၂ ကောရိန္သု 11:23 - ဓမ္မသစ်ကျမ်း ရခိုင်ဘာသာစကား23 သူရို့သည် ခရစ်တော်၏ အခိုင်းအစီများ ဖြစ်ကြသလော။ ငါသည်လည်း သာ၍ပင် ဖြစ်သည်ဟု အရူးတစ်ယောက်ကဲ့သို့ ငါဆို၏။ ငါသည် အလုပ်ကို ပို၍ အပင်ပန်းခံကာ လုပ်ဆောင်ခ၏။ ကြိမ်ဖန်များစွာ ထောင်ကျခံခရ၏။ ကြိမ်ဒဏ်များစွာကိုလည်း ခံခရ၏။ သီဖီးနှင့်လည်း ကြိမ်ဖန်များစွာ ရင်ဆိုင်ခရ၏။ အခန်းကိုကြည့်ပါ။ |
ထိုသူသည် အကျွန်ရို့ပါးသို့ လာ၍ ပေါလု၏ ခါးပတ်ကြိုးကို ယူပြီးလျှင်၊ မိမိ၏ခြီနှင့် လက်တိကို တုပ်နှောင်ကာ “ဤခါးပတ်ကြိုး ပိုင်သျှင်သည် ယေရုဆလင်မြို့၌ ဟိသောယုဒလူမျိုးရို့၏ ဤပိုင် တုပ်နှောင်ခြင်းကို ခံရပြီးလျှင် တခြားလူမျိုးရို့၏ လက်သို့ အပ်နှံခြင်းကို ခံရလိမ့်မည်ဟု သန့်ယှင်းသောဝိညာဉ်တော် မိန့်တော်မူသည်” ဟူ၍ ဆိုလေ၏။
သို့သော် ဘုရားသခင်၏ ကျေးဇူးတော်ကြောင့် ငါဖြစ်သည့်အတိုင်း ငါဖြစ်၏။ ငါ့ကို ကိုယ်တော် ပီးသနားတော်မူသော ကျေးဇူးတော်သည်လည်း အကျိုးမဲ့မဖြစ်။ ငါသည် အခြားသော တမန်တော်ရို့ထက် ပို၍ ကြိုးစားလုပ်ဆောင်၏။ ထိုသို့ လုပ်ဆောင်နိုင်ခြင်းမှာ ငါ၏ တတ်နိုင်မှုကြောင့် မဟုတ်ဘဲ၊ ငါနှင့်အတူ လုပ်ဆောင်သော ဘုရားသခင်၏ ကျေးဇူးတော်ကြောင့်သာ ဖြစ်၏။
ငါခံခရသည့် ညှည်းပန်းနှိပ်စက်ခြင်းနှင့် ဒုက္ခဆင်းရဲခြင်းများကို လေ့လာသိမှတ်ထားပြီးဖြစ်ပေ၏။ အန္တိအုတ်မြို့၊ ဣကောနိမြို့နှင့် လုတ္တိရမြို့များတွင် ငါ၌ ဖြစ်ခသမျှအားလုံးကို သင်သိပေ၏။ ထို့အပြင် လုတ္တရမြို့၌ ငါ ကြံ့ကြံ့ခံခသည့် ကြောက်မက်ဖွယ်ရာ ညှည်းပန်းနှိပ်စက်ခြင်းကိုလည်း သင်သိပေ၏။ ဤသို့ ခံခရသော်လည်း သခင်ဘုရားသည် ထိုဒုက္ခအားလုံးမှ ငါ့ကို ကယ်နှုတ်တော်မူခ၏။