6 ထို့ကြောင့် ငါရို့သည် အမြဲတမ်း ယုံကြည်စိတ်ချမှုနှင့် ပြည့်ဝကြပေသည်။ ဤကိုယ်ခန္ဓာအိမ်၌ ဟိနိန်သမျှကာလပတ်လုံး ငါရို့သည် သခင်ဘုရား၏ အိမ်တော်နှင့် ဝီးကွာလျက်ဟိကြသည်ဟု ငါရို့သည် သိကြ၏။
ယာယီတဲဖြစ်သော ငါရို့၏ မြီကြီးခန္ဓာသည် ပျက်စီးလားလျှင် ကောင်းကင်ဘုံ၌ လူ့လက်ဖြင့် မတည်ဆောက်ဘဲ ဘုရားသခင် တည်ဆောက်တော်မူသော ထာဝရအိမ် ဟိကြောင်းကို ငါရို့ သိကြ၏။
ငါရို့သည် ယုံကြည်စိတ်ချမှုနှင့် ပြည့်ဝကြပြီးလျှင် ဤခန္ဓာအိမ်ကို စွန့်ခွါ၍ သခင်ဘုရားနှင့်အတူ အိမ်တော်၌ နီထိုင်ရန် ပို၍ အလိုဟိကြ၏။
ထို့ကြောင့် သင်ရို့၏ရဲရင့်ခြင်းကို မဆုံးယှုံးစီကတ်ကေ့။ ထိုရဲရင့်ခြင်းသည်ကား ကြီးမြတ်သောအကျိုးကျေးဇူးကို ပီးတတ်၏။
ဤသူရို့အားလုံးသည် ယုံကြည်ခြင်းဖြင့် သီလားကတ်ယာ။ သူရို့သည် ဘုရားသခင် ကတိပီးထားသော အရာများကို မခံစားရခသော်လည်း ထိုအရာများကို အဝီးမှ လှမ်းမြင်၍ လက်ခံကာ မိမိရို့သည် မြီကြီးထက်၌ အာဂန္တုများ၊ သူစိမ်းများသာဖြစ်ကြောင်း ဝန်ခံကြလေ၏။
ဤလောက၌ ငါရို့ အတွက် တည်မြဲသောမြို့ မဟိသောကြောင့် ငါရို့သည် နောင်ဖြစ်လာမည့် မြို့တော်ကို မျှော်လင့်နိန်ကြ၏။
ခရစ်တော်၏ ဆင်းရဲဒုက္ခကို သက်သီခံသောသူ တစ်ဦးအဖြစ် လည်းကောင်း၊ ထင်ရှားလာမည့် ကိုယ်တော်၏ ဘုန်းတော်ကို မျှဝီခံစားသောသူတစ်ဦးအဖြစ် လည်းကောင်း ငါ့နည်းတူ အသင်းတော်၌ အကြီးအကဲတိဖြစ်ကြသော သင်ရို့အား ငါတိုက်တွန်းလိုက်ပါ၏။
ငါ ယောဟန်သည်ကား သင်ရို့၏ အစ်ကိုဖြစ်ပြီး ယေသျှု၏နောက်လိုက် တစ်ယောက်ဖြစ်သည့်နည်းတူ နိုင်ငံတော်နှင့် စပ်ဆိုင်သောကြောင့် ခံရသည့် ဒုက္ခဆင်းရဲကို သင်ရို့နှင့်အတူ သည်းခံနိန်ရသောသူလည်း ဖြစ်၏။ ငါသည် ဘုရားသခင်၏ နှုတ်ကပတ်တော်နှင့် ယေသျှု ဖော်ပြသော သမ္မာတရားကို ဟောပြောကြေညာသည့်အတွက် ပတ်မုကျွန်းသို့ အပို့ခံရ၏။