20 ကျမ်းစာ၌ဖော်ပြသော ပရောဖက်ပြုချက်များကို မည်သူတစ်ယောက်မျှ မယှင်းပြနိုင်ကြောင်း သင်ရို့ အထူး သိမှတ်ကြလော့။
ထို့ကြောင့် ငါရို့သည် ဘုရားသခင် ပီးထားသော ကျေးဇူးတော်နှင့်အညီ မတူညီသော ဆုကျေးဇူးများကို အသုံးပြုကြရမည်။ ငါရို့၏ ဆုကျေးဇူးသည် ဘုရားသခင်၏သတင်းကောင်းကို ဟောပြောဖို့ဖြစ်လျှင် ငါရို့မှာဟိသော ယုံကြည်ခြင်းအတိုင်း ထိုသတင်းကောင်းကို ပြောကြရမည်။
ငါရို့၏ကယ်တင်ခြင်းတရားသည် ငါရို့အစဦးယုံကြည်ခသည့်အချိန်ထက် ယခုအချိန်ခါ သာ၍ နီးလာပြီဖြစ်သောကြောင့် အိပ်ပျော်နိန်ရာမှ နိုးထကြရမည့်အချိန်ရောက်လာယာ။ ထို့ကြောင့် မျက်မှောက်ကာလကို ထောက်ရှု၍ ဤတရားတော်မြတ်ကို ကျင့်ကြလော့။
ထို့ပြင် ငါရို့သည် အပြစ်၏ကျွန် မဖြစ်လိုသောကြောင့် ငါရို့၏ခန္ဓာဟောင်းကို ဖျက်ဆီးခြင်းငှာ လက်ဝါးကပ်တိုင်မှာ ခရစ်တော်နှင့်အတူ အသီခံထားကြပြီဟု သိကြ၏။
ထိုပညတ်တရားများကို လူကောင်းတိအတွက် ပြဌာန်းထားသည်မဟုတ်၊ ပညတ်တရားကို မစောင့်သောသူ၊ ပြစ်မှုကျူးလွန်သောသူ၊ ဘုရားကို မကြည်ညိုသောသူ၊ အပြစ်ကျူးလွန်သောသူ၊ တရားမဲ့သောသူများ၊ မိမိရို့၏အဖ သို့မဟုတ် အမိကို သတ်သောသူ၊ လူအသက်ကို သတ်သောသူ၊
ကျမ်းစာတော်မြတ် အားလုံးသည် ဘုရားသခင် မှုတ်သွင်းထားတော်မူသည်ဖြစ်၍ ထိုကျမ်းစာတော်မြတ်သည် သမ္မာတရားကို သွန်သင်ခြင်း၊ အပြစ်ကို ဖော်ပြ၍ ဆုံးမခြင်း၊ အမှားကို ပြုပျင်ခြင်း၊ မှန်သောအသက်လမ်းကို ညွှန်ပြပီးခြင်း၌ အသုံးဝင်တော်မူ၏။
အကြောင်းမူကား သင်ရို့၏ယုံကြည်ခြင်းကို စမ်းသပ်ခြင်းသည် သည်းခံခြင်းကို တိုးပွားစီတတ်သည်ကို သင်ရို့ သိကြ၏။
ပထမဦးစွာ သိထားရမည့်အချက်မှာ နောက်ဆုံးသောကာလ၌ မိမိရို့၏ ကိလေသာစိတ်အလိုသို့ လိုက်၍ အသက်ရှင်သောသူတိ ပေါ်ပေါက်လာမည့် အကြောင်းပင်ဖြစ်၏။ ထိုသူရို့သည် သင်ရို့အား ပြက်ရယ်ပြုလျက်၊