Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




၂ ကောရိန္သု 4:4 - ဓမ္မသစ်ကျမ်း ရခိုင်ဘာသာစကား

4 ထို့ကြောင့် ဤလောကကို အစိုးရသောဘုရားသည် မယုံကြည်သောသူရို့၏စိတ်ကို အမှောင်ဖုံးထားသဖြင့် ဘုရားသခင်၏ ပုံသဏ္ဌာန်တော်တည်းဟူသော ခရစ်တော်၏ ဘုန်းတန်ခိုးတော်အကြောင်း သတင်းကောင်း၏ အလင်းကို သူရို့သည် မမြင်ရကြ။

အခန်းကိုကြည့်ပါ။ ကော်ပီ




၂ ကောရိန္သု 4:4
42 ပူးပေါင်းရင်းမြစ်များ  

ဆူးပင်များကြား၌ ကျသောမျိုးစိဟူသည်ကား တရားစကားကို ကြားသော်လည်း ဤဘဝအတွက် စိုးရိမ်စိတ်များနှင့် လောကီတပ်မက်မှုများက တရားစကားကို လွှမ်းမိုးကြီးစိုးထားသဖြင့် အသီးမသီးနိုင်သောသူကို ဆိုလိုခြင်းဖြစ်၏။


နှုတ်ကပတ်တော်သည် လူ့ဇာတိကို ခံယူ၍ ကျေးဇူးတော်နှင့်လည်းကောင်း၊ သစ္စာတော်နှင့်လည်းကောင်း ပြည့်စုံလျက် ငါရို့တွင် နီထိုင်တော်မူ၏။ ငါရို့သည် ထိုသူ၏ ဘုန်းတန်ခိုးတော်ကို ဖူးမြင်ရကြ၏။ ထိုဘုန်းတန်ခိုးတော်ကား ခမည်းတော်၌ တစ်ပါးတည်းသော သားတော်၏ ဘုန်းတန်ခိုးတော်ကဲ့သို့ ဖြစ်၏။


ဇာသူမျှ ဘုရားသခင်ကို မမြင်ဖူးကြသော်လည်း ခမည်းတော်၏ ရင်ခွင်၌ ဟိတော်မူသည့် ဘုရားသခင် ဖြစ်တော်မူသော တစ်ပါးတည်းသော သားတော်သည် ဘုရားသခင်အား ထင်ရှားစီတော်မူ၏။


ဤလောကသည် အဂုပင် တရားစီရင်ခြင်းကို ခံရမည့်အချိန် ဖြစ်၏။ ဤလောကကို အုပ်ချုပ်သူကလည်း အဂုပင် အပြင်သို့ နှင်ထုတ်ခြင်းကို ခံရ၏။


ယေသျှုကလည်း၊ “အလင်းသည် သင်ရို့၌ ခဏသာ ဟိလိမ့်မည်။ သင်ရို့အား အမှောင် မဖုံးလွှမ်းစီရန် အလင်းဟိစဉ်၌ လားလာကြလော့။ အမှောင်၌ လားလာနိန်သူသည် ဇာအရပ်သို့ လားလာသည်ကိုမသိ။


“ဘုရားသခင်သည် သူရို့မျက်စိကို ကွယ်စီတော်မူ၏၊ သူရို့၏ စိတ်နှလုံးကို မိုက်စီသောကြောင့်၊ သူရို့မျက်စိသည် မမြင်နိုင်၊ သူရို့၏ စိတ်နှလုံးသည် နားမလည်နိုင်၊ သူရို့သည် နောင်တမရနိုင်ကြသောကြောင့်၊ သူရို့သည် ကျန်းမာခြင်းကို မရကြ ဟူ၍ ဘုရားသခင်မိန့်တော်မူ၏” ဟု ဆို၏။


ငါ့ကို မြင်သောသူသည်လည်း ငါ့ကို စီရွှတ်တော်မူသော သူကိုလည်း မြင်၏။


လောကကို အုပ်ချုပ်သူသည် လာနိန်သောကြောင့် ငါသည် သင်ရို့နှင့် အချိန်အကြာကြီး စကားမပြောနိုင်ယာ။ သူသည် ငါ့ကို မည်သို့မျှ မပြုနိုင်။


ငါသည် တစ်စုံတစ်ယောက်မျှ မပြုဖူးသော အရာများကို သူရို့ ရှိ့မှာ မပြုလုပ်ခလျှင် သူရို့၌ အပြစ်ဟိကြလိမ့်မည်မဟုတ်။ သို့ရာတွင် အဂု ငါပြုသောအမှုကို သူရို့သည် မြင်ကြလျက်ပင် ငါနှင့် ငါ့ခမည်းတော်ကို မုန်းကြခြင်းဖြစ်၏။


ဤလောကကို အုပ်စိုးသောသူသည် တရားစီရင်ခြင်းကို ခံရသောကြောင့် သူရို့သည် တရားစီရင်ခြင်းအကြောင်းနှင့် ပတ်သက်၍ မှားယွင်းလျက်ဟိကြ၏။


တဖန် ယေသျှုက ဖာရိယှဲရို့အား “ငါသည် လောက၏ အလင်းဖြစ်၏။ ငါ့နောက်သို့ လိုက်သောသူသည် အသက်၏အလင်းကို ရကြပြီးလျှင် မှောင်မိုက်ထဲ၌ လုံးဝ လျှောက်လားရလိမ့်မည် မဟုတ်” ဟု မိန့်တော်မူ၏။


သင်သည် တခြားလူမျိုးရို့၏မျက်စိကို ဖွင့်ပီး၍ ထိုသူရို့ကို မှောင်မိုက်ထဲမှ အလင်းတော်သို့ ကူးပြောင်းစီကာ စာတန်မာရ်နတ်၏တန်ခိုးအာဏာစက်မှ ဘုရားသခင်၏ အာဏာစက်သို့ ကူးပြောင်းစီရမည်။ အကြောင်းမူကား သူရို့သည် ငါ့ကို ယုံကြည်ခြင်းအားဖြင့် သူရို့၌ ဟိသမျှသောအပြစ်မှ ခွင့်ရွှတ်ခြင်းကို ရပြီးလျှင်၊ ဘုရားသခင် ရွီးချယ်ထားသောလူစု၌ နီရာကျစီရန်ဖြစ်၏’ ဟု ဆိုလေ၏။


ထိုအကြောင်းအရာကား၊ မေသျှိယသည် ဒုက္ခဝေဒနာခံရပြီး သီခြင်းမှ အယင်ဦးဆုံး ထမြောက်သောသူ ဖြစ်သည်နှင့်အညီ ယုဒလူမျိုးရို့နှင့် တခြားလူမျိုးရို့၌ ကယ်တင်ခြင်းအလင်းကို ပီးတော်မူလိမ့်မည်” ဟူ၍ ဖြစ်၏။


ထိုသို့ ငါ မဆိုလို။ ဘုရားသခင်အား မကိုးကွယ်သောသူရို့၏ ပူဇော်သောယဇ်သည် နတ်ဆိုးများကို ပူဇော်သောယဇ်သာလျှင် ဖြစ်ပြီး၊ ဘုရားသခင်အား ပူဇော်သောယဇ် မဟုတ်ကြောင်းကိုသာလျှင် ဆိုလို၏။ ငါသည် သင်ရို့အား နတ်ဆိုးများနှင့် ဆက်ဆံခြင်း မဟိစီလို။


ထိုသို့ပြုလျှင် စာတန်သည် ငါရို့ကို အနိုင်မရစီရန် တားဆီးနိုင်မည်။ ဇာကြောင့်ဆိုသော် ငါရို့သည် စာတန်၏ အကြံအစည်များကို သိသောကြောင့်ဖြစ်၏။


ခရစ်တော်၏အကြောင်း သတင်းကောင်းကို ဟောပြောရန် တရောမြို့သို့ ငါရောက်လာသောအခါ အမှုတော်ကို ထမ်းဆောင်နိုင်ရန်အတွက် သခင်ဘုရားသည် ငါ့အား တန်းခါးကို ဖွင့်ပီးတော်မူ၏။


မတည်မြဲသောအရာ၌ ဘုန်းတန်ခိုးတော်သည် တည်ဟိခပါလျှင် ထိုဘုန်းတန်တော်သည် ထာဝရ တည်မြဲသောအရာ၌ ဇာလောက်ထိ တည်ဟိလိမ့်မည်နည်း။


ထိုသူရို့၏ စိတ်နှလုံးသည် ခိုင်မာလျက်ဟိ၍ ဤနိ့တိုင်အောင် ပဋိညာဉ်တရားဟောင်းကို ဖတ်သောအခါ သူရို့၏စိတ်နှလုံးသည် ထိုပုဝါပိုင်းဖြင့် ဖုံးအုပ်လျက်ဟိ၏။ ခရစ်တော်အားဖြင့်သာလျှင် ထိုပုဝါပိုင်းကို ဖယ်ယှားရ၏။


ငါရို့အားလုံးသည် မျက်နှာကို မဖုံးအုပ်ဘဲ ဘုရားသခင်၏ ဘုန်းတန်ခိုးတော်သည် ထင်ဟပ်လျက် ဟိကြ၏။ ထိုဘုန်းတန်ခိုးတော်သည် သခင်ဘုရားထံမှ လာသော ဝိညာဉ်တော်ဖြစ်၏။ ထိုဝိညာဉ်တော်သည် ကြီးစွာသော ဘုန်းတန်ခိုးတော်၌ ကိုယ်တော်၏ ပုံသဏ္ဌာန်တော်နှင့်အညီ ငါရို့ကို ပြောင်းလဲစီတော်မူ၏။


ခရစ်တော်၏ မျက်နှာတော်တွင် ထွန်းလင်းလျက်ဟိသော ဘုရားသခင်၏ ဘုန်းတန်ခိုးတော်အကြောင်းကို သိနိုင်စီခြင်းငှာ ငါရို့၏ စိတ်နှလုံး၌ အလင်းကို ထွန်းလင်းစီတော်မူသော ဘုရားသခင်ကား “အမှောင်ထဲမှ အလင်းပေါ်ထွန်းလိမ့်မည်” ဟု မိန့်တော်မူခသော ဘုရားသခင်ပင် ဖြစ်သတည်း။


ငါရို့အဖ ဘုရားသခင်၏ အလိုတော်နှင့်အညီ ခရစ်တော်သည် ငါရို့အား ဤဆိုးယုတ်သော မျက်မှောက်ကာလမှ ကယ်တင်နိုင်ရန် ငါရို့၏အပြစ်တိအတွက် မိမိကိုယ်ကို စွန့်တော်မူ၏။


ထိုကာလ၌ သင်ရို့သည် လောက၏ဆိုးညစ်သော လမ်းသို့ လိုက်ခကြ၏။ သင်ရို့သည် အာကာသကောင်းကင်၌ဟိသော ဝိညာဉ်တန်ခိုးများကို အစိုးရသောသူကို နာခံသောသူများဖြစ်ပြီး၊ ထိုသူသည်ကား အဂုအခါ ဘုရားသခင်၏ အလိုကို မနာခံသောသူရို့၌ လုပ်ဆောင်နိန်သောသူဖြစ်၏။


အကြောင်းမူကား ငါရို့သည် အသွီးအသားဟိသော သူရို့နှင့် ဆိုင်ပြိုင်တိုက်ခိုက် ကြရသည်မဟုတ်။ ကောင်းကင်အရပ်မှလာသည့် ဆိုးယုတ်သော ဝိညာဉ်တန်ခိုးသျှင်နှင့် လည်းကောင်း၊ ဤမှောင်မိုက်သော လောကကို အုပ်စိုးသော သူတိ၊ တန်ခိုးသျှင်တိနှင့် လည်းကောင်း၊ အာဏာစက်တိနှင့် လည်းကောင်း ဆိုင်ပြိုင်တိုက်ခိုက်ကြရ၏။


ကိုယ်တော်သည် ဘုရားဇာတိတော်နှင့် အစဉ်အမြဲ ပြည့်စုံတော်မူ၏။ သို့သော် အဓမ္မနည်းဖြင့် ဘုရားသခင်နှင့် တန်းတူဖြစ်စီခြင်းငှာ ကြိုးစားသင့်သည်ဟု ထင်မှတ်တော်မမူ။


ခရစ်တော်သည် မျက်စိဖြင့်မမြင်နိုင်သော ဘုရားသခင်၏ပုံသဏ္ဌာန်တော် ဖြစ်တော်မူ၏။ ကိုယ်တော်သည် သားဦးဖြစ်တော်မူသဖြင့် ဖန်ဆင်းခံအရာ အားလုံးထက် ကြီးမြတ်တော်မူ၏။


ဘုရားသခင်သည် လူမျိုးအပေါင်းရို့အတွက် ဘုန်းတော်နှင့် ပြည့်စုံသည့် လျှို့ဝှက်နက်နဲသောအရာကို မိမိလူစုတော်အား သိစီရန် အလိုတော် ဟိတော်မူ၏။ ထိုလျှို့ဝှက်နက်နဲသောအရာကား ခရစ်တော်သည် သင်ရို့အထဲ၌ ကျိန်းဝပ်နိန်ခြင်းပင်ဖြစ်၏။ တစ်နည်းအားဖြင့်ဆိုသော် သင်ရို့သည် ဘုရားသခင်၏ ဘုန်းတော်ကို မျှော်လင့်ရမည် အကြောင်းဖြစ်၏။


ဟောပြောရန် ငါ့ကို ပီးအပ်ထားသော သတင်းကောင်းတရား၌ ထိုသွန်သင်ချက်ကို တွိ့ရ၏။ ထိုသတင်းကောင်းတရားသည်ကား ဘုန်းတန်ခိုးတော် မင်္ဂလာအပေါင်းနှင့် ပြည့်စုံတော်မူသော ဘုရားသခင်ထံမှ လာခြင်းဖြစ်၏။


ငါရို့၏ ကြီးမြတ်တော်မူသော ဘုရားသခင်နှင့် ကယ်တင်သျှင် ယေသျှုခရစ်တော်၏ဘုန်းတန်ခိုးတော် ပေါ်ထွန်းခြင်းတည်းဟူသော ကောင်းကြီးမင်္ဂလာနှင့် သက်ဆိုင်သော မျှော်လင့်ခြင်းကို စောင့်မျှော်လျက်နိန်ကြရန် လည်းကောင်း ဘုရားသခင်သည် ငါရို့အား ဆုံးမသွန်သင်လျက် ဟိ၏။


သားတော်သည် ဘုရားသခင်၏ဘုန်းတော်ကို ထွန်းတောက်စီတော်မူပြီး တိကျမှန်ကန်သော ဘုရားသခင်၏ဇာတိတော် ဖြစ်၏။ မိမိ၏တန်ခိုးနှင့် ပြည့်စုံတော်မူသော နှုတ်ကပတ်တော်အားဖြင့် စကြဝဠာကို တည်စီတော်မူ၏။ လူသားတိကို အပြစ်မှ လွတ်မြောက်ရန် ဆောင်ရွက်ပီးပြီးနောက် ကောင်းကင်ဘုံ၌ အနန္တတန်ခိုးသျှင် ဘုရားသခင်၏ လက်ယာတော်ဖက်တွင် ထိုင်တော်မူ၏။


မိမိရို့၏ယုံကြည်ခြင်းကို စွန့်ပစ်သောသူရို့သည် နောက်တဖန် ဇာပိုင် နောင်တရနိုင်ပါအံ့နည်း။ အကြောင်းမူကား သူရို့သည် တစ်ခါက ဘုရားသခင်၏အလင်းအောက်၌ ကောင်းကင်ဆုကျေးဇူးကို မြည်းစမ်းဖူးသောသူ၊ သန့်ယှင်းသောဝိညာဉ်တော်ကို ခံယူဖူးသောသူ၊


ထို့အပြင် ပို၍ စိတ်ချရသော ပရောဖက်များ ဟောပြောထားသည့် ဗျာဒိတ်စကားလည်း ငါရို့၌ ဟိ၏။ ထိုဗျာဒိတ်စကားသည် အာရုဏ်တက်သည့်တိုင်အောင် အမှောင်ထဲ၌ ထွန်းလင်းနိန်သည့် ဆီမီးခွက်ကဲ့သို့ ဖြစ်ပြီး မိုးသောက်ကြယ်၏ အလင်းသည်လည်း သင်ရို့စိတ်နှလုံးထဲ၌ ထွန်းလင်းလျက်ဟိသောကြောင့် သင်ရို့သည် ထိုဗျာဒိတ်စကားကို ကြားခြင်းငှာ ဂရုစိုက်ကြလော့။


သို့ရာတွင် ညီအစ်ကိုမောင်နှမကို မုန်းသောသူသည်ကား မှောင်မိုက်၌ ဟိ၏။ ထိုသူသည် မှောင်မိုက်၌ လျှောက်လှမ်းလျက် ဟိသည်ဖြစ်၍ မှောင်မိုက်သည် ထိုသူ၏ မျက်စိကို ကွယ်စီသဖြင့် သူသည် မိမိ မည်သည့်အရပ်သို့ လားနိန်သည်ကို မသိ။


သို့သော်လည်း သင်ရို့ထံသို့ အဂု ငါရီးလိုက်သောစာသည် အသစ်သော ပညတ်တော်ဖြစ်၏။ ထိုသို့မှန်ကန်သည့် အသစ်သော ပညတ်တော် ဖြစ်ကြောင်းကို ခရစ်တော်၌ လည်းကောင်း၊ သင်ရို့၌ လည်းကောင်း မြင်တွိ့ရ၏။ ဇာကြောင့်ဆိုသော် မှောင်မိုက်သည် ရွိ့လားကွယ်ပျောက်၍ စစ်မှန်သော အလင်းသည် ထွန်းတောက်လျက် ဟိ၏။


ငါရို့သည် ဘုရားသခင်၏ သားသမီးတိ ဖြစ်ကြသည်ကို လည်းကောင်း၊ လောကတစ်ခုလုံးသည် မာရ်နတ်၏ အုပ်ချုပ်မှုအောက်၌ ဟိကြသည်ကို လည်းကောင်း ငါရို့ သိကြ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ