11 ထိုသို့အလို့ငှာ ဘုရားသခင်က သူရို့သည် မုသာကို ယုံကြည်ကြစီရန် သူရို့ပါးသို့ လှည့်ဖြားတတ်သောတန်ခိုးကို စီရွှတ်တော်မူ၏။
မိစ္ဆာပရောဖက် များစွာ ပေါ်လာပြီး လူများစွာကို လှည့်ဖျားကြလိမ့်မည်။
အကြောင်းမူကား လူများစွာရို့က ‘ငါသည် မေသျှိယဖြစ်၏’ ဟု ဆိုလျက် ငါ၏နာမဖြင့် ရောက်လာကြပြီးလျှင် လူများစွာတိကို လှည့်စားကြလိမ့်မည်။
ထိုသူရို့သည် စိတ်ထဲ၌ ဘုရားသခင်၏ မှန်သော အသိပညာကို လက်မခံကြသောကြောင့် ဘုရားသခင်သည် သူရို့အား မပြုအပ်သော အမှုကို ပြုစီခြင်းငှာ ယုတ်ညံ့သောစိတ်သို့ အပ်လိုက်တော်မူ၏။
ငါရို့သည် မှားယွင်းခြင်း၊ ညစ်ညူးခြင်းနှင့် လှည့်ဖျားခြင်းအားဖြင့် သင်ရို့အား တိုက်တွန်းနိုးဆော်နိန်ကြသည်မဟုတ်။
နောင်ကာလ၌ တချို့သောလူရို့သည် လိမ်လည်လှည့်ဖျားသော ဝိညာဉ်များနှင့် နတ်ဆိုးများ၏သွန်သင်မှုများ နောက်သို့ လိုက်ပါလျက် မိမိရို့၏ယုံကြည်ခြင်းကို စွန့်ကြလိမ့်မည်ဟု ဝိညာဉ်တော်က အတိအလင်း မိန့်တော်မူ၏။
သူရို့သည် သမ္မာတရားကို ကြားနာခြင်းငှာ ငြင်းပယ်၍ ဒဏ္ဍာရီစကားများကိုသာ အာရုံစိုက် နားထောင်ကြလိမ့်မည်။