၂ သက်သာလောနိတ် 1:3 - ဓမ္မသစ်ကျမ်း ရခိုင်ဘာသာစကား3 ညီအစ်ကိုမောင်နှမရို့၊ သင်ရို့ကို အကြောင်းပြု၍ ငါရို့သည် ဘုရားသခင်အား ကျေးဇူးတော်ကို အစဉ်မလတ် ချီးမွမ်းကြရ၏။ ထိုသို့ ကျေးဇူးတော်ချီးမွမ်းခြင်းသည် ငါရို့ အတွက် အလွန်သင့်မြတ်၏။ အကြောင်းမူကား သင်ရို့၏ ယုံကြည်ခြင်းသည် အလွန် ကြီးထွားလျက် သင်ရို့သည် အချင်းချင်း တစ်ယောက်ကိုတစ်ယောက် ချစ်သော မေတ္တာသည်လည်း သာ၍ တိုးပွား လာသောကြောင့် ဖြစ်၏။ အခန်းကိုကြည့်ပါ။ |
သို့ဖြစ်၍ ငါရို့သည် ဘုရားသခင်က သတ်မှတ်ပီးထားသည့် အလုပ်ကို ကျော်လွန်၍ သူတစ်ပါး၏ လုပ်ဆောင်ချက်များအတွက် ဂုဏ်ယူဝါကြွားခြင်း မဟိပေ။ သို့သော် သင်ရို့၏ ယုံကြည်ခြင်း ကြီးထွားလာသည်နှင့်အမျှ ငါရို့အတွက် ဘုရားသခင် သတ်မှတ်ပီးတော်မူသည့် နယ်ပယ်အတွင်း သင်ရို့ပါးတွင် အမှုတော်ကို ပိုမို ကျယ်ပြန့်စွာ ဆောင်ရွက်နိုင်ရန် ငါရို့ မျှော်လင့်၏။
သင်ရို့ကို ငါသည် အစဉ်အမြဲ အောက်မိ့၏။ သို့ဖြစ်၍ ငါသည် သင်ရို့နှင့်ပတ်သက်၍ ထိုသို့ သဘောထား၏။ ငါသည် ယခု အကျဉ်းခံရသော အရာ၌ လည်းကောင်း၊ ဧဝံဂေလိတရားကို လွတ်လပ်စွာ ကာကွယ်၍ ထိုတရားကို ခိုင်ခံ့စွာ တည်စီသော်လည်းကောင်း ငါနှင့်အတူ ကျေးဇူးတော်ကို မျှဝီခံစားသောသူများ ဖြစ်ကြသဖြင့် သင်ရို့အားလုံးသည် ငါ၏စိတ်နှလုံး၌ ဟိကြ၏။
နောက်ဆုံးအနေဖြင့်ဆိုရလျှင် ညီအစ်ကိုမောင်နှမရို့၊ သင်ရို့ကို ဘုရားသခင် နှစ်သက်တော်မူစီရန် မည်သို့ အသက်ရှင်နီထိုင်ရမည်ကို သင်ရို့အား ငါရို့ သွန်သင်ပြီး ဖြစ်၏။ သင်ရို့သည် ငါရို့ သွန်သင်ခသည်အတိုင်း အသက်ရှင်နီထိုင်ကြ၏။ အဂုတွင် ပို၍ ကြိုးစားအားထုတ်ကြရန် ငါရို့သည် အသျှင်ယေသျှု၏ နာမတော်၌ သင်ရို့အား တိုက်တွန်းနှိုးဆော်လျက် တောင်းပန်ကြ၏။