Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




၂ ကောရိန္သု 12:21 - ဓမ္မသစ်ကျမ်း ရခိုင်ဘာသာစကား

21 နောက်တစ်ကြိမ် ငါလာသောအခါ ငါ၏ ဘုရားသခင်သည် သင်ရို့ရှိ့၌ ငါ့အား နှိမ့်ချတော်မူပြီး အယင်က အပြစ်ပြုခသော သူများအတွက် လည်းကောင်း၊ သူတစ်ပါးမယားကို ပြစ်မှားခြင်း၊ ကိလေသာလွန်ကျူးခြင်းနှင့် ကာမဂုဏ်လိုက်စားခြင်း စသည့် အမှုအရာများကို ပြုလုပ်ခြင်းမှ နောင်တမရသောသူများအတွက် လည်းကောင်း မျက်ရည်ကျရမည်ကို ငါသည် စိုးရိမ်မိ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




၂ ကောရိန္သု 12:21
37 ပူးပေါင်းရင်းမြစ်များ  

ငါရို့သည် နိ့အချိန်၌ ပြုမူသကဲ့သို့ လျောက်ပတ်စွာ ပြုမူကြကုန်ကြကုန်အံ့။ ပျော်ပွဲလုပ်ခြင်း၊ လွန်ကြူးစွာ သောက်စားမူးယစ်ခြင်း၊ မတရားသော မေထုန်မှီဝဲခြင်း၊ ကိလေသာလွန်ကြူးခြင်း၊ ခိုက်ရန်ဖြစ်ပွားခြင်း၊ မနာလိုဝန်တိုခြင်းအမှုတိကို ယှောင်ကြဉ်ကြကုန်အံ့။


ငါသည် အလွန်ဝမ်းနည်းလျက် စိတ်နှလုံးထဲ၌ အတိုင်းမသိသော ပူပန်ခြင်းဝေဒနာကို ခံစားနိန်ရ၏။


သာသနာပလူရို့ပင်လျှင် ပြုကျင့်ကြမည့်အရာ မဟုတ်သော ကာမဂုဏ်လိုက်စားမှုသည် သင်ရို့တွင် ဟိနိန်ကြောင်းကို ငါ ကြားသိရ၏။ လူတစ်ယောက်သည် မိမိ၏ မိထွီးနှင့် အိပ်လျက် ဟိသည်ဟု ငါအား ပြောကြ၏။


သင်ရို့သည် နာခံမှုနှင့် ပြည့်စုံကြသောအခါ မနာခံသောသူတိကို ပြစ်ဒဏ်ပီးခြင်းငှာ ငါရို့သည် အသင့်ဟိကြ၏။


ငါမြင်ရသည့် ဗျာဒိတ်တော်သည် အလွန် ထူးမြတ်သောကြောင့် ငါ့ကို ထောင်လွှားခြင်း မပြုစီရန် ငါ၏ ခန္ဓာတွင် နာကြင်စီသော ဆူးတစ်ခုကို ပီး၏။ ထိုဆူးသည် စာတန်၏ စီတမန်သဖွယ် ငါ့ကို ဒဏ်ခတ်၍ ငါ၏မာနကို ချိုးနှိမ်၏။


အယင်က အပြစ်ကျူးလွန်ခသူများနှင့် တခြားသောသူ အားလုံးအား ဒုတိယအကြိမ် ရောက်ခသောအချိန်၌ သတိပီးခသည့်အတိုင်း အဂု တဖန် သင်ရို့နှင့် ဝီးနိန်စဉ် ငါသတိပီးသည်ကား၊ နောက်တစ်ကြိမ် ငါရောက်လာလျှင် သင်ရို့သည် ပြစ်ဒဏ်မှ လွတ်လိမ့်မည် မဟုတ်။


ထို့ကြောင့် ငါရို့သည် သင်ရို့၏အကြောင်းကို ဂုဏ်ယူလျက်ဟိသည်မှာ မှန်ကန်ကြောင်းကို အသင်းတော်များက စိတ်ချမှုဟိစီရန် သင်ရို့၏ ချစ်ခြင်းမေတ္တာကို သူရို့အား ပြသကြလော့။


လူ့ဇာတိစိတ်နှင့်ဆိုင်သော အပြုအမူများမှာ သိသာထင်ရှား၏။ ထိုအရာများကား ကာမဂုဏ်လိုက်စားခြင်း၊ မစင်ကြယ်ခြင်း၊ အကျင့်ပျက်ခြင်း၊


ထို့ကြောင့် ကာမဂုဏ်လိုက်စားခြင်း၊ ညစ်ညူးစွာကျင့်ခြင်း၊ ကိလေသာပြင်းပြခြင်း၊ မကောင်းမှုကို ပြုလုပ်လိုသောဆန္ဒပြင်းပြခြင်းနှင့် ရုပ်တုကိုးကွယ်ခြင်း ပုံစံတစ်မျိုးဖြစ်သော လောဘလွန်ကျူးခြင်းများ စသည့် မြီကြီးနှင့်ဆိုင်သော လုပ်ဆောင်ချက်များကို သီဆုံးစီကြလော့။


ထိမ်းမြားလက်ထပ်ခြင်းအမှုကိုလည်း လူတိုင်း လေးစားကြရမည်။ လင်ယောက်ျားနှင့် ဇနီးမယားသည် တစ်ဦးကို တစ်ဦး သစ္စာဟိကြရမည်။ အကြောင်းမူကား မတရားသောမေထုန်ပြုသောသူနှင့် အိမ်ထောင်ရေးဖောက်ပြန်သော သူရို့ကို ဘုရားသခင် စီရင်တော်မူလိမ့်မည်။


အကြောင်းမူကား သူရို့သည် မှားယွင်းစွာ အသက်ရှင်နီထိုင်သော လူစုအထဲမှ လွတ်မြောက်ခါစဖြစ်သော သူရို့အား ကြွားဝါ၍ အချည်းနှီးသော စကားများကိုသုံးကာ အသွီးအသားတပ်မက်ခြင်းနှင့် ကာမဂုဏ်လိုက်စားခြင်းများဖြင့် လှည့်ဖြားဆွဲဆောင်ကြ၏။


တချို့သောသူရို့ကို မီးထဲမှ ဆွဲထုတ်ကယ်တင်ကြလော့။ တချို့သောသူရို့အား ကြောက်ရွံ့သောစိတ်ဖြင့် သနားကရုဏာကို ပြကြလော့။ သို့သော်လည်း အသွီးအသားဇာတိဖြင့် စွန်းကွက်နိန်သည့် သူရို့၏ အဝတ်အစားကို ရွံ့မုန်းကြလော့။


သောဒုံမြို့၊ ဂေါမောရမြို့နှင့် ထိုမြို့များ၏ ပတ်ဝန်းကျင်၌ဟိသော မြို့များကို သတိရကြလော့။ ထိုမြို့များမှ မြို့သူမြို့သားရို့သည် အဆိုပါ ကောင်းကင်တမန်တိကဲ့သို့ ကာမဂုဏ်လိုက်စား၍ သဘာဝနှင့်ဆန့်ကျင်သည့် အပျော်အပါးကို လိုက်စားခကြ၏။ သူရို့အား ယှင်းလင်းပြတ်သားစွာ သတိပီးသည့်အနိန်ဖြင့် သူရို့အားလုံးသည် ထာဝရမီးထဲတွင် အပြစ်ဒဏ်ကို ခံရကြ၏။


သို့ရာတွင် ကြောက်တတ်သောသူ၊ မယုံကြည်သောသူ၊ စက်ဆုပ်ရွံဖွယ်ကောင်းသောသူ၊ လူ့အသက်ကို သတ်သောသူ၊ အကျင့်ပျက်သောသူ၊ ပြုစားတတ်သောသူ၊ ရုပ်တုကိုးကွယ်သောသူရို့နှင့် လိမ်လည်ပြောဆိုသော သူရို့သည် ကန့်နှင့်ရောသော မီးအိုင်ထဲ၌ ကျရကြလိမ့်မည်။ ဤကား ဒုတိယသီဆုံးခြင်း ဖြစ်သတည်း” ဟု မိန့်တော်မူ၏။


သို့ရာတွင် ခွီးတိ၊ ပြုစားတတ်သော သူတိ၊ ကာမဂုဏ်လိုက်စားသော သူတိ၊ လူ့အသက်ကို သတ်သောသူတိ၊ ရုပ်တုကိုးကွယ်သော သူတိနှင့် လိမ်လည်ပြောဆို၍ ကျင့်ကြံသော သူရို့သည် မြို့ပြင်တွင် နိန်ရကြလိမ့်မည်။


ဤအကြောင်းအရာများကို သက်သီခံတော်မူသော အသျှင်က “မုချ၊ ငါသည် မကြာခင် ကြွလာမည်” ဟု မိန့်တော်မူ၏။ ဤအတိုင်းပင် ဖြစ်ပါစီသောဝ်။ အသျှင်ယေသျှု ကြွလာတော်မူပါ။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ