၂ ကောရိန္သု 2:17 - ဓမ္မသစ်ကျမ်း ရခိုင်ဘာသာစကား17 ငါရို့သည် များစွာသောသူရို့ ပြုသကဲ့သို့ ဘုရားသခင်၏ နှုတ်ကပါတ်တရားတော်ကို ကိုယ်ကျိုးအတွက် ဟောပြောခြင်း မဟုတ်ဘဲ ငါရို့အား ဘုရားသခင် စီရွှတ်တော်မူသောကြောင့် ကိုယ်တော်၏ ရှိ့တော်၌ ဖြူစင်သောစိတ်ဖြင့် ခရစ်တော်၏ အခိုင်းအစီများကဲ့သို့ ငါရို့ ဟောပြောကြ၏။ အခန်းကိုကြည့်ပါ။ |
ငါရို့၏ ဝါကြွားစရာအကြောင်းမှာ ဤလောက၌ အသက်ရှင်စဉ်ကာလ အထူးသဖြင့် သင်ရို့နှင့် ဆက်ဆံရာတွင် လောကနှင့်ဆိုင်သော အသိဉာဏ်ကို အမှီမပြုဘဲ ဘုရားသခင်၏ ကျေးဇူးတော်ကို အမှီပြုလျက် ဟိသည်ကို လည်းကောင်း ဘုရားသခင် ပီးသနားတော်မူသော ရိုးသားဖြူစင်ခြင်းနှင့် သန့်ယှင်းစင်ကြယ်ခြင်းဖြင့် လည်းကောင်း ကျင့်ကြံပြုမူလျက်ဟိသည်ကို ကိုယ့်ကိုကိုယ်သိသောစိတ်က သက်သီခံလျက်ဟိ၏။
အကြောင်းမူကား ဘုရားဝတ်၌ မွိ့ပျော်ခြင်းမဟိသော လူတချို့သည် သင်ရို့အထဲသို့ တိတ်တဆိတ် ဝင်ရောက်လျက် ဟိနိန်ကြသောကြောင့် ဖြစ်၏။ သူရို့သည် ငါရို့ ဘုရားသခင်၏ ကျေးဇူးတော်ကို သူရို့၏ ကာမဂုဏ်လိုက်စားခြင်းအဖြစ် မှောက်လှန်ကြလျက် ငါရို့၏ တစ်ပါးတည်းသောအသျှင်နှင့် သခင် ဖြစ်တော်မူသော ယေသျှုခရစ်တော်ကို ငြင်းပယ်ကြ၏။ ထိုသူရို့ကား ရှီးမဆွကပင်လျှင် ပြစ်ဒဏ်စီရင်ရန် သမ္မာကျမ်းစာ၌ ဖော်ပြထားပြီးဖြစ်ကြ၏။
သားရဲနှင့်တကွ သူ၏ရှိ့တွင် နိမိတ်လက္ခဏာများကိုပြသော မိစ္ဆာပရောဖက်သည် အဖမ်းခံရ၏။ ထိုမိစ္ဆာပရောဖက်သည်ကား သားရဲ၏အမှတ်တံဆိပ်ကို ခံယူ၍ သူ၏ရုပ်တုကို ရှိ့ခိုးသူရို့အား နိမိတ်လက္ခဏာများကို ပြခြင်းအားဖြင့် လိမ်လည်လှည့်ဖျားသောသူ ဖြစ်သတည်း။ ထိုသူနှစ်ယောက်စလုံးသည် အသက်ရှင်လျက်ပင် တောက်လောင်နိန်သော ကန့်နှင့်ရောသော မီးအိုင်ထဲသို့ ပစ်ချခြင်းကို ခံရကြ၏။