Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




၂ ပေတရု 2:2 - ဓမ္မသစ်ကျမ်း ရခိုင်ဘာသာစကား

2 များစွာသောလူရို့သည် ကာမဂုဏ်​လိုက်စား​ခြင်း​နောက်​သို့ လိုက်ကြပြီး သမ္မာတရားကို ကဲ့ရဲ့ပြောဆို ကြလိမ့်မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ




၂ ပေတရု 2:2
36 ပူးပေါင်းရင်းမြစ်များ  

ထို့ကြောင့် သူရို့သည် မိမိ၏တပည့်တိနှင့် ဟေရုဒ်၏လူရို့ကို ကိုယ်တော်ပါးသို့ စီရွှတ်လိုက်ကြ၏။ သူရို့က “ဆရာ ကိုယ်တော်သည် ဇာသူတစ်ယောက်၏ အဆင့်အတန်းကိုလည်း စိတ်မဝင်းစားသည်ဖြစ်၍ တခြားလူတိ၏ ထင်မြင်ချက်ကို စိုးရိမ်စိတ် မဟိဘဲ လူတိအား ဘုရားသခင်အလိုတော်နှင့် ဆိုင်သော သမ္မာတရားကို သွန်သင်ပီးပါ၏။ ကိုယ်တော်သည် သမ္မာတရားကို ဟောကြားတော်မူသည်ကို အကျွန်ရို့ သိကြပါ၏။


အကြောင်းမူကား မေသျှိယအယောင်ဆောင်တိ၊ ပရောဖက်အယောင်ဆောင်တိ ပေါ်လာ၍ ဖြစ်နိုင်လျှင် ရွီးကောက်ထားသောသူတိကိုပင် လှည့်ဖျားနိုင်ခြင်းငှာ အံ့ဩဖွယ်ရာများ၊ ကြီးမားသောနိမိတ်လက္ခဏာများကို ပြကတ်လိမ့်မည်။


သို့သော်လည်း အသက်ရှင်ခြင်းသို့ ရောက်သောတန်းခါးဝသည် အလွန်ကျဉ်း၍ ထိုအရပ်သို့ ဦးတည်သောလမ်းသည် အလွန် ခက်ခဲ၏။ ထို့ကြောင့် ထိုလမ်းကို တွိ့၍ လားသောသူ အလွန် နည်း၏။


သူရို့သည် အထံတော်သို့ လာကြပြီးလျှင် “ဆရာ၊ ဆရာက လူတိ ဇာပိုင် ထင်မှတ်ထင်မှတ်၊ ဂရုမစိုက်ဘဲ၊ မှန်သောစကားကိုသာ ပြောတတ်ပါ၏။ လူ့မျက်နှာကို မထောက်ဘဲ၊ ဘုရားသခင်၏တရားလမ်းကို အမှန်အတိုင်း သွန်သင်တော်မူကြောင့်ကို အကျွန်ရို့ သိကြပါ၏။ ယင်းအတွက်ကြောင့် အကျွန်ရို့သည် ရောမဧကရာဇ်မင်းအား အခွန်ဆက်အပ်သလော၊ မဆက်အပ်သလော ဆိုသည်ကို ပြောပြပါ” ဟု ပရိယာယ်ဆင်၍ မိန်းလျှောက်တော်မူ၏။


အကြောင်းမှုကား၊ မေသျှိယ အကွန်ဆောင်နှင့် မိစ္ဆာပရောဖက်များသည် ပေါ်လာကြလိမ့်မည်။ သူရို့သည် ဖြစ်နိုင်လျှင် ဘုရားသခင် ရွီးချယ်ထားသော သူရို့ကိုပင် လှည့်စားနိုင်ခြင်းငှာ အံ့ဖွယ်သော အမှုအရာတိနှင့် နိမိတ်လက္ခဏာတိကို ပြကြလိမ့်မည်။


ယေသျှုကလည်း၊ “ငါသည် လမ်းခရီးဖြစ်၏။ သမ္မာတရားလည်း ဖြစ်၏။ အသက်လည်း ဖြစ်၏။ ငါ့ကို အမှီမပြုလျှင် ခမည်းတော်ထံသို့ တစ်ယောက်မျှ မရောက်နိုင်။


“သင်သည်ကား မာရ်နတ်၏သား၊ ဖြောင့်မတ်ခြင်းတရား ဟူသမျှ၏ ရန်သူ ဖြစ်၏။ သင်သည် ကောက်ကျစ်ယုတ်မာသော ပရိယာယ်အမျိုးမျိုးဖြင့် သခင်ဘုရား၏ သမ္မာတရား တိကို လှည့်ဖြားခြင်းငှာ အစဉ်မပြတ် ကြိုးစားနိန်သည်တကား။


သို့ရာတွင် ယုံကြည်ခြင်းကို ငြင်းပယ်သော ယုဒလူမျိုးတိက ယုံကြည်သူတိအား ဆန့်ကျင်တိုက်ခိုက်ရန် တခြားလူမျိုးရို့၏ စိတ်ကို လှုံ့ဆော်ပီးကြ၏။


ထိုအခါ ထိုမိန်းမချေက “ဤသူရို့သည် အမြင့်ဆုံးသော ဘုရားသခင်၏ အမှုတော်ဆောင်များ ဖြစ်ကြပြီး၊ သင်ရို့အား ကယ်တင်ခြင်းလမ်းကို ဟောပြောနိန်သောသူများဖြစ်ကြ၏” ဟု အော်ဟစ်၍ ပေါလုနှင့် ငါရို့နောက်က လိုက်ပါလာ၏။


ထိုသူသည် တရားဇရပ်၌ ရဲရင့်စွာဖြင့် ဟောပြောခြင်းငှာ စတင်လေ၏။ ပြစ်ကိလနှင့် အာကုလရို့သည် သူဟောပြောသည်ကို ကြားသောအခါ ထိုသူ့ကို မိမိရို့အိမ်သို့ ခေါ်ယူ၍ ဘုရားသခင်၏တရားလမ်းကို သာ၍ မှန်ကန်စွာ သိစီခြင်းငှာ သူ့အား ယှင်းပြကြ၏။


သို့ရာတွင် သူရို့အထဲက လူတချို့ရို့သည် ဂေါင်းမာပြီး မယုံကြည်သဖြင့် လူအပေါင်းရို့ရှိ့တွင် သခင်ဘုရား၏ သွန်သင်ချက်ကို လှောင်ပြောင်ပြောဆိုကြ၏။ သို့ဖြစ်၍ ပေါလုသည် ယုံကြည်သူရို့ကို ခေါ်၍ ထိုလူအပေါင်းရို့ ပါးမှ ထွက်ပြီး တုရန္နု၏စာသင်ခန်းမ၌ နိ့စဉ်နိ့တိုင်း ဆွေးနွေးခြင်းကို ပြုလျက်နိန်၏။


ငါသည် ဤသွန်သင်ချက်ကို လိုက်လျှောက်သောသူရို့ကို သီဆုံးသည်ထိတိုင်အောင် ညှည်းဆဲခပြီးလျှင် ယောက်ျား၊ မိန်းမရို့ကိုလည်း ဖမ်းဆီး၍ ထောင်ထဲ၌ ချထားခပါ၏။


အကျွန်သည် အသျှင်၏ ရှိ့တော်၌ ဝန်ခံလိုသည်မှာ၊ သူရို့က လွဲမှားသည်ဟု ခံယူထားသော လမ်းစဉ်အတိုင်း အကျွန်ရို့အဖိုးအဖီးရို့၏ ဘုရားသခင်ကို ကိုးကွယ်ပါ၏။ သို့သော်လည်း အကျွန်သည် မောသျှေ၏ပညတ်ကျမ်းနှင့် ပရောဖက်ကျမ်းများတွင် ရီးသားထားသမျှကိုလည်း ယုံကြည်ပါ၏။


“သင်ရို့ ယုဒလူမျိူးကြောင့် တခြားလူမျိုးရို့သည် ဘုရားသခင်ကို ကဲ့ရဲ့ပြောဆိုကြ၏” ဟု ကျမ်းစာလာ၏။


သို့ဖြစ်၍ ရန်သူတိသည် ငါရို့ကို အပြစ်ပြောခွင့် မဟိစီခြင်းငှာ အသက်အရွယ်ငယ်သော မုဆိုးမရို့သည် အိမ်ထောင်ပြု၍ သားသမီး မွီးဖွားကာ မိမိရို့၏အိမ်မှုကိစ္စများကို စောင့်ထိန်းနိန်ကြရန် ငါ လိုလား၏။


ဣန္ဒြေစောင့်သောသူ၊ စင်ကြယ်သောသူ၊ အိမ်မှုကိစ္စများကို ဆောင်ရွက်သောသူ၊ ကြင်နာတတ်သောသူ၊ မိမိလင်ယောက်ျားရို့ကို နာခံတတ်သည့် ကောင်းမြတ်သော အိမ်သျှင်မတိ ဖြစ်လာကြစီရန် သွန်သင်နိုင်ကြမည် ဖြစ်သည့်အပြင် ဘုရားသခင်၏နှုတ်ကပတ်တော်ကိုလည်း ကဲ့ရဲ့ပြောဆိုခြင်းမှ ကင်းလွတ်ကြပေလိမ့်မည်။


အပြစ်တင်ခြင်းနှင့် ကင်းသည့် မှန်သောစကားကိုသာ ပြောဆိုလော့။ သို့မှသာလျှင် သင်အား ဆန့်ကျင်ဘက်ပြုသောသူသည် ငါရို့နှင့်ပတ်သက်၍ မကောင်းသောစကား တစ်ခွန်းကိုမျှ မပြောနိုင်ကြဘဲ အရှက်ရကြလိမ့်မည်။


သာသနာပလူရို့သည် သင်ရို့အား မကောင်းမှုပြုကြသူများဟု ပြစ်တင်စွပ်စွဲလျက် နိန်ကြစဉ် သင်ရို့၏ ကောင်းသောအကျင့်များကို မြင်သဖြင့် သခင်ဘုရား ကြွလာတော်မူသောနိ့၌ ဘုရားသခင်အား ချီးမွမ်းကြစီရန် သင်ရို့သည် ထိုသူရို့ရှိ့တွင် တင့်တယ်လျောက်ပတ်စွာ ပြုမူလျက် နီထိုင်ကြလော့။


သို့ရာတွင် ထိုသူရို့သည် ဖမ်းဆီးသတ်ဖြတ်ခြင်းကို ခံရခြင်းငှာ ပေါက်ဖွားလာကြသည့် အသိဉာဏ်ကင်းမဲ့သော သားရဲ တိရစ္ဆာန်များနှင့် တူကြပြီး မိမိရို့မသိနားမလည်သည့် အရာဟူသမျှကို ကဲ့ရဲ့ပြောဆိုတတ်ကြ၏။ သူရို့သည် အသိဉာဏ်ကင်းမဲ့သည့် သားရဲတိရစ္ဆာန်များကဲ့သို့ ပျက်စီးရကြလိမ့်မည်။


သူရို့သည် ပြောင့်တန်းသော လမ်းကိုစွန့်၍ လမ်းလွဲကာ မတရားမှုကြောင့် ရဟိသော အဖိုးခကို နှစ်သက်သည့် ဗောသော်၏သား ဗာလမ်၏လမ်းကို လိုက်ကြ၏။


အကြောင်းမူကား သူရို့သည် မှားယွင်းစွာ အသက်ရှင်နီထိုင်သော လူစုအထဲမှ လွတ်မြောက်ခါစဖြစ်သော သူရို့အား ကြွားဝါ၍ အချည်းနှီးသော စကားများကိုသုံးကာ အသွီးအသားတပ်မက်ခြင်းနှင့် ကာမဂုဏ်လိုက်စားခြင်းများဖြင့် လှည့်ဖြားဆွဲဆောင်ကြ၏။


ဖြောင့်မတ်သောလမ်းကို သိပြီးနောက် မိမိရို့ခံယူထားသည့် မြင့်မြတ်သော ပညတ်တော်ကို စွန့်ရွှတ်လိုက်ကြသည်ထက် ထိုတရားလမ်းကို မသိဘဲနိန်ခြင်းက သူရို့အတွက် ပို၍ ကောင်း၏။


သို့ရာတွင် ကိုယ်တော်သည် မတရားသော သူရို့၏ ကိုယ်ကျင့်တရားပျက်ပြားစွာ နီထိုင်မှုများကြောင့် အလွန်စိတ်ပျက်လျက် ဟိသည့် ဖြောင့်မတ်သောသူ လောတကိုမူကား ကယ်နုတ်တော်မူ၏။


သို့သော် ဤလူအပေါင်းရို့သည် သူရို့နားမလည်သည့် အရာဟူသမျှကို အပြစ်တင်၍ ကဲ့ရဲ့တတ်ကြ၏။ သားရဲတိရစ္ဆာန်များနည်းတူ ပင်ကိုယ်ဇာတိစိတ်ဖြင့် သိဟိနားလည်သည့် အရာများသည်လည်း သူရို့အား ပျက်စီးခြင်းသို့ ရောက်တတ်ကြ၏။


လူအပေါင်းရို့အား တရားစီရင်ရန်နှင့် ဘုရားတရားမဲ့စွာ အပြစ်တင် ပြုမူမှုများအတွက် လည်းကောင်း၊ ဘုရားတရားမဲ့သော အပြစ်သားရို့သည် ဘုရားသခင်အား ရိုင်းပြစွာ ဆန့်ကျင်ပြောဆိုကြသည့် စကားများအတွက် လည်းကောင်း အပြစ်ဒဏ်စီရင်တော် မူလိမ့်မည်” ဟု ကြိုတင် ဟောပြောခလေ၏။


အကြောင်းမူကား ဘုရားဝတ်၌ မွိ့ပျော်ခြင်းမဟိသော လူတချို့သည် သင်ရို့အထဲသို့ တိတ်တဆိတ် ဝင်ရောက်လျက် ဟိနိန်ကြသောကြောင့် ဖြစ်၏။ သူရို့သည် ငါရို့ ဘုရားသခင်၏ ကျေးဇူးတော်ကို သူရို့၏ ကာမဂုဏ်လိုက်စားခြင်းအဖြစ် မှောက်လှန်ကြလျက် ငါရို့၏ တစ်ပါးတည်းသောအသျှင်နှင့် သခင် ဖြစ်တော်မူသော ယေသျှုခရစ်တော်ကို ငြင်းပယ်ကြ၏။ ထိုသူရို့ကား ရှီးမဆွကပင်လျှင် ပြစ်ဒဏ်စီရင်ရန် သမ္မာကျမ်းစာ၌ ဖော်ပြထားပြီးဖြစ်ကြ၏။


သောဒုံမြို့၊ ဂေါမောရမြို့နှင့် ထိုမြို့များ၏ ပတ်ဝန်းကျင်၌ဟိသော မြို့များကို သတိရကြလော့။ ထိုမြို့များမှ မြို့သူမြို့သားရို့သည် အဆိုပါ ကောင်းကင်တမန်တိကဲ့သို့ ကာမဂုဏ်လိုက်စား၍ သဘာဝနှင့်ဆန့်ကျင်သည့် အပျော်အပါးကို လိုက်စားခကြ၏။ သူရို့အား ယှင်းလင်းပြတ်သားစွာ သတိပီးသည့်အနိန်ဖြင့် သူရို့အားလုံးသည် ထာဝရမီးထဲတွင် အပြစ်ဒဏ်ကို ခံရကြ၏။


မြီကြီးသားရို့အား လှည့်ဖြားသော နတ်မိစ္ဆာဟူ၍ လည်းကောင်း၊ စာတန်မာရ်နတ်ဟူ၍ လည်းကောင်း ခေါ်ဝေါ်ခြင်းကို ခံရသူ ရှိ့ဟောင်း မြွီနဂါးကြီးသည် မိမိ၏ ကောင်းကင်တမန်တိနှင့်အတူ မြီကြီးထက်သို့ ပစ်ချခြင်းကို ခံရလေ၏။


သူသည် ပထမသားရဲ၏ ရှိ့၌ ပြပိုင်ခွင့်ဟိသည့် နိမိတ်လက္ခဏာများကို ပြ၍ မြီကြီးသားရို့အား လှည့်ဖြားလေ၏။ ဒါးဒဏ်ရာကို ရဟိသော်လည်း အသက်ရှင်နိန်သူ ထိုသားရဲအား ရိုသီဂုဏ်ပြုသည့် အနိန်ဖြင့် သူ၏ရုပ်တုကို ပြုလုပ်ရန် မြီကြီးသားရို့အား စီခိုင်း၏။


အသီသတ်ခြင်းကို ခံရသည့် သိုးသူငယ်တော်၏ အသက်စာစောင်တွင် လောကကို ဖန်ဆင်းတော်မမူခင်ကပင် စာရင်းဝင်သောသူရို့မှတစ်ပါး မြီကြီးသားအပေါင်းရို့သည် ထိုသားရဲအား ကိုးကွယ်ကြလိမ့်မည်။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ