၂ ကောရိန္သု 12:9 - ဓမ္မသစ်ကျမ်း ရခိုင်ဘာသာစကား9 သို့သော် ကိုယ်တော်က “ငါ၏ ကျေးဇူးတော်သည် သင့်အတွက် လုံလောက်ပေသည်။ အကြောင်းမူကား ငါ၏တန်ခိုးသည် အားနည်းခြင်းကို ပြည့်စုံစီ၏” ဟု ဖြေကြားတော်မူ၏။ သို့ဖြစ်၍ ခရစ်တော်၏ တန်ခိုးတော်သည် ငါ၌ တည်နိန်သည်ဖြစ်၍ ငါ၏အားနည်းချက်များနှင့်ပတ်သက်၍ ငါသည် အလွန်ဝမ်းမြောက်စွာ ဝါကြွားလိမ့်မည်။ အခန်းကိုကြည့်ပါ။ |
သင်ရို့တွိ့ကြုံရသော စုံစမ်းနှောင့်ယှက်ခြင်းများသည် လူ၌ဖြစ်တတ်သော သာမန်စုံစမ်းနှောင့်ယှက်ခြင်းများသာဖြစ်၏။ ဘုရားသခင်သည် ကတိတည်တော်မူသော အသျှင်ဖြစ်တော်မူသဖြင့် သင်ရို့အား မခံနိုင်သော စုံစမ်းနှောင့်ယှက်ခြင်းကို ခံစီတော်မူလိမ့်မည်မဟုတ်။ စုံစမ်းနှောင့်ယှက်ခြင်း ခံရချိန်၌ ခံနိုင်သောခွန်အားကို ပီးတော်မူသဖြင့် ထိုစုံစမ်းနှောင့်ယှက်ခြင်းမှ လွတ်မြောက်ရာလမ်းကိုလည်း ပီးတော်လိမ့်မည်။
သို့သော် ဘုရားသခင်၏ ကျေးဇူးတော်ကြောင့် ငါဖြစ်သည့်အတိုင်း ငါဖြစ်၏။ ငါ့ကို ကိုယ်တော် ပီးသနားတော်မူသော ကျေးဇူးတော်သည်လည်း အကျိုးမဲ့မဖြစ်။ ငါသည် အခြားသော တမန်တော်ရို့ထက် ပို၍ ကြိုးစားလုပ်ဆောင်၏။ ထိုသို့ လုပ်ဆောင်နိုင်ခြင်းမှာ ငါ၏ တတ်နိုင်မှုကြောင့် မဟုတ်ဘဲ၊ ငါနှင့်အတူ လုပ်ဆောင်သော ဘုရားသခင်၏ ကျေးဇူးတော်ကြောင့်သာ ဖြစ်၏။