7 အကြောင်းမူကား ငါရို့သည် အမြင်အားဖြင့် မဟုတ်ဘဲ ယုံကြည်ခြင်းအားဖြင့် အသက်ရှင်ကြ၏။
ယခု ငါရို့သည် မှန်သားပြင်၌ မထင်မရီမြင်ရသော ပုံကဲ့သို့ တွိ့မြင်ရကြ၏။ ထိုအချိန်၌ကား မျက်ဝါးထင်ထင် တွိ့မြင်ရလိမ့်မည်။ ယခုအခါ ငါသည် မစုံမလင်စွာသိမြင်ရ၏။ ဘုရားသခင်သည် ငါ့ကို စုံလင်စွာ သိမြင်တော်မူသကဲ့သို့ ထိုအခါ၌မူကား ငါသည်လည်း စုံလင်စွာ သိမြင်ရလိမ့်မည်။
သင်ရို့သည် မည်သည့်အရာကို ယုံကြည်ရမည်ကို အမိန့်ပီးရန် ငါရို့ ကြိုးစားနိန်ခြင်းမဟုတ်။ ငါရို့ကလည်း သင်ရို့ဝမ်းမြောက်ခြင်းအတွက် သင်ရို့နှင့်အတူ လုပ်ဆောင်သောသူများသာဖြစ်၏။ အကြောင်းမူကား သင်ရို့၏ ယုံကြည်ခြင်းသည် ခိုင်မာလျက်ဟိကြောင်းကို ငါရို့ သိကြသောကြောင့်ဖြစ်၏။
ထို့ကြောင့် ငါရို့သည် မြင်နိုင်သော အရာများကို အာရုံမစိုက်ဘဲ မမြင်နိုင်သော အရာများကို အာရုံစိုက်ကြ၏။ မြင်နိုင်သော အရာများသည် ခဏတစ်ဖြုတ်သာ တည်သော်လည်း မမြင်နိုင်သောအရာမူကား အမြဲထာဝရတည်သတည်း။
ငါသည် ခရစ်တော်နှင့်အတူ လက်ဝါးကပ်တိုင်ထက်မှာ အသီသတ်ခြင်းကို ခံပြီးယာ။ သို့ဖြစ်၍ ငါသည် ကိုယ်တိုင်အသက်မရှင်ဘဲ ခရစ်တော်သည် ငါ၌ အသက်ရှင်တော်မူ၏။ အဂု ငါ၌ဟိသော အသက်သည် ဘုရားသခင်၏သားတော်ကို ယုံကြည်ခြင်းအားဖြင့် ဖြစ်၏။ ထိုသားတော်သည် ငါ့ကို ချစ်သောကြောင့် ငါ့အတွက် မိမိ၏အသက်ကို စွန့်တော်မူ၏။
ငါ၏ဖြောင့်မတ်သောသူသည် ယုံကြည်ခြင်းအားဖြင့် အသက်ရှင်လိမ့်မည်။ သို့ရာတွင် ထိုသူသည် နောက်သို့ ပြန်လှည့်လျှင် ငါသည် သူ့ကို နှစ်သက်လိမ့်မည်မဟုတ်” ဟူ၍ ဖော်ပြထား၏။
သင်ရို့သည် ကိုယ်တော့်ကို မမြင်ဖူးသော်လည်း ချစ်ကြ၏။ သင်ရို့သည် ကိုယ်တော့်ကို အဂု မမြင်ရသော်လည်း ယုံကြည်ကြပြီး နှုတ်ဖြင့် မဖော်ပြနိုင်သော ဝမ်းမြောက်ခြင်းနှင့် ရွှင်မြူးလျက် ဘုန်းတော်ကို ချီးမွမ်းကြ၏။
သင်ရို့၏ ယုံကြည်ခြင်း၌ ခိုင်ခံ့စွာရပ်တည်လျက် မာရ်နတ်ကို ဆီးတားကြလော့။ ဇာကြောင့်ဆိုသော် သင်ရို့ သိကြသည့်အတိုင်း ကမ္ဘာတစ်ဝန်းလုံး၌ ဟိကြသော သင်ရို့၏ ညီအစ်ကိုများသည်လည်း ဤသို့သော ဆင်းရဲဒုက္ခနှင့် ကြုံတွိ့နိန်သောကြောင့်ဖြစ်၏။