Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




၂ ကောရိန္သု 11:2 - ဓမ္မသစ်ကျမ်း ရခိုင်ဘာသာစကား

2 ဘုရားသခင်သည် သင်ရို့အား သဝန်တိုစိတ် ဟိသကဲ့သို့ ငါသည်လည်း သင်ရို့အား သဝန်တိုစိတ် ဟိ၏။ ငါသည် အပြစ်ကင်းသော အပျိုစင်နှင့် တူကြသော သင်ရို့ကို ခရစ်တော်တည်းဟူသော သူတစ်ယောက်နှင့် ထိမ်းမြားရန် ကတိပြုထား၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




၂ ကောရိန္သု 11:2
19 ပူးပေါင်းရင်းမြစ်များ  

မင်္ဂလာဆောင်သတို့သမီးကို ပိုင်ဆိုင်သည့်လူကား မင်္ဂလာဆောင်သတို့သားဖြစ်၏။ သတို့သား၏ မိတ်ဆွီကား ရပ်လျက် နားထောင်ပြီး နိန်၏။ သတို့သား၏အသံကို ကြားသောအခါ အလွန်ဝမ်းမြောက်သကဲ့သို့ ငါသည်လည်း ဝမ်းမြောက်ခြင်းနှင့် ပြည့်လေ၏။


ထို့ကြောင့် ငါ၏ညီအစ်ကို မောင်နှမရို့၊ သင်ရို့သည်လည်း ဘုရားသခင်အတွက် အသီးကို သီးစီရန် သီခြင်းမှ ထမြောက်တော်မူသော အခြားသောသူတည်းဟူသော ကိုယ်တော်နှင့် သက်ဆိုင်စီခြင်းငှာ ပညတ်တရား၏အလိုအတွက် ခရစ်တော်၏ကိုယ်ခန္ဓာအားဖြင့် အသီခံထားပြီးခယာ။


သင်ရို့၏ယုံကြည်သူ အသက်တာ၌ သွန်သင်မည့်ဆရာ ၁၀,၀၀၀ ဟိသော်လည်း ဖခင် တစ်ဦးတည်းသာ ဟိ၏။ ငါသည် သတင်းကောင်းကို ယူဆောင်လာခြင်းအားဖြင့် သင်ရို့အသက်တာတွင် ခရစ်တော်ယေသျှု၌ သင်ရို့၏ဖခင် ဖြစ်လာ၏။


အသျှင်ယေသျှုအား သီခြင်းတရားမှ ရှင်ပြန်ထမြောက်စီသော ဘုရားသခင်သည် ငါရို့ကိုလည်း ယေသျှုနှင့်အတူ ရှင်ပြန်ထမြောက်စီတော်မူပြီးလျှင် သင်ရို့နှင့်အတူ ကိုယ်တော်၏ ရှိ့တော်မှောက်သို့ ခေါ်ဆောင်တော်မူမည့်အကြောင်းကို ငါရို့ သိကြ၏။


ငါသည် သင်ရို့အတွက် လုပ်ဆောင်ခသမျှသော အရာများသည် အချည်းနှီး ဖြစ်ရမည်ကို စိုးရိမ်၏။


ငါသည် ခရစ်တော်ယေသျှု၏ မေတ္တာဖြင့် သင်ရို့အားလုံးကို လွန်စွာလွမ်းဆွတ်ကြောင်းကို ငါ့အတွက် သက်သီခံသောသူကား ဘုရားသခင်ဖြစ်တော်မူ၏။


သို့ဖြစ်၍ ငါရို့သည် လူတိုင်းကို ခရစ်တော်၌ ရင့်ကျက်သောသူအဖြစ် ဘုရားသခင်၏ မျက်မှောက်တော်သို့ ရောက်စီနိုင်ရန် ဉာဏ်ပညာဟိသမျှဖြင့် လူတိုင်းကို သတိပီးဆုံးမကာ ခရစ်တော်၏အကြောင်းကို ဟောပြောကြ၏။


ဖခင်သည် မိမိ၏ သားသမီးတိ၌ ပြုမူသကဲ့သို့ ငါရို့သည် သင်ရို့တစ်ဦးချင်းစီ၌ ပြုမူခကြောင်းကို သင်ရို့သိကြ၏။


ထိုသူရို့သည် ကာမဂုဏ်ခံစားမှုနှင့် ကင်းလွတ်သော သူတိဖြစ်၍ သိုးသူငယ်တော် လားလေရာ အရပ်သို့ လိုက်ကြ၏။ သူရို့သည် လူတိအထဲက ရွီးနုတ်ကယ်တင်ခြင်းကို ခံရသဖြင့် ဘုရားသခင်နှင့် သိုးသူငယ်တော်၏ အဦးသီးသော အသီးများဖြစ်ကြ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ