၂ သက်သာလောနိတ် 1:7 - ဓမ္မသစ်ကျမ်း ရခိုင်ဘာသာစကား7 ဆင်းရဲဒုက္ခ ရောက်လျက်ဟိသော သင်ရို့သည်လည်း ငါရို့နည်းတူ သက်သာခြင်း ရစီတော်မူလိမ့်မည်။ အသျှင်ယေသျှုသည် မိမိ၏ တန်ခိုးကြီးသော ကောင်းကင်တမန်တိ ခြံရံလျက် မီးလျှံနန့်တကွ ကောင်းကင်မှ ထင်ရှားလာသောအခါ ဤအမှုအရာများသည် ဖြစ်လာလိမ့်မည်။ အခန်းကိုကြည့်ပါ။ |
အကြောင်းမူကား ကောင်းကင်ဘုံနှင့် မြီကြီးထက်တွင် ဟိသမျှသော မြင်ရသည့်အရာနှင့် မမြင်ရသည့်အရာများဖြစ်စီ၊ ရာဇပလ္လင်များဖြစ်စီ၊ အသျှင်သခင်များဖြစ်စီ၊ အုပ်ချုပ်သူများနှင့် အာဏာပိုင်များဖြစ်စီ စသည့် ခပ်သိမ်းသောအရာများကို သားတော်အားဖြင့် ဖန်ဆင်းတော်မူ၏။ ဘုရားသခင်သည် ထိုသားတော်အားဖြင့် လည်းကောင်း၊ ထိုသားတော်အတွက် လည်းကောင်း စကြဝဠာတစ်ခုလုံးကို ဖန်ဆင်းတော်မူ၏။
သောဒုံမြို့၊ ဂေါမောရမြို့နှင့် ထိုမြို့များ၏ ပတ်ဝန်းကျင်၌ဟိသော မြို့များကို သတိရကြလော့။ ထိုမြို့များမှ မြို့သူမြို့သားရို့သည် အဆိုပါ ကောင်းကင်တမန်တိကဲ့သို့ ကာမဂုဏ်လိုက်စား၍ သဘာဝနှင့်ဆန့်ကျင်သည့် အပျော်အပါးကို လိုက်စားခကြ၏။ သူရို့အား ယှင်းလင်းပြတ်သားစွာ သတိပီးသည့်အနိန်ဖြင့် သူရို့အားလုံးသည် ထာဝရမီးထဲတွင် အပြစ်ဒဏ်ကို ခံရကြ၏။
တဖန် “ရီးမှတ်ထားလော့။ ယခုအချိန်မှစ၍ သခင်ဘုရား၌ သီလွန်သောသူရို့သည် မင်္ဂလာဟိကြ၏” ဟု ဆိုသော ကောင်းကင်မှ အသံကို ငါကြားရ၏။ ဝိညာဉ်တော်ကလည်း “အမှန်ပင်ဖြစ်၏။ သူရို့သည် ဆင်းရဲပင်ပန်းစွာ လုပ်ဆောင်ခြင်းမှ အနားယူခွင့်ကို ရဟိကြလိမ့်မည်။ အကြောင်းမူကား သူရို့၏ လုပ်ဆောင်သောအကျိုးသည် သူရို့နှင့်အတူ လိုက်ပါလျက် ဟိသောကြောင့်ဖြစ်၏” ဟု မိန့်တော်မူ၏။