13 သို့ရာတွင် ငါရို့သည် ဘုရားသခင်၏ ကတိထားတော်မူသော ဖြောင့်မတ်ခြင်းတရား ကိန်းဝပ်ရာ ကောင်းကင်သစ်နှင့် မြီကြီးသစ်ကို စောင့်မျှော်လျက် နိန်ကြ၏။
အကြောင်းမှာ ဖန်ဆင်းခံလောက ကိုယ်တိုင် ပျက်စီးခြင်း၏ကျွန်အဖြစ်မှ လွတ်မြောက်၍ ဘုရားသခင်သားသမီးရို့၏ ဘုန်းတန်ခိုးတော်နှင့် လွတ်မြောက်ခြင်းချမ်းသာထဲသို့ ဝင်စားရမည်ဖြစ်သောကြောင့် ဖြစ်၏။
ဤနည်းအားဖြင့် ကတိထားတော်မူသော အလွန်ကြီးမြတ်၍ အဖိုးထိုက်သည့် ဆုကျေးဇူးများကို ကိုယ်တော်သည် ငါရို့အား ပီးတော်မူ၏။ ထို ဆုကျေးဇူးအားဖြင့် သင်ရို့သည် ဤလောက၌ဟိသော ပျက်စီးတတ်သည့် ကိလေသာတပ်မက်ခြင်းမှ လွတ်မြောက်၍ ဘုရားပကတိအဖြစ်တော်ကို မျှဝီခံစားကြရ၏။
ထို့နောက် ကောင်းကင်သစ်နှင့် မြီကြီးသစ်ကို ငါ မြင်ရ၏။ ယခင်က ကောင်းကင်နှင့် မြီကြီးကား ပျောက်ကွယ်လားလေယာ။ ပင်လယ်သမုဒ္ဒရာသည်လည်း မဟိယာ။
သို့ရာတွင် မစင်ကြယ်သည့်ဇာအရာမျှ ထိုမြို့တွင်းသို့ ဝင်ရလိမ့်မည်မဟုတ်။ စက်ဆုပ်ရွံဖွယ်ကောင်းသော အမှုကို ပြုသောသူ၊ လိမ်လည်ပြောဆိုသောသူ မှန်သမျှသည်လည်း ဝင်ခွင့်ရလိမ့်မည် မဟုတ်။ သိုးသူငယ်တော်၏ အသက်စာစောင် စာရင်း၌ ပါသောသူများသာလျှင် ဝင်ရကြလိမ့်မည်။