၂ ကောရိန္သု 12:17 - ဓမ္မသစ်ကျမ်း ရခိုင်ဘာသာစကား17 ဇာပိုင် ငါလှည့်စားခသနည်း။ ငါ စီရွှတ်လိုက်သောသူ တစ်ဦးဦးအားဖြင့် ငါသည် သင်ရို့ပါးမှ အခွင့်အရေး ယူခဖူးသလား။ အခန်းကိုကြည့်ပါ။ |
ဤအကြောင်းကြောင့် ငါသည် တိမောသေအား သင်ရို့ပါးသို့ ရွှတ်လိုက်၏။ သူသည် သခင်ဘုရား၌ ငါ နှစ်သက်မြတ်နိုးပြီးလျှင် သစ္စာဟိသော သားပင်ဖြစ်၏။ ခရစ်တော်ယေသျှုနောက်ကို ငါ ဇာပိုင်လိုက်လျှောက်သည် ကိုလည်းကောင်း၊ အရပ်ရပ်၌ဟိသော အသင်းတော်အပေါင်းရို့အား ငါဟောပြောသွန်သင်ခသော အရာတိကိုလည်းကောင်း သူသည် သင်ရို့အား သတိရစီပါလိမ့်မည်။
သို့ဖြစ်၍ သင်ရို့ ကတိပြုထားသည့်အတိုင်း ဤအလှူကို အသင့်ပျင်ဆင်နိုင်ရေးအတွက် ဤညီအစ်ကို မောင်နှမတိကို တိုက်တွန်း၍ သင်ရို့ပါးသို့ ကြိုတင် စီရွှတ်နိုင်ရန် လိုအပ်သည်ဟု ငါထင်မှတ်၏။ ငါရောက်လာသောအခါ အလှူသည် အသင့်ပျင်ဆင်ထားပြီးဖြစ်၍ သင်ရို့သည် ဝတ္တရားအရ ပီးကမ်းခြင်းမဟုတ်ဘဲ စေတနာအလျောက် ပီးကမ်းခြင်း ဖြစ်ကြောင်းကို ပေါ်လွင်လိမ့်မည်။