Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




၂ ပေတရု 1:2 - ဓမ္မသစ်ကျမ်း ရခိုင်ဘာသာစကား

2 ဘုရားသခင်နှင့် ငါရို့၏ အသျှင်ယေသျှုကို သိကျွမ်းရခြင်းအားဖြင့် သင်ရို့သည် ကျေးဇူးတော်နှင့် ငြိမ်သက်ခြင်းကို အပြည့်အဝ ခံစားရကြပါစီသောဝ်။

အခန်းကိုကြည့်ပါ။ ကော်ပီ




၂ ပေတရု 1:2
18 ပူးပေါင်းရင်းမြစ်များ  

“ငါ၏အဖသည် အရာအားလုံးကို ငါ့အား ပီးအပ်တော်မူပြီ။ သားတော်သည် ဇာသူဖြစ်ကြောင်းကို ခမည်းတော်မှတစ်ပါး တစ်ယောက်လေ့ မသိ။ ခမည်းတော်သည် ဇာသူဖြစ်ကြောင်းကိုလည်း သားတော်နှင့် သားတော် ဖော်ပြလိုသောသူမှလွဲ၍ တစ်ယောက်လေ့ မသိ” ဟု မြွက်ဆိုတော်မူ၏။


ထာဝရအသက်ဟူသည်ကား စစ်မှန်၍ တစ်ဆူတည်းဖြစ်တော်မူသော ဘုရားသခင်ကို လည်းကောင်း၊ ကိုယ်တော် စီရွှတ်လိုက်သော ယေသျှုခရစ်တော်ကို လည်းကောင်း သိကျွမ်းခြင်းဖြစ်၏။


ထို့ကြောင့် ဘုရားသခင်ချစ်တော်မူ၍ မိမိသန့်ယှင်းသူများဖြစ်စီခြင်းငှာ ခေါ်ထားတော်မူသော ရောမမြို့သူမြို့သား အားလုံးကို ငါစာရီးလိုက်ပါ၏၊ ငါရို့အဖ ဘုရားသခင်နှင့် အသျှင်ယေသျှုခရစ်တော်သည် သင်ရို့အား ကျေးဇူးတော်နှင့် ငြိမ်သက်ခြင်းကို ပီးသနားတော်မူပါစီသောဝ်။


ခရစ်တော်၏ မျက်နှာတော်တွင် ထွန်းလင်းလျက်ဟိသော ဘုရားသခင်၏ ဘုန်းတန်ခိုးတော်အကြောင်းကို သိနိုင်စီခြင်းငှာ ငါရို့၏ စိတ်နှလုံး၌ အလင်းကို ထွန်းလင်းစီတော်မူသော ဘုရားသခင်ကား “အမှောင်ထဲမှ အလင်းပေါ်ထွန်းလိမ့်မည်” ဟု မိန့်တော်မူခသော ဘုရားသခင်ပင် ဖြစ်သတည်း။


ထိုမျှမက ငါ၏ အသျှင် ခရစ်တော်ယေသျှုကို သိကျွမ်းရခြင်းသည် ခပ်သိမ်းသောအရာများထက် သာ၍ မြတ်သည်ဖြစ်၍ ထိုအရာများကို ငါ့အား ယှုံးဆုံးစီသည့် အရာများဟူ၍ မှတ်ယူ၏။ ငါသည် ကိုယ်တော်အဖို့ ခပ်သိမ်းသောအရာများကို စွန့်ပယ်ခ၏။ ခရစ်တော်ကို အမြတ်ရနိုင်ရန် လည်းကောင်း၊


ခမည်းတော်ဘုရားသခင်သည် မိမိ၏ အကြံအစည်တော်အတိုင်း ယေသျှုခရစ်တော်ကို နာခံရန်နှင့် ကိုယ်တော်၏ အသွီးတော်အားဖြင့် စင်ကြယ်ကြစီရန်လည်းကောင်း၊ မိမိ၏ဝိညာဉ်တော်အားဖြင့် သန့်ယှင်းသောလူစု ဖြစ်စီခြင်းငှာ လည်းကောင်း သင်ရို့ကို ရွီးချယ်တော်မူ၏။ ကျေးဇူးတော်နှင့် ငြိမ်သက်ခြင်းကို သင်ရို့သည် ကြွယ်ဝစွာ ခံစားရပါစီသောဝ်။


ငါရို့ကို မိမိ၏ဘုန်းတော်နှင့် ကောင်းမြတ်ခြင်းထဲသို့ ခေါ်ယူတော်မူသော အသျှင်အား ငါရို့သိခြင်းအားဖြင့် ဘုရားသခင်၏ တန်ခိုးတော်သည် ဘုရားဝတ်၌ မှန်ကန်စွာ မွိ့လျော် အသက်ရှင်နိုင်ကြစီရန် ငါရို့လိုအပ်သော အရာဟိသမျှကို ချပီးတော်မူ၏။


ဤအကြောင်းကြောင့် သင်ရို့သည် မိမိရို့၏ ယုံကြည်ခြင်းကို ကောင်းမြတ်ခြင်းဖြင့် လည်းကောင်း၊ ကောင်းမြတ်ခြင်းကို အသိပညာဖြင့် လည်းကောင်း၊


ထိုပါရမီများသည် သင်ရို့၌ ကြွယ်ဝစွာဟိနိန်လျှင် ငါရို့၏အသျှင် ယေသျှုခရစ်တော်ကို သိကျွမ်းခြင်း၌ သင်ရို့သည် အကျိုးမဟိ ဖြစ်ကြလိမ့်မည်မဟုတ်။


အကယ်၍ လူသည် ငါရို့၏အသျှင်နှင့် ကယ်တင်သျှင် ဖြစ်တော်မူသော ယေသျှုခရစ်တော်ကို သိကျွမ်းရခြင်းအားဖြင့် လောကီ ညစ်ညူးခြင်းများမှ လွတ်မြောက်ကြပြီးနောက်၊ တဖန် ထိုညစ်ညူးခြင်းများ၏ ကျွန်ဖြစ်ကြလျှင် ထိုသူရို့၏ နောက်ဖြစ်ဟန်သည် ရှိ့ဖြစ်ဟန်ထက် ဆိုးရွားလေ၏။


သို့ရာတွင် သင်ရို့သည် ငါရို့၏အသျှင်နှင့် ကယ်တင်သျှင်ဖြစ်သော ယေသျှုခရစ်တော်၌ လည်းကောင်း၊ ကိုယ်တော်၏ ကျေးဇူးတော်နှင့် သိကျွမ်းခြင်း၌ လည်းကောင်း ကြီးထွားကြလော့။ အဂုမှစ၍ ထာဝရကာလတိုင်အောင် ထိုအသျှင်သည် ဘုန်းကြီးပါစီသတည်း။ အာမင်။


သင်ရို့သည် ကရုဏာတော်၊ ငြိမ်သက်ခြင်းနှင့် ချစ်ခြင်းမေတ္တာတော်ကို အပြည့်အဝ ခံစားရကြပါစီသောဝ်။


ငါ ယောဟန်ပါးမှ၊ အာယှိပြည်၌ဟိသော အသင်းတော် ခုနစ်ပါးသို့ စာရီးလိုက်ပါ၏၊ အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ်ကာလ၌ အစဉ်ဟိတော်မူသော ဘုရားသခင်ထံတော်မှ လည်းကောင်း၊ ကိုယ်တော်၏ ပလ္လင်တော်ရှိ့၌ ဟိသော ဝိညာဉ်ခုနစ်ပါးထံမှ လည်းကောင်း၊


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ