြင့် စီရင်တော်မူ၏။ “အချည်းနှီးသော” တရားဖြစ်သည်ဟု လူရို့ထင်မှတ်ထားသော ငါရို့ဟောပြောသော သတင်းကောင်းတရားအားဖြင့် ဘုရားသခင်သည် မိမိအား ယုံကြည်သူရို့ကို ကယ်တင်တော်မူခြင်းငှာ စိတ်ပိုင်းဖြတ်တော်မူလေ၏။
ညီအစ်ကိုမောင်နှမရို့၊ သင်ရို့ကို အကြောင်းပြု၍ ငါရို့သည် ဘုရားသခင်အား ကျေးဇူးတော်ကို အစဉ်မလတ် ချီးမွမ်းကြရ၏။ ထိုသို့ ကျေးဇူးတော်ချီးမွမ်းခြင်းသည် ငါရို့ အတွက် အလွန်သင့်မြတ်၏။ အကြောင်းမူကား သင်ရို့၏ ယုံကြည်ခြင်းသည် အလွန် ကြီးထွားလျက် သင်ရို့သည် အချင်းချင်း တစ်ယောက်ကိုတစ်ယောက် ချစ်သော မေတ္တာသည်လည်း သာ၍ တိုးပွား လာသောကြောင့် ဖြစ်၏။