7 သင်ရို့ ချီးမြှောက်ခြင်းခံရဖို့ရန် ငါသည် မိမိကိုယ်ကို နှိမ့်ချလျက် ဘုရားသခင်၏ သတင်းကောင်းကို သင်ရို့အား အခမဲ့ ဟောပြောခ၏။ ထိုအရာသည် မှားယွင်းပါသလော။
ငါသည် သူတစ်ပါး၏ ရွှီ၊ ငွီနှင့် အဝတ်အစားတိကို လိုချင်တပ်မက်ခြင်း မဟိ။
ငါနှင့် ငါ့အပေါင်းဖော်ရို့၏ လိုအပ်ချက်များအတွက် ငါသည် ငါ့လက်ဖြင့် အလုပ်လုပ်၍ ထောက်ပံ့ခကြောင်းကို သင်ရို့ကိုယ်တိုင် သိကြ၏။
ဘုရားသခင်၏ သတင်းကောင်း တရားကို ဟောပြောခြင်းငှာ ဘုရားသခင်ရွီးချယ်၍ ခေါ်တော်မူထားသော တမန်တော်တစ်ယောက်ဖြစ်သည့် ခရစ်တော်ယေသျှု၏အစီခံ ငါ ပေါလုသည် စာရီးလိုက်ပါ၏။
အခြားသူရို့သည် သင်ရို့ပါးမှ ဤသို့ရပိုင်ခွင့်ဟိလျှင် ငါရို့သည် သာ၍ပင် ရပိုင်ခွင့် ဟိသည် မဟုတ်လော။ သို့သော် ငါရို့သည် ထိုအခွင့်အရေးကို မသုံးခဘဲ ငါရို့သည် ခရစ်တော်၏ သတင်းကောင်းအဖို့ အတားအဆီး မဖြစ်စီခြင်းငှာ အရာခမ်းသိမ်း၌ သည်းခံခကြ၏။
ထိုသို့မဟုတ် ငါနှင့် ဗာနဗသာလျှင် ငါရို့၏ စားဝတ်နေရေးအတွက် အလုပ်လုပ်ရမည်လော။
ခရစ်တော်၏ နူးညံ့သိမ်မွေ့ခြင်းနှင့် သနားကြင်နာခြင်းအားဖြင့် ငါ ပေါလုသည် သင်ရို့အား တောင်းပန်ပါ၏။ ငါသည် သင်ရို့နှင့်အတူ ဟိသောအခါ ကြောက်တတ်သော်လည်း ဝီးကွာနိန်သောအခါ ရဲဝံ့ပြတ်သားသောသူ ဖြစ်၏။
ထို့ကြောင့် ငါရို့သည် သင်ရို့၏ဒေသအပြင် အခြားဒေသများတွင် သတင်းကောင်းကို ဟောပြောနိုင်ခသဖြင့် အခြားသောသူတစ်ယောက် လုပ်ဆောင်ထားသော လုပ်ငန်းနယ်ပယ်နှင့်ပတ်သတ်၍ ဂုဏ်ယူဝါကြွားစရာ မလို။
သင်ရို့ကို ငွီရေးကြေးရေး ကူညီပီးရန်အတွက် ဝန်ထုပ်ဝန်ပိုး မဖြစ်စီခသည်မှတစ်ပါး ငါသည် သင်ရို့အား အခြားအသင်းတော်များထက် နှိမ့်ချ၍ ဆက်ဆံခသလော။ ထိုသို့ ဖြစ်စီခလျှင် ငါ့အား ခွင့်ရွှတ်ကြပါ။
ခရစ်တော်၏အကြောင်း သတင်းကောင်းကို ဟောပြောရန် တရောမြို့သို့ ငါရောက်လာသောအခါ အမှုတော်ကို ထမ်းဆောင်နိုင်ရန်အတွက် သခင်ဘုရားသည် ငါ့အား တန်းခါးကို ဖွင့်ပီးတော်မူ၏။
ညီအစ်ကိုမောင်နှမရို့၊ ငါရို့၏ ကြိုးပမ်းအားထုတ်မှုနှင့် ပင်ပန်းခက်ခဲမှုများကို သင်ရို့သည် အမှန်ပင် မှတ်မိကြ၏။ ငါရို့သည် သင်ရို့အတွက် ဝန်ထုပ်ဝန်ပိုးမဖြစ်စီရန် နိ့ရော၊ ညပါ အလုပ်လုပ်လျက် ဘုရားသခင်၏ သတင်းကောင်းကို သင်ရို့အား ဟောပြောကြ၏။
ငါရို့သည် အဖိုးအခမပီးဘဲ ဇာသူ၏ အထောက်ပံ့ကိုမျှ အလကားမယူခကတ်။ သင်ရို့ တစ်ဦးတစ်ယောက်ကိုမျှ ငါရို့အတွက် ဝန်ထုပ်ဝန်ပိုး မဖြစ်စီရန် ငါရို့သည် အလုပ်ကို ပင်ပန်းစွာ နိ့ညမပြတ် လုပ်ကိုင်ခ၏။