၂ သက်သာလောနိတ် 1:5 - ဓမ္မသစ်ကျမ်း ရခိုင်ဘာသာစကား5 သင်ရို့သည် ဆင်းရဲဒုက္ခ ခံနေရကြသည်ဖြစ်၍ ဘုရားသခင်၏ နိုင်ငံတော်နှင့် ထိုက်တန်သောသူတိ ဖြစ်ကြသည်ကို လည်းကောင်း၊ ဘုရားသခင်၏ တရားစီရင်တော်မူချက်သည် ဖြောင့်မတ်သည်ကို လည်းကောင်း ဤအရာအားလုံးသည် သက်သီပြလျက်ဟိ၏။ အခန်းကိုကြည့်ပါ။ |
ထိုအခါ ပေါလုနှင့် ဗာနဗ ရို့က “ငါရို့သည် သင်ရို့အား ဘုရားသခင်၏ နှုတ်ကပတ်တော်ကို အဦးဆုံး ပြောပြလိုပါ၏။ သို့သော်လည်း သင်ရို့သည် ထာဝရအသက်ကို တန်ဖိုးမထားဘဲ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ငြင်းပယ်ကြသောကြောင့် ငါရို့သည် သင်ရို့ကို ထားခပြီးလျှင် အခြားလူမျိုးတိပါးသို့ ခရီးဆက်ကြရမည်ဟု ရဲရင့်ပြတ်သားစွာ ထုတ်ဖော်ပြောဆိုကြလေ၏။
အို ဘုရားသခင်၊ ကိုယ်တော်အား မကြောက်ရွံ့ မရိုသီ၊ မချီးမွမ်းဘဲ ဇာသူနိန်နိုင်ပါမည်နည်း။ ကိုယ်တော်တစ်ပါးတည်းသာလျှင် သန့်ယှင်းမြင့်မြတ်တော်မူပါ၏။ ကိုယ်တော်ပြုတော်မူသော အမှုများသည် ဖြောင့်မတ်မှန်ကန်ကြောင်း ပေါ်လွင်ထင်ရှားသဖြင့် လူမျိုးတကာရို့သည် ရှိ့တော်သို့ လာ၍ ပျပ်ဝပ်လျက် ချီးမွမ်းကိုးကွယ်ကြပါလိမ့်မည်” ဟူ၍ ဖြစ်၏။