၂ သက်သာလောနိတ် 2:1 - ဓမ္မသစ်ကျမ်း ရခိုင်ဘာသာစကား1 ညီအစ်ကိုမောင်နှမရို့၊ ငါရို့၏အသျှင် ယေသျှုခရစ်တော် ကြွလာတော်မူခြင်းအကြောင်းနှင့်ပတ်သက်၍ လည်းကောင်း၊ ကိုယ်တော်နှင့်အတူဟိရန် ငါရို့ စုရုံးရခြင်း အကြောင်းနှင့်ပတ်သက်၍ လည်းကောင်း၊ အခန်းကိုကြည့်ပါ။ |
သို့ဖြစ်၍ ငါ၏ညီအစ်ကို မောင်နှမရို့၊ ဘုရားသခင် နှစ်သက်တော်မူခြင်းငှာ လည်းကောင်း၊ ဘုရားသခင်၏အမှုတော်မြတ်ကို ဆောင်ရွက်ရာ၌လည်းကောင်း သင်ရို့၏ခန္ဓာကိုယ်ကို သန့်ရှင်း၍ ဘုရားသခင်နှစ်သက်တော်မူသော အသက်ရှင်သည့် ပူဇော်သကာအဖြစ် ဆက်ကပ်ပူဇော်ကြခြင်းငှာ ဘုရားသခင်၏ ကရုဏာတော်အားဖြင့် သင်ရို့ကို ငါ တောင်းပန်လိုက်ပါ၏။ ဤကား သင်ရို့ပြုရမည့် စစ်မှန်သော ကိုးကွယ်ဝတ်ပြုခြင်းဖြစ်၏။
နောက်ဆုံးအနေဖြင့်ဆိုရလျှင် ညီအစ်ကိုမောင်နှမရို့၊ သင်ရို့ကို ဘုရားသခင် နှစ်သက်တော်မူစီရန် မည်သို့ အသက်ရှင်နီထိုင်ရမည်ကို သင်ရို့အား ငါရို့ သွန်သင်ပြီး ဖြစ်၏။ သင်ရို့သည် ငါရို့ သွန်သင်ခသည်အတိုင်း အသက်ရှင်နီထိုင်ကြ၏။ အဂုတွင် ပို၍ ကြိုးစားအားထုတ်ကြရန် ငါရို့သည် အသျှင်ယေသျှု၏ နာမတော်၌ သင်ရို့အား တိုက်တွန်းနှိုးဆော်လျက် တောင်းပန်ကြ၏။
ညီအစ်ကိုမောင်နှမရို့၊ သင်ရို့ကို အကြောင်းပြု၍ ငါရို့သည် ဘုရားသခင်အား ကျေးဇူးတော်ကို အစဉ်မလတ် ချီးမွမ်းကြရ၏။ ထိုသို့ ကျေးဇူးတော်ချီးမွမ်းခြင်းသည် ငါရို့ အတွက် အလွန်သင့်မြတ်၏။ အကြောင်းမူကား သင်ရို့၏ ယုံကြည်ခြင်းသည် အလွန် ကြီးထွားလျက် သင်ရို့သည် အချင်းချင်း တစ်ယောက်ကိုတစ်ယောက် ချစ်သော မေတ္တာသည်လည်း သာ၍ တိုးပွား လာသောကြောင့် ဖြစ်၏။