Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




၂ သက်သာလောနိတ် 1:6 - ဓမ္မသစ်ကျမ်း ရခိုင်ဘာသာစကား

6 ဘုရားသခင်သည် ဖြောင့်မတ်စွာ စီရင်တော်မူသောအသျှင် ဖြစ်တော်မူသည့်အတိုင်း သင်ရို့ကို ဒုက္ခရောက်စီသော သူရို့အား ဒုက္ခ ရောက်စီတော်မူလိမ့်မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ




၂ သက်သာလောနိတ် 1:6
18 ပူးပေါင်းရင်းမြစ်များ  

မတရားသောအမှုကို ပြုသောသူသည် မိမိပြုသော မတရားမှု၏အကျိုးကို ခံစားကြရလိမ့်မည်။ သို့ဖြစ်၍ မျက်နှာသာ ပီးခြင်းကို ဇာသူလေ့ မခံရ။


ဘုရားသခင်သည် တရားမျှတမှုမဟိသော အသျှင်မဟုတ်ပေ။ သင်ရို့ဆောင်ရွက်ခသောအမှုကို လည်းကောင်း၊ အခြားသော ခရစ်ယာန်ညီအစ်ကိုများ ကူညီမစခြင်းအားဖြင့် ကိုယ်တော်သျှင်အား ပြသသော သင်ရို့၏ချစ်ခြင်းမေတ္တာကို လည်းကောင်း ဘုရားသခင်သည် မိ့လျော့လိမ့်မည် မဟုတ်ပေ။


ကိုယ်တော်၏ အမျက်တော်သက်ရောက်ရာ ကာလသည် လည်းကောင်း၊ သီလွန်သောသူရို့ကို တရားစီရင်တော်မူရာ ကာလသည် လည်းကောင်း ယခုအခါ ကျရောက်လာသည်ဖြစ်၍ မယုံကြည်သောသူအပေါင်းရို့သည် အမျက်ထွက်ကြပါ၏။ ကိုယ်တော်၏ အစီခံများဖြစ်ကြသော ပရောဖက်ရို့၊ ဘုရားသခင်၏လူရို့၊ ကိုယ်တော့်ကို ကြောက်ရွံ့ရိုသီသောသူရို့ အကြီးအငယ်ရို့ကို ဆုလာဘ်ပီးရန် အချိန်ရောက်လာပြီဖြစ်၏။ ကမ္ဘာမြီကြီးကို ဖျက်ဆီးသောသူရို့အား ဖျက်ဆီးခြင်းငှာ အချိန်ကာလသည်လည်း ရောက်ဟိလာပြီဖြစ်၏” ဟု လျှောက်ထားကြ၏။


အို ဘုရားသခင်၊ ကိုယ်တော်အား မကြောက်ရွံ့ မရိုသီ၊ မချီးမွမ်းဘဲ ဇာသူနိန်နိုင်ပါမည်နည်း။ ကိုယ်တော်တစ်ပါးတည်းသာလျှင် သန့်ယှင်းမြင့်မြတ်တော်မူပါ၏။ ကိုယ်တော်ပြုတော်မူသော အမှုများသည် ဖြောင့်မတ်မှန်ကန်ကြောင်း ပေါ်လွင်ထင်ရှားသဖြင့် လူမျိုးတကာရို့သည် ရှိ့တော်သို့ လာ၍ ပျပ်ဝပ်လျက် ချီးမွမ်းကိုးကွယ်ကြပါလိမ့်မည်” ဟူ၍ ဖြစ်၏။


ကောင်းကင်ဘုံသားရို့၊ ထိုမြို့ ပျက်စီးသည့်အတွက် ဝမ်းမြောက်ကြလော့။ ဘုရားသခင်၏လူများ၊ တမန်တော်များ၊ ပရောဖက်များ ဝမ်းမြောက်ကြလော့။ အကြောင်းမူကား ထိုမြို့သည် သင်ရို့အား ပြုခသမျှအတွက် ဘုရားသခင်သည် ထိုမြို့ကို ပြစ်ဒဏ်စီရင်တော်မူယာ။


ဗာဗုလုန်မြို့ အပြစ်ဒဏ်ခံရသည်မှာ ထိုမြို့တွင် ပရောဖက်ရို့၏ အသွီး၊ ဘုရားသခင်၏လူရို့၏ အသွီး၊ မြီကြီးထက်တွင် အသတ်ခံရသော သူအပေါင်းရို့၏ အသွီးများကို တွိ့ဟိရသော ကြောင့်ဖြစ်၏။


ကိုယ်တော်၏ တရားစီရင်တော်မူချက်ရို့သည် မှန်ကန်ပြီး ဖြောင့်မတ်ပါ၏။ မိမိ၏ ကာမဂုဏ်ဖြင့် မြီကြီးသားရို့အား ဖောက်ပြန်ပျက်စီးစီသော ပြည့်တန်ဆာမကြီးကို ကိုယ်တော်သည် ပြစ်ဒဏ်ပီးတော်မူ၏။ ကိုယ်တော်၏ အစီခံရို့ကို သတ်ခသောကြောင့် ကိုယ်တော်သည် ထိုမိန်းမအား ဒဏ်ခတ်တော်မူယာ” ဟု ကြွေးကြော်ကြ၏။


ထိုဝိညာဉ်များက “သန့်ယှင်းဖြောင့်မှန်တော်မူသော အနန္တတန်ခိုးသျှင်၊ အကျွန်ရို့အား သတ်ဖြတ်ခသည့် အပြစ်အတွက် လောကီသားရို့အား ဇာကာလတိုင်အောင် တရားမစီရင်၊ အပြစ်ဒဏ်မပီးဘဲ နိန်တော်မူမည်နည်း” ဟု ကျယ်သောအသံဖြင့် ဟစ်အော်ကြ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ