20 တစ်စုံတစ်ယောက်သောသူက သင်ရို့အား ကျွန်ပြုသည် ဖြစ်စီ၊ အခွင့်အရေးယူသည် ဖြစ်စီ၊ အသုံးချခံရသည် ဖြစ်စီ၊ အထင်အမြင်သေးသည် ဖြစ်စီ၊ ပါးကိုသတ်သည် ဖြစ်စီ ထိုသူကို သင်ရို့သည် သည်းခံကြ၏။
မုဆိုးမရို့၏အိမ်တိကို မတရားသိမ်းယူကာ လူတိရှိ့၌ နားကြားကောင်းအောင် ရှည်လျားစွာ ဆုတောင်းခြင်းကို ပြုတတ်ကြ၏။ ထိုသူရို့သည် ပိုပြီး ကြီးလေးသော ပြစ်ဒဏ်ကို ခံရကြလိမ့်မည်” ဟု မိန့်တော်မူ၏။
သင်၏ပါးတစ်ဖက်ကို သတ်သူကို၊ ကျန်သောတစ်ဖက်ကိုလည်း သတ်စီလော့။ သင်၏ဝတ်ရုံကို ယူလားသောသူအား အင်္ကျီကိုလည်း ပီးလိုက်လော့။
ယခုအချိန်ထိ ငါရို့သည် ငတ်မွတ်လျက်ဟိကြ၏။ ငါရို့၏ အဝတ်အစားများလည်း နွမ်းပါးစုတ်ပြဲလျက်ဟိကြ၏။ ရိုက်ပုတ်ညှည်းဆဲခြင်းကိုလည်း ခံရကြ၏။ တစ်နီရာမှ တစ်နီရာသို့ လှည့်လည်နိန်သော သူတိဖြစ်ကြ၏။
သင်ရို့သည် မည်သည့်အရာကို ယုံကြည်ရမည်ကို အမိန့်ပီးရန် ငါရို့ ကြိုးစားနိန်ခြင်းမဟုတ်။ ငါရို့ကလည်း သင်ရို့ဝမ်းမြောက်ခြင်းအတွက် သင်ရို့နှင့်အတူ လုပ်ဆောင်သောသူများသာဖြစ်၏။ အကြောင်းမူကား သင်ရို့၏ ယုံကြည်ခြင်းသည် ခိုင်မာလျက်ဟိကြောင်းကို ငါရို့ သိကြသောကြောင့်ဖြစ်၏။
ဘုရားသခင်အား သိကျွမ်းသောဉာဏ်ပညာကို ဆန့်ကျင်တားဆီးတတ်သော မာန်မာနဟိသမျှကို ချိုးဖျက်ကာ ငါရို့သည် တွီးတောကြံစည်မှု ဟိသမျှကို ချုပ်တည်းကာ ခရစ်တော်အား နာခံစီကြ၏။
မြွီသည် မိမိ၏ပရိယာယ်အားဖြင့် ဧဝကို လှည့်ဖြားသည့်နည်းတူ သင်ရို့၏စိတ်သည် ယိုယွင်းကာ ခရစ်တော်အား ဖြူစင်သန့်ယှင်းသော မေတ္တာစိတ် ပျောက်လားမည်ကို ငါ စိုးရိမ်မိ၏။
ငါသည် သင်ရို့အား ဝန်ထုပ်ဝန်ပိုး မဖြစ်စီခကြောင်းကို သင်ရို့သည် ဝန်ခံကြလိမ့်မည်။ သို့သော် ငါသည် သင်ရို့အား လိမ်လည်လှည့်စားလျက် ထောင်ချောက်ဆင်ခသည်ဟု တစ်စုံတစ်ယောက်က ပရိယာယ်ဖြင့် စွပ်စွဲလိမ့်မည်။
ဤသို့ ဆိုရခြင်းမှာ ယုံကြည်သူအဖြစ် အယောင်ဆောင်သူ တချို့သည် လျှို့ဝှက်စွာ ဝင်ရောက်လာသောကြောင့်ဖြစ်၏။ ထိုသူရို့သည် ငါရို့အား ကျွန်ပြုလို၍ ခရစ်တော် ယေသျှုအားဖြင့် ငါရို့ရဟိသော လွတ်လပ်မှုကို စုံစမ်းရန် ငါရို့အသိုင်းအဝိုင်းထဲသို့ ဝင်ရောက်လာခြင်းဖြစ်၏။
ဟာဂရသည် အာရပ်ပြည်၌ဟိသော သိနာတောင်ကို ကိုယ်စားပြု၏။ အဂု မျက်မှောက်တွင်လည်း မိမိ၏သားသမီးတိနှင့်အတူ အလုပ်အကျွေးပြုပြီး ယေရုဆလင်မြို့ကို ပုံဆောင်ခြင်းဖြစ်၏။
ထိုနည်းတူ ငါရို့သည်လည်း ဝိညာဉ်ရေးရာ၌ မရင့်ကျက်ခင်အခါက လောကကိုအုပ်စိုးသော ဝိညာဉ်တရားအောက်တွင် ကျွန်ဖြစ်ကြ၏။
သို့သော် အဂုမူကား သင်ရို့သည် ဘုရားသခင်ကို သိကြ၏။ တစ်နည်းဆိုသော် ဘုရားသခင်သည် သင်ရို့အား သိတော်မူယာဟု ငါဆို၏။ သို့ဖြစ်၍ အားနည်း၍ ချမ်းသာမပီးနိုင်သော လောကီတရားဖက်သို့ ဇာကြောင့် ပြန်လှည့်၍ ကျွန်ခံလိုကြသနည်း။
ငါရို့သည် လွတ်လပ်မှုကို ရစီခြင်းငှာ ခရစ်တော်သည် ငါရို့အား လွတ်မြောက်စီတော်မူပြီ။ သို့ဖြစ်၍ လွတ်လပ်သော သူများအဖြစ် ရပ်တည်ကြလော့။ နောက်တဖန် သင်ရို့ကိုယ်တိုင် ကျွန်ဖြစ်ခြင်းစီခြင်းငှာ အခွင့်မပီးကတ်ကေ့။
သို့ရာတွင် ငါသည် သင်ရို့အား အဂုတိုင်အောင် ယုံကြည်စိတ်ချခြင်း ဟိ၏။ ငါရို့၏ အသက်ရှင်မှုသည် သခင်ဘုရားနှင့် တစ်လုံးတစ်ဝတည်း ဖြစ်ကြသဖြင့် သင်ရို့သည် တခြားသောအယူကို လက်ခံကြလိမ့်မည်မဟုတ် ဟူ၍ ငါ့ကို ယုံကြည်စိတ်ချစီ၏။ သို့သော် သင်ရို့အား နှောက်ယှက်သူ ဇာသူမဆို ဘုရားသခင်၏ ပြစ်ဒဏ်စီရင်ခြင်းကို ခံရလိမ့်မည်။
သင်ရို့အား အရီဖျားလှီးခြင်းကိုခံရန် အတင်းအားဓမ္မ တိုက်တွန်းကြသော သူရို့သည် ပြင်ပအမှတ်လက္ခဏာများကို ပြ၍ ဝါကြွားလိုသူများ ဖြစ်ကြ၏။ ဤသို့ပြုရခြင်းမှာ ခရစ်တော်၏ လက်ဝါးကပ်တိုင်ကြောင့် ညှည်းပမ်းနှိပ်စက်ခြင်း ခံရမည်ကို ယှောင်ယှားလို၍ ဖြစ်၏။
ထိုသူရို့သည် ပျက်စီးခြင်း၌ လမ်းဆုံးကြလိမ့်မည်။ ထိုသူရို့၏ ဘုရားကား မိမိရို့၏ ဝမ်းပေတည်း။ သူရို့သည် ရှက်ဖွယ်သော အရာတိ၌ ဂုဏ်ယူဝါကြွားကြ၏။ လောကီအရာများကိုသာ စိတ်စွဲလမ်းတတ်ကြ၏။
သင်ရို့သိကြသည့်အတိုင်း ငါရို့သည် ချော့မော့မြှောက်ပင့်သောစကားကို တစ်ခါလေ့ မသုံးခ။ ဝှက်ထားသော လောဘစိတ်လည်း လုံးဝ မဟိကြောင်းကို ဘုရားသခင်သည် ငါရို့၏သက်သီ ဖြစ်တော်မူ၏။