9 ထိုစာကို ရီးသားခရသည့်အကြောင်းမှာ သင်ရို့သည် စုံစမ်းခြင်းကို ခံနိုင်ရည်ဟိစီခြင်းငှာ လည်းကောင်း၊ ငါ၏ ညွှန်ကြားချက်များကို နာခံမှု ဟိစီခြင်းငှာ လည်းကောင်း သိလို၍ ဖြစ်၏။
သင်ရို့သည် နာခံမှုနှင့် ပြည့်စုံကြသောအခါ မနာခံသောသူတိကို ပြစ်ဒဏ်ပီးခြင်းငှာ ငါရို့သည် အသင့်ဟိကြ၏။
ငါလာသောအခါ ငါ့ကို စိတ်ရွှင်လန်းစီမည့်သူများက ငါ့အား ဝမ်းနည်းစီမည်ကို စိုးရိမ်၍ ဤစာကို ရီး၍ ပီးလိုက်ခြင်းဖြစ်၏။ ငါပျော်ရွှင်လျှင် သင်ရို့သည်လည်း ပျော်ရွှင်ကြမည်ကို ငါအမှန် ယုံကြည်၏။
သင်ရို့ကို ဝမ်းနည်းစီဖို့ရန်မဟုတ်ဘဲ သင်ရို့အား ငါဇာလောက် ချစ်ကြောင်းကို သိစီလို၍ ငါသည် ကြီးစွာသော ဒုက္ခ၊ စိတ်ပူပန်ခြင်းနှင့် မျက်ရည်များစွာကျပြီး ဤစာကို ရီးလိုက်ခြင်းဖြစ်၏။
ထို့ကြောင့် သင်ရို့သည် သူ့ကို စစ်မှန်သော မေတ္တာထားကြောင်းကို ထိုသူ သိစီခြင်းငှာ သင်ရို့အား ငါတောင်းပန်၏။
ထိုသူရို့သည် ကြီးစွာသော ဆင်းရဲဒုက္ခဖြင့် ပြင်းထန်သော စမ်းသပ်ခြင်းကို ခံစားရ၏။ သို့သော်လည်း သူရို့သည် အလွန် ဆင်းရဲကြလျက်ပင် ကြီးစွာသော ဝမ်းမြောက်သည့်စိတ်ဖြင့် ရက်ရောစွာ ပီးကမ်းစွန့်ကြဲကြ၏။
ထို့ကြောင့် ငါရို့သည် သင်ရို့၏အကြောင်းကို ဂုဏ်ယူလျက်ဟိသည်မှာ မှန်ကန်ကြောင်းကို အသင်းတော်များက စိတ်ချမှုဟိစီရန် သင်ရို့၏ ချစ်ခြင်းမေတ္တာကို သူရို့အား ပြသကြလော့။
သို့ဖြစ်၍ အဆွီရို့၊ ငါသည် သင်ရို့နှင့်အတူ ဟိစဉ် သင်ရို့သည် ငါ့စကားကို အစဉ်အမြဲ နားထောင်ခကြသည်နည်းတူ အဂုလည်း ငါသည် သင်ရို့နှင့် ဝီးကွာလျက် ဟိသောအခါ၌လည်း ငါ့စကားကို နားထောင်ခြင်းငှာ ပို၍ပင် အရေးကြီးပေ၏။ သင်ရို့၏ ကယ်တင်ခြင်း ပြည့်စုံစီခြင်းငှာ ကြောက်ရွံ့တုန်လှုပ်သောစိတ်နှင့် လုပ်ဆောင်လျက် နိန်ကြလော့။
တိမောသေနှင့် ငါသည် သားဖသဖွယ် သတင်းကောင်းပျံ့နှံ့ရေးအတွက် အမှုတော်ကို အတူတကွ ဇာပိုင် လုပ်ဆောင်ခကြကြောင်းကို သင်ရို့ သိကြ၏။
အကယ်၍ တစ်စုံတစ်ယောက်သည် ငါရို့ ပို့လိုက်သည့် ဤစာ၌ ပါဟိသည့် မှာကြားချက်များကို မလိုက်နာသော် ထိုသူအား အရှက်ရစီခြင်းငှာ သင်ရို့သည် ထိုသူကို မှတ်ထား၍ အပေါင်းအဖော် မလုပ်ကတ်ကေ့။
သင်သည် ငါပြောသည့်အတိုင်း လုပ်ဆောင်လိမ့်မည်ဟု စိတ်ချယုံကြည်လျက် ဤစာကို ရီးလိုက်၏။ အမှန်စင်စစ် ထိုထက်ပင် ပို၍ လုပ်ဆောင်နိုင်လိမ့်မည်ကို ငါသိပါ၏။