Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




၂ ကောရိန္သု 4:3 - ဓမ္မသစ်ကျမ်း ရခိုင်ဘာသာစကား

3 အကယ်၍ ငါရို့ဟောပြောသည့် ဧဝံဂေလိတရားသည် ဖုံးအုပ်လျက်ဟိလျှင် ပျက်စီးဆုံးရှုံးခြင်းသို့ ရောက်သောသူတိအတွက်သာ ဖြစ်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




၂ ကောရိန္သု 4:3
11 ပူးပေါင်းရင်းမြစ်များ  

ထိုအခါ ယေသျှုက “ကောင်းကင်နှင့် မြီကြီး၏အသျှင်သခင်ဖြစ်တော်မူသောအဖ၊ ကိုယ်တော်သည် ပညာဟိတိအား ဝှက်ထားသောအရာများကို အသျှေတိအား ဖွင့်ပြကာ သွန်သင်တော်မူသောကြောင့် ကျေးဇူးတော်ကို ချီးမွမ်းပါ၏။


သို့ဖြစ်၍ ငါဟောပြောသော သတင်းကောင်းတရားသည်ကား ဘုရားသခင်သည် လူတိစိတ်နှလုံးထဲ၌ လျှို့ဝှက်ထားသမျှသောအကြံအစည်များကို ယေသျှုခရစ်တော်အားဖြင့် တရားစီရင်မည့်နိ့ရက်၌ ဇာပိုင်ဖြစ်လာမည်ကို ဟောပြောခြင်းဖြစ်၏။


အကြောင်းမူကား၊ ပျက်စီးခြင်းသို့ ရောက်သောသူရို့ဖို့ လက်ဝါးကပ်တိုင်ထက်၌ ခရစ်တော်၏ အသီခံတော်မူခြင်းတရားသည် အဓိပ္ပာယ်မဟိသော တရားဖြစ်၏။ သို့ရာတွင် ကယ်တင်ခြင်းခံရသော ငါရို့အတွက်မူကား ဘုရားသခင်၏ တန်ခိုးတော်ဖြစ်၏။


ငါသည် ဉာဏ်ပညာနှင့် ယှဉ်သောစကားကို ဝိညာဉ်ရေးရာ ရင့်ကျက်သော သူရို့အား ပြောဆိုပါ၏။ သို့ရာတွင် ထိုဉာဏ်ပညာကား ဤလောကနှင့် သက်ဆိုင်သည်မဟုတ်။ လောကီမင်းများနှင့်လည်း မသက်ဆိုင်။ လောကီမင်းရို့၏ တန်ခိုးအာဏာသည်လည်း ပျက်ပြယ်တတ်၏။


ခရစ်တော်၏အကြောင်း သတင်းကောင်းကို ဟောပြောရန် တရောမြို့သို့ ငါရောက်လာသောအခါ အမှုတော်ကို ထမ်းဆောင်နိုင်ရန်အတွက် သခင်ဘုရားသည် ငါ့အား တန်းခါးကို ဖွင့်ပီးတော်မူ၏။


ထိုသူရို့၏ စိတ်နှလုံးသည် ခိုင်မာလျက်ဟိ၍ ဤနိ့တိုင်အောင် ပဋိညာဉ်တရားဟောင်းကို ဖတ်သောအခါ သူရို့၏စိတ်နှလုံးသည် ထိုပုဝါပိုင်းဖြင့် ဖုံးအုပ်လျက်ဟိ၏။ ခရစ်တော်အားဖြင့်သာလျှင် ထိုပုဝါပိုင်းကို ဖယ်ယှားရ၏။


ထို့ကြောင့် ဤလောကကို အစိုးရသောဘုရားသည် မယုံကြည်သောသူရို့၏စိတ်ကို အမှောင်ဖုံးထားသဖြင့် ဘုရားသခင်၏ ပုံသဏ္ဌာန်တော်တည်းဟူသော ခရစ်တော်၏ ဘုန်းတန်ခိုးတော်အကြောင်း သတင်းကောင်း၏ အလင်းကို သူရို့သည် မမြင်ရကြ။


အကြောင်းမူကား ငါရို့သည် သတင်းကောင်းကို စကားအားဖြင့်သာ ဟောပြောခြင်း မဟုတ်ဘဲ၊ တန်ခိုးအားဖြင့် လည်းကောင်း၊ သန့်ယှင်းသော ဝိညာဉ်တော်အားဖြင့် လည်းကောင်း၊ တိကျခိုင်မာသော ယုံကြည်ခြင်းအားဖြင့် လည်းကောင်း သင်ရို့အား ဟောပြောကြ၏။ ငါရို့သည် သင်ရို့နှင့်အတူဟိစဉ် သင်ရို့အကျိုးအတွက် ငါရို့ ဇာပိုင်ပြုမူနီထိုင်ခသည်ကို သင်ရို့ သိကြ၏။


ဟောပြောရန် ငါ့ကို ပီးအပ်ထားသော သတင်းကောင်းတရား၌ ထိုသွန်သင်ချက်ကို တွိ့ရ၏။ ထိုသတင်းကောင်းတရားသည်ကား ဘုန်းတန်ခိုးတော် မင်္ဂလာအပေါင်းနှင့် ပြည့်စုံတော်မူသော ဘုရားသခင်ထံမှ လာခြင်းဖြစ်၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ