၂ ကောရိန္သု 8:7 - ဓမ္မသစ်ကျမ်း ရခိုင်ဘာသာစကား7 သင်ရို့သည် ယုံကြည်ခြင်း၊ ဟောပြောခြင်းနှင့် အသိပညာ၌လည်းကောင်း၊ ကူညီမစခြင်းတွင် စိတ်အားထက်သန်ခြင်းနှင့် လည်းကောင်း၊ ငါရို့၌ထားသော သင်ရို့၏ ချစ်ခြင်းမေတ္တာ သည် လည်းကောင်း အလွန် ကြွယ်ဝကြပေ၏။ သို့ဖြစ်၍ သင်ရို့၌ ထိုကျေးဇူးပြုခြင်း အမှုကိုလည်း ကြွယ်ဝခြင်းငှာ ငါရို့ အလိုဟိ၏။ အခန်းကိုကြည့်ပါ။ |
တိတု ရောက်လာခြင်းကြောင့်သာမက၊ သင်ရို့သည် သူ့အား နှစ်သိမ့်ပီးကြသည့် သတင်းကို သူ့ထံမှ ကြားသိရသည့်အတွက်ကြောင့်လည်း ငါရို့ကို အားတက်စီကြ၏။ သင်ရို့သည် ငါ့အား အလွန် တွိ့လိုသည်ကို လည်းကောင်း၊ ဝမ်းနည်းလျက် ဟိကြောင်းနှင့် ငါ့အား စေတနာစိတ် အလွန် ဟိကြောင်းကို လည်းကောင်း တိတု ပြောပြသဖြင့် ငါသည် သာ၍ပင် ဝမ်းမြောက်လျက်ဟိ၏။
ညီအစ်ကိုမောင်နှမရို့၊ သင်ရို့ကို အကြောင်းပြု၍ ငါရို့သည် ဘုရားသခင်အား ကျေးဇူးတော်ကို အစဉ်မလတ် ချီးမွမ်းကြရ၏။ ထိုသို့ ကျေးဇူးတော်ချီးမွမ်းခြင်းသည် ငါရို့ အတွက် အလွန်သင့်မြတ်၏။ အကြောင်းမူကား သင်ရို့၏ ယုံကြည်ခြင်းသည် အလွန် ကြီးထွားလျက် သင်ရို့သည် အချင်းချင်း တစ်ယောက်ကိုတစ်ယောက် ချစ်သော မေတ္တာသည်လည်း သာ၍ တိုးပွား လာသောကြောင့် ဖြစ်၏။