14 ဇာကြောင့်ဆိုသော် ငါရို့၏အသျှင် ယေသျှု ခရစ်တော်ကလည်း ထိုသို့ဖြစ်မည်ဟု ငါ့အား ဖော်ပြထားသည်အတိုင်း ငါသည် ဤပျက်စီးတတ်သော ကိုယ်ခန္ဓာကို မကြာခင် စွန့်ပစ်ရလိမ့်မည်ဟု သိသောကြောင့် ဖြစ်ပေ၏။
သျှိမုန်ပေတရုက “အသျှင်၊ ဇာအရပ်သို့ ကြွတော်မူပါမည်နည်း” ဟု လျှောက်သော်၊ ယေသျှုကလည်း “ငါလားမည့်နီရာသို့ သင်သည် အဂု မလိုက်နိုင်၊ နောက်မှ လိုက်ရလိမ့်မည်” ဟု ဖြေကြားတော်မူ၏။
“ငါသည် သင်ရို့ပါးသို့ လှည့်လည်၍ ဘုရားသခင်၏ နိုင်ငံတော်အကြောင်းကို ဟောပြောခ၏။ သို့သော် အဂုကား ငါ့မျက်နှာကို နောက်တဖန် မြင်ရကြလိမ့်မည် မဟုတ်ကြောင်းကို ငါသိ၏။
ယာယီတဲဖြစ်သော ငါရို့၏ မြီကြီးခန္ဓာသည် ပျက်စီးလားလျှင် ကောင်းကင်ဘုံ၌ လူ့လက်ဖြင့် မတည်ဆောက်ဘဲ ဘုရားသခင် တည်ဆောက်တော်မူသော ထာဝရအိမ် ဟိကြောင်းကို ငါရို့ သိကြ၏။
ငါအတွက်မူကား၊ မိမိအသက်ကို ပူဇော်ဆက်ကပ်ရမည့် အချိန်တည်းဟူသော ဤဘဝမှ စွန့်ခွာရမည့် အချိန်သည် ရောက်လာလေပြီ။
ငါသည် အသက်ရှင်လျက် ဟိနိန်သမျှ ကာလပတ်လုံး ထိုအကြောင်းအရာများကို သင်ရို့အား နှိုးဆော်လျက်ဟိသည်မှာ ငါ့အတွက် မှန်ကန်သည်ဟု မှတ်ယူထား၏။