Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




၂ ကောရိန္သု 5:14 - ဓမ္မသစ်ကျမ်း ရခိုင်ဘာသာစကား

14 ခရစ်တော်၏ မေတ္တာတော်သည် ငါရို့ကို လွှမ်းမိုးလျက်ဟိ၏။ အကြောင်းမူကား တစ်ယောက်သောသူသည် လူတိုင်းအတွက် အသီခံသည်ဖြစ်၍ လူအပေါင်းရို့သည် ထိုသူနှင့်အတူ သီလျက်ဟိကြောင်းကို အဂုအခါ ငါရို့သည် သိကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




၂ ကောရိန္သု 5:14
43 ပူးပေါင်းရင်းမြစ်များ  

လူသားသည် သူတစ်ပါးကို စီခိုင်းရန် ကြွလာခြင်းမဟုတ်၊ လူတိကို ရွီးနုတ်ခြင်းငှာ မိမိအသက်ကို စွန့်၍ အစီခံရန် ကြွလာခြင်းဖြစ်၏” ဟု ဆုံးမသြဝါဒ ပီးတော်မူ၏။


အကြောင်းမူကား ငါ၏သားသည် သီကျလားပြီး တဖန်ပြန်၍ အသက်ရှင်လာ၏။ ပျောက်ဆုံးလားခပြီး ပြန်တွိ့ရ၏’ ဟု ဆိုလေ၏။ ထို့နောက် သူရို့သည် ပျော်ပွဲစားကြလေ၏။


သို့ရာတွင် ငါရို့မှာ ပျော်ပွဲစား၍ ဝမ်းသာစရာအကြောင်း ဟိ၏၊ အကြောင်းမူကား သင်၏ညီသည် သီကျလားခပြီးလျှင် အသက်ပြန်ရှင်လာ၏။ ပျောက်ဆုံးလားခပြီးလျှင် ပြန်တွိ့ရ၏၊’” ဟူ၍ မိန့်တော်မူ၏။


သို့သော် သူရို့က “တစ်နိ့တာကုန်၍ မှောင်စပြုနိန်လို့ အကျွန်ရို့နှင့်အတူ လာတည်းပါ” ဟု ကိုယ်တော်အား မရမက ဖိတ်ခေါ်၏။ ကိုယ်တော်ကလည်း သူရို့နှင့်အတူ တည်းခိုရန် လိုက်လားတော်မူ၏။


နောက်တစ်နိ့၌ ယောဟန်သည် မိမိထံသို့ ယေသျှုကြွလာသည်ကို မြင်သော်၊ “လောကသားရို့၏ အပြစ်ကို ယူဆောင်လားတော်မူမည့် ဘုရားသခင်၏ သိုးသူငယ်တော်ကို ကြည့်ကြလော့။


ယေသျှုကလည်း “ငါသည် ထမြောက်ခြင်းနှင့် အသက်ရှင်ခြင်း ဖြစ်၏။ ငါ့ကို ယုံကြည်သောသူသည် သီလွန်သော်လည်း အသက်ရှင်လိမ့်မည်။


ငါအမှန်ဆိုသည်ကား၊ သီသောသူရို့သည် ဘုရားသခင်သားတော်၏ အသံကို ကြားသောအခါ ပြန်၍ အသက်ရှင်လာမည့် အချိန်သည် လာ၍ အဂုပင် ရောက်လျက်ဟိ၏။


သိလနှင့် တိမောသေသည် မာကေဒေါနိပြည်မှ ရောက်လာကြသောအခါ ပေါလုသည် ယုဒလူမျိုးတိအား ယေသျှုသည် မေသျှိယ ဖြစ်ကြောင်းကို သက်သီခံလျက် မိမိအချိန်အားလုံး၌ တရားဟောခြင်းအမှုကိုသာ ဆောင်ရွက်လေ၏။


ဘုရားသခင်က ထိုကဲ့သို့ ပြုသူများကို အပြစ်စီရင်ခြင်းသည် သမ္မာတရားနှင့် ကိုက်ညီသည်ဟု ငါရို့ သိကြ၏။


သို့သော်လည်း အာဒံ၏ပြစ်မှားခြင်းနှင့် ဘုရားသခင်၏ အခမဲ့လက်ဆောင်သည် ကွာခြား၏။ အကြောင်းမူကား တစ်ယောက်သောသူ၏ ပြစ်မှားခြင်းအားဖြင့် များစွာသောလူအပေါင်းရို့သည် သီခြင်းသို့ ရောက်ကြရ၏။ သို့ရာတွင် ဘုရားသခင်၏ကျေးဇူးတော်သည် သာ၍ ကြီးမြတ်တော်မူသည်ဖြစ်၍ ယေသျှုခရစ်တော်တည်းဟူသော တစ်ယောက်သောသူ၏ ကျေးဇူးအားဖြင့် ဘုရားသခင်၏ အခမဲ့ကျေးဇူးတော်ကို များစွာသောလူအပေါင်းရို့သည် ခံစားကြရ၏။


သင်ရို့၏ကိုယ်အင်္ဂါတိကို ဒုစရိုက် လက်နက်များအဖြစ်ဖြင့် အပြစ်တရားအတွက် မဆက်သကြနှင့်။ သီခြင်းမှ ထမြောက်၍ အသက်ရှင်သောသူများဖြစ်သောကြောင့် သင်ရို့၏ကိုယ်အင်္ဂါတိကို သုစရိုက်လက်နက်အဖြစ် ဖြောင့်မတ်ခြင်းတရားအတွက် ဘုရားသခင်အား ဆက်သကြလော့။


ထို့ပြင် ငါရို့သည် အပြစ်၏ကျွန် မဖြစ်လိုသောကြောင့် ငါရို့၏ခန္ဓာဟောင်းကို ဖျက်ဆီးခြင်းငှာ လက်ဝါးကပ်တိုင်မှာ ခရစ်တော်နှင့်အတူ အသီခံထားကြပြီဟု သိကြ၏။


ဇာသူမဆို သခင်ဘုရားကို မချစ်လျှင် — ကျိန်စာသင့်စီသတည်း။ “မာရားနာထာ” သခင်ဘုရား ကြွလာတော်မူပါ။


ဇာတိပကတိလူသည် ဘုရားသခင်၏ ဝိညာဉ်တော် ချပီးသည့်ဆုကျေးဇူးများကို မခံယူနိုင်။ သို့သော် ထိုသူရို့သည် ထိုအရာများကို အချည်းနှီးသောအရာများဟု ထင်မှတ်တတ်ကြ၏။ အကြောင်းမူကား ဝိညာဉ်တော်အားဖြင့်သာလျှင် ထိုအရာများကို သိနိုင်သည်ဖြစ်သောကြောင့် သူရို့သည် နားမလည်နိုင်ကြပေ။


ကျောက်ပြားထက်၌ ပညတ်တရားကို ရီးထွင်းစဉ်က ဘုရားသခင်၏ ဘုန်းတန်ခိုးတော် ထွန်းလင်းတောက်ပတော်မူ၏။ တဖြည်းဖြည်း မှေးမှိန်တတ်သော ရောင်ခြည်တည်းဟူသော မောသျှေ၏ မျက်နှာမှထွက်သော ရောင်ခြည်ကြောင့် ဣသရေလအမျိုးသားရို့သည် သူ့ကို စိ့စိ့ မကြည့်နိုင်ကြ။ သီခြင်းတရားကို ဖြစ်ပေါ်စီသည့် ပညတ်တရားကို ဤသို့သော ဘုန်းတန်ခိုးတော်ဖြင့် တောက်ပတော်မူပါလျှင်၊


အပြစ်ဒဏ်စီရင်ခြင်းနှင့် သက်ဆိုင်သော တရားသည် ဘုန်းတန်ခိုးတော်နှင့်ပြည့်စုံပါလျှင် ဖြောင့်မတ်ခြင်းနှင့်သက်ဆိုင်သော လုပ်ဆောင်မှုသည် ဇာလောက် သာလွန်၍ ဘုန်းတန်ခိုးတော်နှင့် ပြည့်စုံလိမ့်မည်နည်း။


ငါသည် ခရစ်တော်နှင့်အတူ လက်ဝါးကပ်တိုင်ထက်မှာ အသီသတ်ခြင်းကို ခံပြီးယာ။ သို့ဖြစ်၍ ငါသည် ကိုယ်တိုင်အသက်မရှင်ဘဲ ခရစ်တော်သည် ငါ၌ အသက်ရှင်တော်မူ၏။ အဂု ငါ၌ဟိသော အသက်သည် ဘုရားသခင်၏သားတော်ကို ယုံကြည်ခြင်းအားဖြင့် ဖြစ်၏။ ထိုသားတော်သည် ငါ့ကို ချစ်သောကြောင့် ငါ့အတွက် မိမိ၏အသက်ကို စွန့်တော်မူ၏။


ဇာခါမျှ မပျက်ပြယ်နိုင်သော မေတ္တာဖြင့် ငါရို့ အသျှင်ယေသျှုခရစ်တော်ကို ချစ်ကြသော လူအပေါင်းရို့၌ ဘုရားသခင်၏ ကျေးဇူးတော်သည် သက်ရောက်ပါစီသောဝ်။


သင်ရို့သည် တစ်ချိန်က သင်ရို့၏အပြစ်များကြောင့် လည်းကောင်း၊ ပညတ်တရားကို မခံယူသော တစ်ပါးအမျိုးသားများ ဖြစ်ခြင်းကြောင့် လည်းကောင်း ဝိညာဉ်ရေးရာ၌ သီဆုံးနိန်သောသူများ ဖြစ်ခကြ၏။ သို့သော် အဂုတွင် ဘုရားသခင်သည် သင်ရို့အား ခရစ်တော်နှင့်အတူ အသက်ရှင်စီတော်မူ၏။ ဘုရားသခင်သည် ငါရို့၏ အပြစ်အားလုံးကို ခွင့်ရွှတ်တော်မူ၍၊


အကြောင်းမူကား သင်ရို့သည် သီဆုံးခပြီး ဖြစ်သောကြောင့် အဂုတွင် သင်ရို့၏အသက်သည် ခရစ်တော်နှင့်အတူ ဘုရားသခင်၌ ဝှက်ထားလျက် ဟိ၏။


ကိုယ်တော်သည် လူတိုင်းကို ရွီးနုတ်တော်မူရန် မိမိကိုယ်ကို စွန့်ပီးတော်မူ၏။ ဤသည်ကား ကာလအချိန်ရောက်သောအခါ ဘုရားသခင်သည် လူတိုင်းကို ကယ်တင်ရန် အလိုဟိကြောင်း သက်သီပြတော်မူခြင်းပင် ဖြစ်၏။


သို့ရာတွင် အပျော်အပါးတပ်မက်သော မုဆိုးမသည်ကား အသက်ရှင်လျက်ဟိသော်လည်း အသီဖြစ်၏။


အကြောင်းမူကား တစ်ချိန်က ငါရို့သည်လည်း မိုက်မဲသောသူ၊ နာခံခြင်းမဟိသောသူ၊ လှည့်ဖြားသောသူတိ ဖြစ်ကြပြီး၊ အမျိုးမျိုးသော တပ်မက်ခြင်းနှင့် ကာမဂုဏ်ခံစားခြင်းတိ၌ ကျွန်ခံ၍ မနာလိုမှု၊ ရန်ငြိုးထားမှုများ၌ ကျင်လည်ကာ တစ်ယောက်ကို တစ်ယောက် မုန်းတီးလျက် အသက်ရှင်ခကြ၏။


သို့ရာတွင် ဘုရားသခင်၏ကျေးဇူးတော်အားဖြင့် လူတိုင်းအတွက် အသီခံခြင်းငှာ ကောင်းကင်တမန်တိအောက် ခေတ္တမျှ နှိမ့်ချထားခြင်းကို ခံရသော ယေသျှုကို ငါရို့သည် မြင်ကြရပြီ။ ထိုအသျှင်သည် မိမိအသီခံတော်မူခြင်းကြောင့် ဘုန်းတန်ခိုးတော်ဖြင့်လည်းကောင်း၊ ဂုဏ်အသရေဖြင့်လည်းကောင်း ချီးမြှောက်ခြင်းခံရသည်ကို ငါရို့ မြင်တွိ့ကြရ၏။


ဘုရားသခင်သည် တရားမျှတမှုမဟိသော အသျှင်မဟုတ်ပေ။ သင်ရို့ဆောင်ရွက်ခသောအမှုကို လည်းကောင်း၊ အခြားသော ခရစ်ယာန်ညီအစ်ကိုများ ကူညီမစခြင်းအားဖြင့် ကိုယ်တော်သျှင်အား ပြသသော သင်ရို့၏ချစ်ခြင်းမေတ္တာကို လည်းကောင်း ဘုရားသခင်သည် မိ့လျော့လိမ့်မည် မဟုတ်ပေ။


သင်ရို့သည် ကိုယ်တော့်ကို မမြင်ဖူးသော်လည်း ချစ်ကြ၏။ သင်ရို့သည် ကိုယ်တော့်ကို အဂု မမြင်ရသော်လည်း ယုံကြည်ကြပြီး နှုတ်ဖြင့် မဖော်ပြနိုင်သော ဝမ်းမြောက်ခြင်းနှင့် ရွှင်မြူးလျက် ဘုန်းတော်ကို ချီးမွမ်းကြ၏။


ငါရို့သည် ဘုရားသခင်၏ သားသမီးတိ ဖြစ်ကြသည်ကို လည်းကောင်း၊ လောကတစ်ခုလုံးသည် မာရ်နတ်၏ အုပ်ချုပ်မှုအောက်၌ ဟိကြသည်ကို လည်းကောင်း ငါရို့ သိကြ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ