၂ ကောရိန္သု 7:8 - ဓမ္မသစ်ကျမ်း ရခိုင်ဘာသာစကား8 အကယ်၍ ငါရီးလိုက်သည့်စာကြောင့် သင်ရို့အား ဝမ်းနည်းစီခလျှင် ထိုစာအတွက် ငါသည် စိတ်မကောင်းမဖြစ်။ ထိုစာသည် သင်ရို့အား ဝမ်းနည်းစီခသော်လည်း သင်ရို့၌ ခဏသာ ခံစားခရသည်ကို ငါမြင်ရသောကြောင့် ငါသည် ဝမ်းနည်းခြင်း မဖြစ်။ အခန်းကိုကြည့်ပါ။ |
ယေသျှုက “ယောဟန်သား သျှိမုန် သင်သည် ငါ့ကို ချစ်သလော” ဟု တတိယအကြိမ် မိန်းတော်မူပြန်၏။ ယေသျှုက “သင်သည် ငါ့ကို ချစ်သလော” ဟု သူ့အား သုံးကြိမ် သုံးလီ မိန်းလာသောကြောင့် ပေတရုသည် ဝမ်းနည်းလာ၏။ ထို့ကြောင့် သူသည် ကိုယ်တော်အား “အသျှင်၊ ကိုယ်တော်သည် အလုံးစုံကို သိတော်မူ၏၊ ကိုယ်တော့်ကို အကျွန် ချစ်သည်ကို ကိုယ်တော်သိပါ၏” ဟု လျှောက်လေ၏။ ယေသျှုက “ငါ၏ သိုးတိကို စောင့်ရှောက်လော့။
ဘုရားသခင်၏ အလိုတော်နှင့်ညီသော ဝမ်းနည်းမှုသည် သင်ရို့၌ ဇာပိုင် လုပ်ဆောင်ခသည်ကို ကြည့်ရှုလော့။ ထိုဝမ်းနည်းမှုသည် သင်ရို့အထဲ၌ ဇာပိုင် စိတ်အားထက်သန်ခြင်း၊ မိမိရို့၌ အပြစ်ကင်းကြောင်း ဖော်ပြရန် အလွန်လိုလားခြင်း၊ မခံမရပ်နိုင်ဖြစ်ခြင်း၊ သတိပီးခြင်း၊ အလွန်တောင့်တခြင်း၊ ဘုရားဖက်၌စိတ်အားကြီးခြင်း၊ ပြစ်မှားသောသူကို ပြစ်ဒဏ်ပီးရန် လိုလားခြင်းများကို လုပ်ဆောင်ခယာ။ သင်ရို့သည် ဤအမှုများတွင် မိမိရို့ အပြစ်ကင်းကြောင်းကို ထင်ရှားစီခယာ။
တိတု ရောက်လာခြင်းကြောင့်သာမက၊ သင်ရို့သည် သူ့အား နှစ်သိမ့်ပီးကြသည့် သတင်းကို သူ့ထံမှ ကြားသိရသည့်အတွက်ကြောင့်လည်း ငါရို့ကို အားတက်စီကြ၏။ သင်ရို့သည် ငါ့အား အလွန် တွိ့လိုသည်ကို လည်းကောင်း၊ ဝမ်းနည်းလျက် ဟိကြောင်းနှင့် ငါ့အား စေတနာစိတ် အလွန် ဟိကြောင်းကို လည်းကောင်း တိတု ပြောပြသဖြင့် ငါသည် သာ၍ပင် ဝမ်းမြောက်လျက်ဟိ၏။