14 မယုံကြည်သူများနှင့် တွဲဖက်၍ မညီသောထမ်းပိုးကို မထမ်းကတ်ကေ့။ ဖြောင့်မတ်ခြင်းသည် မတရားမှုနှင့် မည်သို့ တွဲဖက်နိုင်မည်နည်း။ အလင်းသည်လည်း အမှောင်နှင့် မည်သို့ မိတ်ဖွဲ့နိုင်မည်နည်း။
လောကီသားတိက သင်ရို့ကို မမုန်းနိုင်ကြ။ သို့သော် ငါ့ကိုမူကား မုန်းကြ၏။ အကြောင်းမူကား ငါသည် သူရို့၏ မကောင်းသောအကျင့်များကို ထုတ်ဖော်ပြောဆိုသောကြောင့်ဖြစ်၏။
ပေတရုနှင့် ယောဟန်ရို့သည် လွတ်မြောက်လာပြီးသည်နှင့် ချက်ချင်းပင် မိမိလူစုထံသို့ ပြန်လာကြပြီးလျှင် ယဇ်ပုရောဟိတ်အကြီးအကဲတိနှင့် ဘာသာရေးခေါင်းဆောင်တိ ပြောကြားလိုက်သမျှကို ပြောပြကြ၏။
သင်ရို့သည် သခင်ဘုရား၏ခွက်ဖလားကို သော်လည်းကောင်း၊ နတ်ဆိုးရို့၏ ခွက်ဖလားကို သော်လည်းကောင်း မသောက်နိုင်။ သခင်ဘုရား၏စားပွဲနှင့် နတ်ဆိုးများ၏စားပွဲ နှစ်ခုလုံး၌ မစားနိုင်။
အလွဲမယူကတ်ကေ့။ “အပေါင်းအသင်း မကောင်းလျှင် ကောင်းသောအကျင့်ပင် ပျက်စီးတတ်၏။”
သင်ရို့အား ကာမဂုဏ်လိုက်စားသော သူရို့နှင့် မပေါင်းဖော်စီခြင်းငှာ ယခင်က သင်ရို့ပါးသို့ ရီးလိုက်သောစာ၌ ငါမှာထားခ၏။
သို့ရာတွင် သင်ရို့သည် မယုံကြည်သူ တရားသူကြီးတိ ရှိ့၌ ညီအစ်ကို အချင်းချင်း တရား စီရင်ကြပါသည်တကား။
အိမ်ထောင်ပြုသော မိန်းမသည် မိမိ၏ လင်ယောကျ်ား အသက်ရှင်သမျှ ကာလပတ်လုံး လွတ်လပ်မှုမဟိ။ သို့သော် လင်ယောကျ်ား သီဆုံးလားသောအခါတွင်မူ မိမိဆန္ဒအလျောက် ကြိုက်နှစ်သက်သောသူနှင့် လွတ်လပ်စွာ အိမ်ထောင်ပြုနိုင်၏။ သို့ပိုင်သျှောင် ထိုပေါင်းသင်းမှုသည် ယုံကြည်သူ အချင်းချင်း ပေါင်းသင်းမှုသာလျှင် ဖြစ်ရမည်။
သို့မှသာ သင်ရို့သည် ပျက်စီးယိုယွင်းပြီး ဒုစရိုက်အပြစ်နှင့် ပြည့်နိန်သော လူများ နီထိုင်ရာ ဤလောကတွင် ဘုရားသခင်၏ ပြည့်စုံသော သာသားသမီးများကဲ့သို့ သန့်ယှင်းလျက်၊ အပြစ်နှင့်ကင်းသူများ ဖြစ်ကြလိမ့်မည်။ သင်ရို့သည် ထာဝရအသက်နှင့်ဆိုင်သော တရားတော်ကို ဟောပြောစဉ်၊
ဖောက်ပြန်တတ်သောသူရို့၊ လောကနှင့် မိတ်ဆွီဖွဲ့ခြင်းသည် ဘုရားသခင်ကို ရန်ဘက်ပြုခြင်းဖြစ်သည်ကို သင်ရို့ မသိကြသလော။ ထို့ကြောင့် လောက၏မိတ်ဆွီ ဖြစ်လိုသောသူသည် ဘုရားသခင်၏ရန်သူဖြစ်လာ၏။