8 သင်ရို့၏ လိုအပ်သမျှတိကို အစဉ်မပြတ် ရပြီးလျှင် ကောင်းသောအမှု အမျိုးမျိုး၌ ကူညီမစနိုင်ကြစီရန် ဘုရားသခင်သည် သင်ရို့အား လိုအပ်သည်ထက် ပို၍ ပီးနိုင်တော်မူ၏။
ယုပ္ပေမြို့၌ တဗိသ နာမည်ဟိသော ယုံကြည်သူတစ်ဦး ဟိ၏။ (သူမ၏နာမည်ကား ဟေလသ ဘာသာစကားဖြင့် ဒေါ်ကာ ဖြစ်၍ “ဒရယ်” ဟု ဆိုလိုသတည်း။) သူမသည် ကောင်းသောအလုပ်နှင့် စွန့်ကြဲပီးကမ်းခြင်းအမှုကို အစဉ်သဖြင့် လုပ်တတ်၏။
ထို့ကြောင့် ချစ်သောညီအစ်ကို မောင်နှမရို့၊ သင်ရို့၏ယုံကြည်ခြင်း၌ တည်တံ့ခိုင်ခန့်စွာ ရပ်ကြလော။ သခင်ဘုရား၏ အမှုတော်ကို ဆောင်ရွက်ခြင်းသည် မည်သည့်အခါမျှ အချည်းနှီးမဖြစ်ကြောင်းကို သိမှတ်ကာ အမှုတော်ကို အစဉ်အမြဲ ဆောင်ရွက်ကြလော့။
ခရစ်တော်သည် ငါ့အားဖြင့် မိန့်တော်မူကြောင်း သက်သီအားလုံးကို သင်ရို့ တောင်းဆိုကြသည့်အတိုင်း ရကြလိမ့်မည်။ ခရစ်တော်သည် သင်ရို့နှင့်အတူ ဟိသောအခါ အားနည်းတော်မမူဘဲ မိမိ၏တန်ခိုးတော်ကို သင်ရို့၌ ထင်ရှားစွာ ပြတော်မူ၏။
ထိုမျှမက သူသည် အလှူကောက်ခံမှုအတွက် ငါရို့နှင့်အတူ ခရီးပြုရန် အသင်းတော်များက ရွီးချယ်ခန့်ထားသော သူလည်းဖြစ်၏။ သခင်ဘုရား၏ ဘုန်းတန်ခိုးတော်နှင့် ကူညီမစခြင်း၌ ငါရို့၏ စိတ်အားထက်သန်ခြင်းကို ပြသရန်၊ ဤအမှုကို ဆောင်ရွက်ကြခြင်းဖြစ်၏။
ထိုသူရို့သည် ကြီးစွာသော ဆင်းရဲဒုက္ခဖြင့် ပြင်းထန်သော စမ်းသပ်ခြင်းကို ခံစားရ၏။ သို့သော်လည်း သူရို့သည် အလွန် ဆင်းရဲကြလျက်ပင် ကြီးစွာသော ဝမ်းမြောက်သည့်စိတ်ဖြင့် ရက်ရောစွာ ပီးကမ်းစွန့်ကြဲကြ၏။
သင်ရို့သည် ယုံကြည်ခြင်း၊ ဟောပြောခြင်းနှင့် အသိပညာ၌လည်းကောင်း၊ ကူညီမစခြင်းတွင် စိတ်အားထက်သန်ခြင်းနှင့် လည်းကောင်း၊ ငါရို့၌ထားသော သင်ရို့၏ ချစ်ခြင်းမေတ္တာ သည် လည်းကောင်း အလွန် ကြွယ်ဝကြပေ၏။ သို့ဖြစ်၍ သင်ရို့၌ ထိုကျေးဇူးပြုခြင်း အမှုကိုလည်း ကြွယ်ဝခြင်းငှာ ငါရို့ အလိုဟိ၏။
သင်ရို့သည် အချိန်တိုင်း၌ ရက်ရောစွာ ပီးကမ်းနိုင်ကြစီရန် ကိုယ်တော်သည် သင်ရို့အား အစဉ် ချမ်းသာကြွယ်ဝ စီတော်မူလိမ့်မည်။ သင်ရို့ ပီးကမ်းသော အလှူများကို ငါရို့ပါးက ခံယူကြသော များစွာသော သူရို့သည်လည်း ဘုရားသခင်၏ ကျေးဇူးတော်ကို ချီးမွမ်းတော်မူကြလိမ့်မည်။
အကြောင်းမူကား ဘုရားသခင်သည် ရှိ့မဆွကပင် ကြိုတင် ပျင်ဆင်ထားတော်မူသည်နှင့်အညီ ငါရို့အား ကောင်းသောအကျင့်ကို ကျင့်စီခြင်းငှာ ခရစ်တော်ယေသျှု၌ ဖန်ဆင်းထားတော်မူ၏။
ကိုယ်တော်သည် ငါရို့၏ အထဲ၌ တန်ခိုးတော်အားဖြင့် လုပ်ဆောင်လျက် ဟိတော်မူသော၊ ငါရို့တောင်းလျှောက် ကြံစည်သမျှသောအရာတိထက် သာလွန်၍ ပြုနိုင်တော်မူသော၊
သင်ရို့သည် ငါ့အား လျစ်လှူရှုထားကြယာဟု ယူဆသဖြင့် ဤစကားကို ပြောဆိုရခြင်းလည်း မဟုတ်ပေ။ ငါသည် မိမိ၌ ဟိသမျှနှင့် ရောင့်ရဲတတ်ရန် သင်ယူထားပြီးဖြစ်၏။
သို့မှသာ အစဉ်မလပ် သခင်ဘုရား နှစ်သက်စီရန်နှင့် အလိုတော်အတိုင်း အသက်ရှင်နိုင်ကြစီရန် သင်ရို့ ပြုမူကျင့်ကြံ နိုင်ကြလိမ့်မည်။ ထိုသို့ပြုမူကျင့်ကြံခြင်းအားဖြင့် သင်ရို့သည် ကောင်းမြတ်သည့် အကျင့်အမျိုးမျိုးတည်းဟူသော အသီးများကိုသီးကာ ဘုရားသခင်ကို သိကျွမ်းခြင်း၌ တိုးပွားလာလိမ့်မည်။
သင်ရို့၏စိတ်နှလုံးကို နှစ်သိမ့်မှုနှင့် ပြည့်ဝစီပြီးလျှင် ကောင်းသောစကားနှင့် ကောင်းသောအမှုအလုံးစုံ၌ သင်ရို့ကို အစဉ်မပြတ် ခိုင်ခံ့မြဲမြံတော်မူပါစီသတည်း။
မိမိကိုယ်ကို သန့်ယှင်းစင်ကြယ်လျက် မိမိသခင်အဖို့ ကောင်းသောအမှု၌ အသုံးတော်ခံခြင်းငှာ ဆက်ကပ်ထားသောသူရို့သည် အထူးရည်ရွယ်ချက်အတွက် လုပ်ထားသောပစ္စည်းများ ဖြစ်ကြလိမ့်မည်။
ထို့ကြောင့် ကျမ်းစာတော်မြတ်သည် ဘုရားသခင်၏အစီခံတစ်ယောက်၌ ကောင်းသောအမှု အမျိုးမျိုးကို ဆောင်ရွက်နိုင်ရန် အရည်အချင်းများနှင့် ပြည့်ဝ စီတော်မူ၏။
ကယ်တင်သျှင် ယေသျှုခရစ်တော်သည် ငါရို့ကို ခပ်သိမ်းသော မတရားမှုထဲမှ ရွီးနုတ်ကယ်တင်ပြီး မိမိပိုင်သောသူအပေါင်းရို့သည် မိမိအတွက် သန့်ယှင်းစင်ကြယ်၍ ကောင်းသောအမှုကို ပြုခြင်းငှာ စိတ်အားထက်သန်သောသူတိ ဖြစ်လာကြစီရန် ငါရို့အတွက် မိမိကိုယ်ကို စွန့်တော်မူ၏။
ငါရို့၏လူများသည်လည်း အမှန်အကန် လိုအပ်မှုများကို ထောက်ပံ့ပီးရန်အတွက် မိမိရို့ကိုယ်တိုင် ကောင်းသောအမှု၌ ပါဝင်လုပ်ဆောင်ရန် သင်ယူကြရမည်။
ဤစကားသည် မှန်သောစကား ဖြစ်၏။ သို့ဖြစ်၍ ဘုရားသခင်ကို ယုံကြည်အားကိုး သောသူရို့သည် မိမိရို့ကိုယ်တိုင် ကောင်းသောအမှုများကို လုပ်ဆောင်ကြရန် အမြဲ ဂရုစိုက်ကြရမည့်အကြောင်း ငါသည် သင့်အား ဤအရာများကို အလေးအနက် ထားစီလို၏။ ဤအရာများသည်ကား လူတိုင်းအတွက် အလွန်ကောင်းမြတ်၍ အကျိုးဟိပေ၏။
သင်ရို့တစ်ယောက်စီတိုင်းသည် ဘုရားသခင်၏ ခြားနားသော ဆုကျေးဇူးများကို ရဟိထားသည်ဖြစ်၍ ကောင်းသော စီမံခန့်ခွဲသူတစ်ယောက်ကဲ့သို့ ဘုရားသခင်ထံမှ မိမိရို့ရဟိထားသော အထူး ဆုကျေးဇူးများကို တခြားလူများ၏ အကျိုးအတွက် အသုံးပြုကြလော့။