Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




၂ ပေတရု 1:4 - ဓမ္မသစ်ကျမ်း ရခိုင်ဘာသာစကား

4 ဤနည်းအားဖြင့် ကတိထားတော်မူသော အလွန်ကြီးမြတ်၍ အဖိုးထိုက်သည့် ဆုကျေးဇူးများကို ကိုယ်တော်သည် ငါရို့အား ပီးတော်မူ၏။ ထို ဆုကျေးဇူးအားဖြင့် သင်ရို့သည် ဤလောက၌ဟိသော ပျက်စီးတတ်သည့် ကိလေသာတပ်မက်ခြင်းမှ လွတ်မြောက်၍ ဘုရားပကတိအဖြစ်တော်ကို မျှဝီခံစားကြရ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




၂ ပေတရု 1:4
25 ပူးပေါင်းရင်းမြစ်များ  

ဣသရေလလူမျိုးရို့သည် ဘုရားသခင်၏လူမျိုးတော်ဖြစ်၏။ သို့ဖြစ်၍ ဘုရားသခင်သည် သူရို့ကို မိမိ၏သားသမီးအရာ၌ ချီးမြှောက်ခြင်းဖြင့်လည်းကောင်း၊ ဘုရားသခင်၏ဘုန်းတန်ခိုးတော်တိကို ဖွင့်ပြခြင်းဖြင့်လည်းကောင်း၊ ပဋိညာဉ်များပြုခြင်းဖြင့်လည်းကောင်း၊ ပညတ်တရားကို ပီးထားခြင်းဖြင့် လည်းကောင်း ပြုတော်မူခ၏။ သူရို့သည်လည်း မှန်သောဝတ်ပြုခြင်းကို ပြုလျက်၊ ဘုရားသခင်၏ကတိတော်များကို ခံရကြ၏။


အကြောင်းမူကား ဘုရားသခင်၏ ကတိတော်အပေါင်းရို့သည် “ဟုတ်မှန်သည်” ဟု ဖော်ပြသော ခရစ်တော် ဖြစ်တော်မူ၏။ ထို့ကြောင့် ငါရို့သည် ဘုရားသခင်၏ ဘုန်းတန်ခိုးတော်အဖို့အလို့ငှာ ယေသျှုခရစ်တော်အားဖြင့် “အာမင်” ဟု ဆိုခြင်းဖြစ်၏။


ငါရို့အားလုံးသည် မျက်နှာကို မဖုံးအုပ်ဘဲ ဘုရားသခင်၏ ဘုန်းတန်ခိုးတော်သည် ထင်ဟပ်လျက် ဟိကြ၏။ ထိုဘုန်းတန်ခိုးတော်သည် သခင်ဘုရားထံမှ လာသော ဝိညာဉ်တော်ဖြစ်၏။ ထိုဝိညာဉ်တော်သည် ကြီးစွာသော ဘုန်းတန်ခိုးတော်၌ ကိုယ်တော်၏ ပုံသဏ္ဌာန်တော်နှင့်အညီ ငါရို့ကို ပြောင်းလဲစီတော်မူ၏။


သို့ဖြစ်၍ သခင်ဘုရားက၊ “ထိုသူရို့ပါးမှ ထွက်လာကြလော့။ သူရို့နှင့် မပေါင်းဖော်ကတ်ကေ့။ မစင်ကြယ်သောအရာများကို မတို့မထိကတ်ကေ့။ ထိုသို့ပြုလျှင် သင်ရို့ကို ငါလက်ခံမည်။


အဂုတွင် ဘုရားသခင်ပြုတော်မူသော သူ၏ ကတိတော်သည် အာဗြဟံနှင့် သူ၏ သားစဉ်မြီးဆက်အတွက်သာ ဖြစ်၏။ သားသမီးဆိုသောစကားသည် လူအများကိုရည်စူး၍ “သားစဉ်မြီးဆက်များ” ဟု ကျမ်းစာ၌ ပြောလိုခြင်းမဟုတ်ဘဲ၊ တစ်ယောက်သောသူကိုသာ ရည်စူး၍ “သားစဉ်မြီးဆက်” ဟု ဆိုပေ၏။ ထိုသို့ ရည်စူးခြင်းကို ခံရသောသူကား ခရစ်တော်ပင် ဖြစ်၏။


လူ့ဇာတိသဘော၌ မျိုးစိ့ကြဲသောသူသည် ဇာတိသဘောအားဖြင့် ပျက်စီးခြင်းကို ရိတ်ရလိမ့်မည်။ ဝိညာဉ်သဘော၌ မျိုးစိ့ကြဲသောသူသည် ဝိညာဉ်သဘောအားဖြင့် ထာဝရအသက်ကို ရိတ်သိမ်းရလိမ့်မည်။


ငါရို့၏ ယုံကြည်ခြင်း၌လည်းကောင်း၊ ဘုရားသခင်၏သားတော်ကို သိကျွမ်းခြင်း၌လည်းကောင်း ငါရို့ ဟိသမျှသည် တညီတညွတ်တည်းဖြစ်ကြလျက် ခရစ်တော်၏ ပြည့်စုံခြင်းပမာဏအတိုင်း ရင့်ကျက်သောသူများအဖြစ်သို့ ရောက်ကြရန်ပင် ဖြစ်၏။


ဖန်ဆင်းတော်မူသောအသျှင်၏ ပုံသဏ္ဌာန်တော်နှင့်အညီ အသိပညာအားဖြင့် အသစ်ပျင်ဆင်ထားသော လူသစ်ကို ဝတ်ဆင်ထားသောသူ ဖြစ်ကြ၏။


အကြောင်းမူကား ငါရို့၏အသွီးအသားနှင့် စပ်ဆိုင်သော ဖခင်များသည် အကောင်းဆုံးဟု ထင်မှတ်၍ တစ်ဒင်္ဂကာလအတွက် ဆုံးမပဲ့ပြင်တတ်ကြ၏။ ဘုရားသခင်သည်ကား မိမိ၏သန့်ယှင်းခြင်းပါရမီ၌ ငါရို့ကို ဝင်စားစီခြင်းငှာ ငါရို့၏ကောင်းကျိုးချမ်းသာအတွက် ဆုံးမပဲ့ပြင်တော်မူ၏။


ထို့ကြောင့် ခရစ်တော်သည် အသစ်သောပဋိညာဉ်ကို ပျင်ဆင်တော်မူသော ကြားဝင်​စိ့စပ်ပီး​သူ ဖြစ်၏။ အကြောင်းမူကား ဘုရားသခင်သည် မိမိခေါ်ထားတော်မူသော သူရို့အား ကတိပီးထားတော်မူသည့် ထာဝရကောင်းကြီးမင်္ဂလာများကို ရကြစီခြင်းငှာ ဖြစ်၏။ ပထမပဋိညာဉ်တရား အောက်၌ ပြစ်မှားမိခသော လူတိကို အပြစ်မှ လွတ်မြောက်ရန် ကိုယ်တော်သည် အသီခံ ပီးတော်မူခ၏။


ငါရို့၏အဖ ဘုရားသခင် လက်ခံတော်မူသော ဘာသာတရားကြည်ညိုခြင်း ဟူသည်မှာ သန့်ယှင်းစင်ကြယ်၍ အပြစ်ကင်းခြင်း၊ ဆင်းရဲဒုက္ခရောက်နိန်ကြသည့် မိဖမဟိသော အသျှေတိနှင့် မုဆိုးမတိကို ကြည့်ရှုစောင့်ရှောက်ခြင်း၊ ကိုယ်တိုင်လည်း လောကီအညစ်အကြေးများနှင့် ကင်းစင်စီခြင်းပင် ဖြစ်၏။


ယေသျှု ခရစ်တော်၏ အခိုင်းအစီနှင့် တမန်တော်ဖြစ်သူ ငါ သျှိမုန်ပေတရုပါးမှ — ငါရို့၏ ဘုရားသခင်နှင့် ကယ်တင်သျှင်ဖြစ်တော်မူသော ယေသျှုခရစ်၏ ဖြောင့်မတ်ခြင်းတရားကြောင့် အဖိုးထိုက်သည့် ယုံကြည်ခြင်းကို ငါရို့နည်းတူ ရဟိကြသော သူရို့ထံသို့ စာရီးလိုက်၏။


သို့ရာတွင် ငါရို့သည် ဘုရားသခင်၏ ကတိထားတော်မူသော ဖြောင့်မတ်ခြင်းတရား ကိန်းဝပ်ရာ ကောင်းကင်သစ်နှင့် မြီကြီးသစ်ကို စောင့်မျှော်လျက် နိန်ကြ၏။


လူတချို့ ထင်မှတ်ထားသည့်အတိုင်း သခင်ဘုရားသည် မိမိ၏ ကတိတော်အရာ၌ ကြန့်ကြာတော် မူသည်မဟုတ်။ မည်သူတစ်ယောက်မျှ မပျက်စီးနိုင်ဘဲ လူတိုင်း အပြစ်မှ နောင်တရစီရန် အလိုတော်ဟိသောကြောင့် သင်ရို့ကို စိတ်ရှည်သည်းခံတော်မူ၏။


ဤသည်ကား ခရစ်တော်ကိုယ်တော်တိုင် ငါရို့ကို ကတိပီးထားတော်မူသော ထာဝရအသက်ဖြစ်၏။


အဆွီရို့၊ အဂုအခါ ငါရို့သည် ဘုရားသခင်၏ သားသမီးတိ ဖြစ်ကြသော်လည်း နောင်အခါ၌ မည်သို့သောသူတိ ဖြစ်လာမည်ကို ယှင်းလင်းစွာ မသိရကတ်သိမ့်။ သို့ရာတွင် ခရစ်တော် ပေါ်ထွန်းတော်မူသောအခါ ကိုယ်တော်၏ ပကတိအဖြစ်တော်အတိုင်း မြင်ရကြမည်ဖြစ်၍ ငါရို့သည် ကိုယ်တော်နှင့် တူကြမည်ကို ငါရို့သိကြ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ