1 ယာယီတဲဖြစ်သော ငါရို့၏ မြီကြီးခန္ဓာသည် ပျက်စီးလားလျှင် ကောင်းကင်ဘုံ၌ လူ့လက်ဖြင့် မတည်ဆောက်ဘဲ ဘုရားသခင် တည်ဆောက်တော်မူသော ထာဝရအိမ် ဟိကြောင်းကို ငါရို့ သိကြ၏။
“ဤသူကား၊ လူ့လက်ဖြင့် ဆောက်လုပ်ထားသော ဤဗိမာန်တော်ကို ငါ ဖြိုဖျက်ပြီးလျှင် လူ့လက်ဖြင့် မဆောက်ရသော ဗိမာန်တော်ကို သုံးရက်အတွင်း ငါ တည်ဆောက်မည်ဟု ပြောသည်ကို အကျွန်ရို့ကိုယ်တိုင် ကြားပါ၏” ဟု မမှန်သော သက်သီကို ထွက်ဆိုကြ၏။
“သို့သော်လည်း အမြင့်ဆုံးသောဘုရားသခင်သည် လူ့လက်ဖြင့် တည်ဆောက်သည့် အိမ်တိ၌ ကိန်းဝပ်တော်မမူ။ ထိုအကြောင်းအရာနှင့်ပတ်သက်၍ ပရောဖက်က၊
ငါရို့သည် ဘုရားသခင်ထံတော်၌ အတူတကွ လုပ်ဆောင်ကြသော လုပ်ဖော်ကိုင်ဖက်များသာ ဖြစ်ကြ၏။ သင်ရို့သည်ကား ဘုရားသခင်၏ ဥယျာဉ် ဖြစ်ကြ၏။ သင်ရို့သည် ဘုရားသခင်၏ ဗိမာန်တော်လည်းဖြစ်ကြ၏။
သို့သော် အလွန်ထူးမြတ်သော တန်ခိုးသည် ငါရို့ပါးက မဟုတ်ဘဲ ဘုရားသခင်ထံမှ ဖြစ်ကြောင်းကို ထင်ရှားစီရန် မြီအိုးထဲ၌ ထည့်ထားသော ဤဝိညာဉ်ဘဏ္ဍာသည် ငါရို့၌ ဟိ၏။
ထိုမြီကြီးခန္ဓာ၌ နီရစဉ် ငါရို့သည် ဒုက္ခကို ခံစားရ၍ ညည်းတွားကြ၏။ ထိုသို့ ညည်းတွားခြင်းမှာ ငါရို့၏ မြီကြီးခန္ဓာကို ဖယ်ယှားလို၍မဟုတ်။ သီတတ်သောအရာကို အမြဲတမ်း အသက်ရှင်သည့်အရာသို့ ပြောင်းလဲစီရန် ကောင်းကင်ဘုံနှင့်ဆိုင်သော ခန္ဓာကို လိုချင်သောကြောင့်ဖြစ်၏။
သင်ရို့သည် ခရစ်တော်၌ အရီဖျားလှီးခြင်းကို ခံယူခြင်းမှာ လူ့လက်ဖြင့် လုပ်ဆောင်ခြင်း မဟုတ်။ ဇာတိအပြစ်၏တန်ခိုးမှ လွတ်မြောက်စီသော ခရစ်တော်အားဖြင့် အရီဖျားလှီးခြင်းကို ခံယူခြင်းဖြစ်၏။
သို့ဖြစ်၍ ထိုအမှုကို ပြုသောကြောင့် ငါသည် ဤဒုက္ခများကို ခံစားနိန်ရ၏။ သို့သော်လည်း ငါယုံကြည်ကိုးစားသော အသျှင်ကို ငါသိသောကြောင့် ငါ၌ ယုံကြည်မှု အပြည့်ဟိ၏။ ထို့နောက် ကိုယ်တော်သည် ငါ့ကို အပ်နှံသည့် နိ့ရက်တိုင်အောင် လုံခြုံစွာ ကွယ်ကာထားနိုင်စွမ်းဟိသည်ကို ငါသည် လုံးဝ ယုံကြည်စိတ်ချလျက်ဟိ၏။
အကြောင်းမူကား အာဗြဟံသည် ခိုင်ခံ့သည့် အုတ်မြစ်နှင့် ဘုရားသခင် တည်ဆောက်တော်မူသော မြို့တော်ကို မျှော်လင့်နိန်ခ၏။
သို့ရာတွင် ခရစ်တော်သည် ကောင်းသောအရာအားလုံး၏ ယဇ်ပုရောဟိတ်မင်းအဖြစ်ဖြင့် ကြွလာတော်မူ၏။ ကိုယ်တော် အမှုတော်ဆောင်သည့် တဲတော်သည် သာ၍ ကြီးမြတ်ပြည့်စုံတော်မူ၏။ အကြောင်းမူကား ထိုတဲတော်သည် လူ့လက်ဖြင့် တည်ဆောက်ထားသောအရာ မဟုတ်သည့်အပြင် ဖန်ဆင်းခံဖြစ်သော ဤလောက၏အရာများနှင့်လည်း မသက်ဆိုင်ပေ။
အကြောင်းမူကား ခရစ်တော်သည် စစ်မှန်သောအရာ၏ပြယုဂ်ဖြစ်သည့် လူ့လက်ဖြင့် လုပ်ထားသော သန့်ယှင်းသောနီရာသို့ ဝင်တော်မမူခပေ။ သို့သော် ယခုတွင် ဘုရားသခင်၏မျက်မှောက်တော်၌ ငါရို့အတွက် ထင်ရှားစီရန် ကောင်းကင်ဘုံသို့ ဝင်ရောက်တော်မူ၏။
ကိုယ်တော်၏ လူစုတော်အတွက် ဘုရားသခင် လျာထားတော်မူသော ချမ်းသာခြင်း ကောင်းကြီးမင်္ဂလာများကို ခံစားနိုင်ရန် ငါရို့ မျှော်မှန်းလျက် ဟိကြ၏။ ကိုယ်တော်သည် ထိုချမ်းသာခြင်း ကောင်းကြီးမင်္ဂလာများကို ယိုယွင်း၊ ပျက်စီး၊ မှေးမှိန်၍ မလားနိုင်သော ကောင်းကင်ဘုံတွင် သင်ရို့အဖို့ သိုထားလျက်ဟိ၏။
ဤအရာ အားလုံးသည် ဤသို့ ပျက်စီးလားရမည် ဖြစ်သောကြောင့် သင်ရို့သည် မည်သို့သောသူတိ ဖြစ်သင့်ကြသနည်း။ သင်ရို့သည် သန့်ယှင်းစွာ အသက်ရှင်လျက် ဘုရားသခင်ထံ ဆက်ကပ်အပ်နှံခြင်းအားဖြင့်၊
ငါရို့၏ ညီအစ်ကိုမောင်နှမတိကို ချစ်သည့်အတွက်ကြောင့် သီခြင်းတရားမှ အသက်ရှင်ခြင်းသို့ ကူးပြောင်းပြီး ဖြစ်ကြောင်းကို ငါရို့ သိကြ၏။ မိမိ၏ ညီအစ်ကိုမောင်နှမကို မချစ်သောသူသည် သီခြင်းတရား၏ တန်ခိုးအောက်၌သာ ဟိနိန်သိမ့်၏။
ဤသို့ဖြင့် ငါရို့သည် သမ္မာတရားနှင့် သက်ဆိုင်သောသူတိဖြစ်ကြောင်းကို သိကြ၍ ဘုရားသခင်၏ မျက်မှောက်တော်၌ စိတ်ချမှုကို ရဟိကြလိမ့်မည်။
အဆွီရို့၊ အဂုအခါ ငါရို့သည် ဘုရားသခင်၏ သားသမီးတိ ဖြစ်ကြသော်လည်း နောင်အခါ၌ မည်သို့သောသူတိ ဖြစ်လာမည်ကို ယှင်းလင်းစွာ မသိရကတ်သိမ့်။ သို့ရာတွင် ခရစ်တော် ပေါ်ထွန်းတော်မူသောအခါ ကိုယ်တော်၏ ပကတိအဖြစ်တော်အတိုင်း မြင်ရကြမည်ဖြစ်၍ ငါရို့သည် ကိုယ်တော်နှင့် တူကြမည်ကို ငါရို့သိကြ၏။