19 သူရို့သည် ထိုသူရို့အား လွတ်လပ်မှုကိုပီးမည်ဟု ကတိပီးခသော်လည်း သူရို့ကိုယ်တိုင်ပင် ပျက်စီးခြင်း၏ကျွန် ဖြစ်နိန်ကြ၏။ အကြောင်းမူကား လူကိုစိုးမိုးသောအရာသည် လူ၏သခင် ဖြစ်၏။
ယေသျှုက “သင်ရို့အား ငါအမှန်ဆိုသည်ကား၊ အပြစ်ကို ကျူးလွန်သော သူတိုင်းသည် အပြစ်၏ ကျွန်ဖြစ်၏။
ထို့နောက် ဝိညာဉ်ဆိုး ဝင်ပူးသောသူသည် ထိုသူရို့အား ပြင်းထန်စွာ သတ်ပုတ်တိုက်ခိုက်၍ နိုင်သဖြင့်၊ သူရို့သည် အနာတရ ရပြီး အဝတ်မပါဘဲ ထိုအိမ်မှ ထွက်ဗြီးရကြလေ၏။
ငါရို့သည် လွတ်လပ်မှုကို ရစီခြင်းငှာ ခရစ်တော်သည် ငါရို့အား လွတ်မြောက်စီတော်မူပြီ။ သို့ဖြစ်၍ လွတ်လပ်သော သူများအဖြစ် ရပ်တည်ကြလော့။ နောက်တဖန် သင်ရို့ကိုယ်တိုင် ကျွန်ဖြစ်ခြင်းစီခြင်းငှာ အခွင့်မပီးကတ်ကေ့။
ညီအစ်ကိုမောင်နှမရို့၊ သင်ရို့သည် လွတ်လပ်မှုကို ရစီခြင်းငှာ ခေါ်တော်မူခြင်းကို ခံရကြ၏။ သို့ရာတွင် လွတ်မြောက်ခြင်းကို အကြောင်းပြ၍ ကိုယ်ကာယတပ်မက်ခြင်း အလိုသို့ မလိုက်ကြဘဲ ချစ်ခြင်းမေတ္တာအားဖြင့် တစ်ယောက်ကိုတစ်ယောက် အလုပ်အကျွေးပြုကြလော့။
ထိုအခါ မာရ်နတ်သည် မိမိ၏အလိုအတိုင်းပြုမူရန် သူရို့အား ဖမ်းဆီးထားသော်လည်း သူရို့သည် ထိုထောင်ချောက်မှ လွတ်မြောက်ပြီး အမြင်မှန် ရလာကြလိမ့်မည်။
အကြောင်းမူကား တစ်ချိန်က ငါရို့သည်လည်း မိုက်မဲသောသူ၊ နာခံခြင်းမဟိသောသူ၊ လှည့်ဖြားသောသူတိ ဖြစ်ကြပြီး၊ အမျိုးမျိုးသော တပ်မက်ခြင်းနှင့် ကာမဂုဏ်ခံစားခြင်းတိ၌ ကျွန်ခံ၍ မနာလိုမှု၊ ရန်ငြိုးထားမှုများ၌ ကျင်လည်ကာ တစ်ယောက်ကို တစ်ယောက် မုန်းတီးလျက် အသက်ရှင်ခကြ၏။
လွတ်လပ်သောသူများကဲ့သို့ အသက်ရှင်နီထိုင်ကြလော့။ သို့သော်လည်း မကောင်းမှုများကို ဖုံးကွယ်ရန်အတွက် သင်ရို့၏ လွတ်လပ်မှုကို အသုံးမပြုကြဘဲ ဘုရားသခင်၏ ကျွန်များကဲ့သို့ အသက်ရှင်နီထိုင်ကြလော့။
ဤနည်းအားဖြင့် ကတိထားတော်မူသော အလွန်ကြီးမြတ်၍ အဖိုးထိုက်သည့် ဆုကျေးဇူးများကို ကိုယ်တော်သည် ငါရို့အား ပီးတော်မူ၏။ ထို ဆုကျေးဇူးအားဖြင့် သင်ရို့သည် ဤလောက၌ဟိသော ပျက်စီးတတ်သည့် ကိလေသာတပ်မက်ခြင်းမှ လွတ်မြောက်၍ ဘုရားပကတိအဖြစ်တော်ကို မျှဝီခံစားကြရ၏။
အကယ်၍ လူသည် ငါရို့၏အသျှင်နှင့် ကယ်တင်သျှင် ဖြစ်တော်မူသော ယေသျှုခရစ်တော်ကို သိကျွမ်းရခြင်းအားဖြင့် လောကီ ညစ်ညူးခြင်းများမှ လွတ်မြောက်ကြပြီးနောက်၊ တဖန် ထိုညစ်ညူးခြင်းများ၏ ကျွန်ဖြစ်ကြလျှင် ထိုသူရို့၏ နောက်ဖြစ်ဟန်သည် ရှိ့ဖြစ်ဟန်ထက် ဆိုးရွားလေ၏။