Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




၂ ကောရိန္သု 4:2 - ဓမ္မသစ်ကျမ်း ရခိုင်ဘာသာစကား

2 ငါရို့သည် ဖုံးအုပ်ထားသော အရာအားလုံးနှင့် ရှက်ဖွယ်ကောင်းသော အပြုအမူများကို စွန့်ပယ်၍ လိမ်လည်မှုကိုမပြုဘဲ ဘုရားသခင်၏ နှုတ်ကပါတ်တော်ကို မှောက်လှန်၍ မဟောပြော။ ငါရို့သည် ဘုရားသခင်၏ မျက်မှောက်တော်၌ သမ္မာတရား၏အလင်းတွင် အသက်ရှင်လှုပ်ရှား၍ လူအပေါင်းရို့၏ အသိစိတ်ကို ကြည်လင်အောင် ပြုမူဆောင်ရွက်ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




၂ ကောရိန္သု 4:2
16 ပူးပေါင်းရင်းမြစ်များ  

ငါသည် သတင်းကောင်းတရားတော်၌ ယုံကြည်ခြင်း အပြည့်ဟိပါ၏၊ အကြောင်းမူကား၊ ဤတရားသည် ရှီးဦးစွာ၌ ယုဒလူ၊ ထို့နောက် တခြားလူမျိုးတိနှင့်တကွ ယုံကြည်သူအားလုံးကို ကယ်တင်ခြင်းပီးနိုင်သော ဘုရားသခင်၏တန်ခိုးတော် ဖြစ်သောကြောင့် ဖြစ်၏။


ယခုတွင် သင်ရို့အဖို့ ရှက်ကြောက်ဖွယ်ရာ ဖြစ်စီသော အရာများကို ပြုမူခြင်းအားဖြင့် ဇာအကျိုးကို ရခကြသနည်း။ ထိုသို့ ပြုမူခြင်း၏အကျိုးကား သီခြင်းဖြစ်၏။


သို့ဖြစ်၍ ချိန်းချက်တော်မူသောအချိန် မရောက်မီ ဇာသူကိုမျှ စစ်ကြောစီရင်ခြင်း မပြုကေ့။ သင်ရို့သည် နောက်ဆုံး တရားစီရင်တော်မူခြင်းငှာ သခင်ဘုရား ကြွလာတော်မူထိတိုင်အောင် စောင့်၍ နိန်ကြရမည်။ ကိုယ်တော်သည် မှောင်မိုက်ထဲ၌ ဝှက်ထားသောအရာများကို အလင်းတော်သို့ လည်းကောင်း၊ လူရို့၏စိတ်နှလုံး၌ ကွယ်ဝှက်ထားသော အကြံအစည်များကို လည်းကောင်း ထုတ်ဖော်တော်မူလိမ့်မည်။ ထိုအခါ လူတစ်ဦးစီတိုင်း မိမိရို့ခံထိုက်သည့်အလျောက် ဘုရားသခင်ထံမှ ချီးမွမ်းခြင်းကို ခံရကြလိမ့်မည်။


ငါရို့၏ ဝါကြွားစရာအကြောင်းမှာ ဤလောက၌ အသက်ရှင်စဉ်ကာလ အထူးသဖြင့် သင်ရို့နှင့် ဆက်ဆံရာတွင် လောကနှင့်ဆိုင်သော အသိဉာဏ်ကို အမှီမပြုဘဲ ဘုရားသခင်၏ ကျေးဇူးတော်ကို အမှီပြုလျက် ဟိသည်ကို လည်းကောင်း ဘုရားသခင် ပီးသနားတော်မူသော ရိုးသားဖြူစင်ခြင်းနှင့် သန့်ယှင်းစင်ကြယ်ခြင်းဖြင့် လည်းကောင်း ကျင့်ကြံပြုမူလျက်ဟိသည်ကို ကိုယ့်ကိုကိုယ်သိသောစိတ်က သက်သီခံလျက်ဟိ၏။


မြွီသည် မိမိ၏ပရိယာယ်အားဖြင့် ဧဝကို လှည့်ဖြားသည့်နည်းတူ သင်ရို့၏စိတ်သည် ယိုယွင်းကာ ခရစ်တော်အား ဖြူစင်သန့်ယှင်းသော မေတ္တာစိတ် ပျောက်လားမည်ကို ငါ စိုးရိမ်မိ၏။


ငါသည် အဟောအပြော၌ ညံ့သော်လည်း အသိပညာ၌မူကား မညံ့။ ငါရို့သည် ဤအကြောင်းအရာများကို အချိန်တိုင်း အခြေနေအမျိုးမျိုးတိုင်း၌ သင်ရို့ပါးကို ယှင်းလင်းစွာ ပြခ၏။


ငါရို့သည် များစွာသောသူရို့ ပြုသကဲ့သို့ ဘုရားသခင်၏ နှုတ်ကပါတ်တရားတော်ကို ကိုယ်ကျိုးအတွက် ဟောပြောခြင်း မဟုတ်ဘဲ ငါရို့အား ဘုရားသခင် စီရွှတ်တော်မူသောကြောင့် ကိုယ်တော်၏ ရှိ့တော်၌ ဖြူစင်သောစိတ်ဖြင့် ခရစ်တော်၏ အခိုင်းအစီများကဲ့သို့ ငါရို့ ဟောပြောကြ၏။


သခင်ဘုရားကို ကြောက်ရွံ့ခြင်းနှင့် ပတ်သတ်၍ ငါရို့သည် သိသဖြင့် တခြားလူတိကို ကြိုးစား၍ စည်းရုံးရခြင်း ဖြစ်ကြ၏။ ဘုရားသခင်သည် ငါရို့ကို အကြွင်းမဲ့ သိတော်မူသည်ဖြစ်၍ သင်ရို့သည်လည်း သင်ရို့၏ စိတ်ထဲ၌ ငါ့ကို ကောင်းစွာသိလိမ့်မည်ဟု မျှော်လင့်၏။


ငါရို့သည် ချီးမြှောက်ခြင်းနှင့် ယှုတ်ချခြင်းကို လည်းကောင်း၊ ကဲ့ရဲ့ခြင်းနှင့် ချီးမွမ်းခြင်းကို လည်းကောင်း ခံရကြ၏။ လူလိမ်များဟု သတ်မှတ်ကြသော်လည်း ငါရို့သည် သစ္စာစကားကို ပြောဆိုကြ၏။


ငါသည် သင်ရို့အကြောင်းကို တိတုရှိ့၌ ဝါကြွားခသော်လည်း ငါ့ကို စိတ်မပျက်ခကတ်။ ငါရို့သည် သင်ရို့အား မှန်သောစကားကိုသာ အမြဲတမ်း ပြောကြားခသည့်နည်းတူ တိတုအား ငါရို့ ဝါကြွားပြောဆိုခသော အရာများသည်လည်း ဟုတ်မှန်ကြောင်း ထင်ရှားခယာ။


ထို့နောက် ငါရို့သည် ပရိယာယ်ဖြင့် လူရို့ကို လမ်းလွဲအောင် လိမ်လည်ပြောဆိုတတ်သော သူရို့၏ သြဝါဒမှိုင်းများအထဲ၌ လွင့်ပါလားသော အသျှေတိပိုင် ဖြစ်ရမည်မဟုတ်။


(ဆိတ်ကွယ်ရာအရပ်၌ သူရို့ပြုသောအမှုတိကို ပြောခြင်းသည်ပင် လွန်စွာ ရှက်ဖွယ်ဖြစ်၏။)


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ