19 သင်ရို့သည် ပညာဟိများ ဖြစ်သောကြောင့် မိုက်မဲသောသူရို့အား ဝမ်းမြောက်စွာ သည်းခံနိုင်ကြ၏။
ငါသည် သင်ရို့အား အသိအလိမ္မာ ဟိသောသူရို့ကဲ့သို့ ပြောနိန်ခြင်းဖြစ်၏။ ငါစကားကို သင်ရို့ကိုယ်တိုင် စဉ်းစားဆင်ခြင်ကြလော့။
ငါရို့သည် ခရစ်တော်အဖို့ ရူးသွပ်သောသူများဖြစ်ရ၏။ သို့သော် သင်ရို့ကား ခရစ်တော်၌ ပညာဟိများ ဖြစ်ကြ၏။ ငါရို့သည် အားနည်းသော သူများဖြစ်ကာ၊ သင်ရို့မူကား သန်စွမ်းသောသူများဖြစ်ကြ၏။ ငါရို့မူကား အသရေမဲ့သောသူများဖြစ်ပြီး၊ သင်ရို့မူကား အသရေဟိသောသူများ ဖြစ်ကြပါသည်တကား။
ယခု၊ သင်ရို့စာရီး၍ ပီးလိုက်သည့် ရုပ်တုများအား ပူဇော်ထားသော အစားအစာနှင့်ပတ်သက်၍ ငါပြောရသော စကားမူကား၊ ထိုသူရို့ ပြောသည့်အတိုင်း “ငါရို့အားလုံးသည်ပင် အသိပညာ ဟိကြ၏” ဟု ဆိုသောစကားသည် မှန်ပေ၏။ သို့ရာတွင် အသိပညာသည် လူတိကို မာန်မာနထောင်လွှားစီတတ်၏။ မေတ္တာမူကား တည်ဆောက်ခြင်းကို ပြုတတ်၏။
သင်ပြုသော အမှုများကို ငါသိ၏။ ထိုအရာများမှာ သင်သည် ဇာပိုင် ကြိုးပမ်းလုပ်ဆောင်ကြောင်း၊ ဇာမျှလောက် သည်းခံကြောင်းကို ငါသိ၏။ သင်သည် ဆိုးညစ်သောသူရို့ကို သည်းမခံနိုင်ကြောင်း၊ တမန်တော် မဟုတ်ဘဲ မိမိကိုယ်ကိုမိမိ တမန်တော်ဟု ခေါ်ဆိုကြသော သူရို့အား စစ်ဆီး၍ လှည့်ဖြားသောသူတိ ဖြစ်ကြောင်းကို သိကြောင်းပင် ဖြစ်၏။
‘ငါသည် ချမ်းသာကြွယ်ဝ၏။ ငါလိုသမျှအားလုံး ငါ၌ ဟိ၏’ ဟု သင်ဆို၏။ သို့ရာတွင် မိမိ၌ ဇာလောက် အတိဒုက္ခဖြစ်ခြင်း၊ သနားစရာကောင်းခြင်း၊ ဆင်းရဲခြင်း၊ မျက်စိကန်းခြင်း၊ အဝတ်အချည်းစည်းဖြစ်ခြင်း ဟိနိန်သည်ကို သင်သည် မသိပါတကား။