Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




၂ ကောရိန္သု 11:13 - ဓမ္မသစ်ကျမ်း ရခိုင်ဘာသာစကား

13 ထိုသူရို့သည် စစ်မှန်သော တမန်တော်များ မဟုတ်၊ မှားယွင်းသောတမန်တော်များသာ ဖြစ်ကြ၏။ မိမိကိုယ်ကို ခရစ်တော်၏ စစ်မှန်သော တမန်တော်တိ ဖြစ်ယောင်ဆောင်လျက် လှည့်စားသောသူများဖြစ်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




၂ ကောရိန္သု 11:13
36 ပူးပေါင်းရင်းမြစ်များ  

“ထို့နောက် ဒင်္ဂါး ၁,၀၀၀ ရသော သူသည်လည်း ရောက်လာပြီး ‘သခင်၊ သခင်သည် မိမိမျိုးစိ့မချသော မြီ၌ သီးနှံကို ရိတ်တတ်သော၊ မိမိမျိုးစိ့မကြဲသော မြီ၌ သီးနှံကို စုသိမ်းတတ်သော အလွန် ခက်ထန်သည့် သူတစ်ယောက် ဖြစ်သည်ကို အကျွန် သိပါ၏။


ယုဒပြည်မှ အန္တိအုတ်မြို့သို့ ရောက်လာကြသော တချို့သောသူတိက “သင်ရို့သည် မောသျှေ၏ ပညတ်တရားအတိုင်း အရီဖျားလှီးခြင်းကို မခံလျှင် ကယ်တင်တော်မူခြင်းသို့ မရောက်နိုင်” ဟု ယုံကြည်သူတိကို ဆုံးမဩဝါဒပီးကြ၏။


ငါရို့အထဲက လူတချို့သည် ငါရို့ပါးက ညွှန်ကြားချက် မပီးဘဲ သင်ရို့ပါးသို့ လား၍ သင်ရို့အား စိတ်အနှောင့်အယှက် ဖြစ်စီကြသည်ဟု ငါရို့ ကြားရ၏။


သင်ရို့အထဲမှ တချို့သော လူတိက လိမ်ဝါပြောဆိုကာ ယုံကြည်သူများကို သူရို့နောက်သို့ ဆွဲဆောင်လားမည့် အချိန်ကာလသည် ရောက်လာလိမ့်မည်။


အကြောင်းမူကား ဤကဲ့သို့သော အရာများကို လုပ်ဆောင်လျက်ဟိသော သူရို့သည် ငါရို့၏အသျှင် ခရစ်တော်၏အမှုတော်ကို ဆောင်ရွက်နိန်ကြသူများ မဟုတ်ဘဲ၊ မိမိရို့၏အလိုဆန္ဒ ပြည့်ဝစီခြင်းငှာ လုပ်ဆောင်နိန်ကြသော သူများသာ ဖြစ်ကြ၏။ သူရို့သည် ချိုသာသောစကား၊ မြှောက်ပင့်သောစကားဖြင့် ရိုးသားသောသူတိကို လှည့်စားတတ်ကြ၏။


သို့ဖြစ်၍ သူ၏အခိုင်းအစီများသည် ဖြောင့်မတ်ခြင်း၏ အခိုင်းအစီများ ဖြစ်ယောင်ဆောင်ကြသည်မှာ အံ့ဖွယ်မဟုတ်ပေ။ အဆုံး၌ သူရို့သည် မိမိရို့ ပြုမူကြသည့်အတိုင်း ထိုက်တန်သည့် အ​ကျိုးအ​ပြစ်​ကို ခံကြရလိမ့်မည်။


ငါရို့သည် များစွာသောသူရို့ ပြုသကဲ့သို့ ဘုရားသခင်၏ နှုတ်ကပါတ်တရားတော်ကို ကိုယ်ကျိုးအတွက် ဟောပြောခြင်း မဟုတ်ဘဲ ငါရို့အား ဘုရားသခင် စီရွှတ်တော်မူသောကြောင့် ကိုယ်တော်၏ ရှိ့တော်၌ ဖြူစင်သောစိတ်ဖြင့် ခရစ်တော်၏ အခိုင်းအစီများကဲ့သို့ ငါရို့ ဟောပြောကြ၏။


ငါရို့သည် ဖုံးအုပ်ထားသော အရာအားလုံးနှင့် ရှက်ဖွယ်ကောင်းသော အပြုအမူများကို စွန့်ပယ်၍ လိမ်လည်မှုကိုမပြုဘဲ ဘုရားသခင်၏ နှုတ်ကပါတ်တော်ကို မှောက်လှန်၍ မဟောပြော။ ငါရို့သည် ဘုရားသခင်၏ မျက်မှောက်တော်၌ သမ္မာတရား၏အလင်းတွင် အသက်ရှင်လှုပ်ရှား၍ လူအပေါင်းရို့၏ အသိစိတ်ကို ကြည်လင်အောင် ပြုမူဆောင်ရွက်ကြ၏။


အမှန်ဆိုသော် “အခြားသော သတင်းကောင်း” ဟူ၍မဟိ။ သို့ရာတွင် လူတချို့သည် သင်ရို့ကို အနှောက်အယှက်ဖြစ်စီပြီး ခရစ်တော်၏ သတင်းကောင်းကို မှောက်လှန်လိုခြင်းငှာ ကြိုးစားနိန်ခြင်းသာ ဖြစ်သည်ဟု ငါပြောဆို၏။


ဤသို့ ဆိုရခြင်းမှာ ယုံကြည်သူအဖြစ် အယောင်ဆောင်သူ တချို့သည် လျှို့ဝှက်စွာ ဝင်ရောက်လာသောကြောင့်ဖြစ်၏။ ထိုသူရို့သည် ငါရို့အား ကျွန်ပြုလို၍ ခရစ်တော် ယေသျှုအားဖြင့် ငါရို့ရဟိသော လွတ်လပ်မှုကို စုံစမ်းရန် ငါရို့အသိုင်းအဝိုင်းထဲသို့ ဝင်ရောက်လာခြင်းဖြစ်၏။


အခြားသောသူရို့သည် သင်ရို့အား အရေးတယူ ပြုကြ၏။ သို့ရာတွင် ထိုသို့ပြုခြင်းမှာ မကောင်းသော ရည်ရွယ်ချက်ဖြင့်သာ ဖြစ်၏။ သူရို့သည် သင်ရို့၏ အလွန် အရေးတယူပြုမှုကို ခံစားရခြင်းငှာ သင်ရို့အား ငါနှင့် အဆက်အသွယ် ပြတ်စီလိုသောကြောင့် ဖြစ်၏။


သင်ရို့အား အရီဖျားလှီးခြင်းကိုခံရန် အတင်းအားဓမ္မ တိုက်တွန်းကြသော သူရို့သည် ပြင်ပအမှတ်လက္ခဏာများကို ပြ၍ ဝါကြွားလိုသူများ ဖြစ်ကြ၏။ ဤသို့ပြုရခြင်းမှာ ခရစ်တော်၏ လက်ဝါးကပ်တိုင်ကြောင့် ညှည်းပမ်းနှိပ်စက်ခြင်း ခံရမည်ကို ယှောင်ယှားလို၍ ဖြစ်၏။


ထို့နောက် ငါရို့သည် ပရိယာယ်ဖြင့် လူရို့ကို လမ်းလွဲအောင် လိမ်လည်ပြောဆိုတတ်သော သူရို့၏ သြဝါဒမှိုင်းများအထဲ၌ လွင့်ပါလားသော အသျှေတိပိုင် ဖြစ်ရမည်မဟုတ်။


ဤအချက်ကို ကြိမ်ဖန်များစွာ ငါဖော်ပြဖူးယာ။ အဂုလည်း မျက်ရည်ဖြင့် ထပ်မံ၍ ဖော်ပြ၏။ ခရစ်တော်၏ လက်ဝါးကပ်တိုင်ထက်၌ အသီခံတော်မူခြင်း တရားတော်နှင့် ဆန့်ကျင်၍ ပြုမူသောသူ အများပင် ဟိကြပေ၏။


ခွီးကဲ့သို့သောသူ၊ အကျင့်ဆိုးကို ကျင့်သောသူ၊ ကိုယ်အင်္ဂါကို လှီးဖြတ်ရမည်ဟု ဆိုသောသူရို့အား သတိနှင့် ယှောင်ကြလော့။


မည်သူမျှ သင်ရို့အား ဖြားယောင်းသောစကားဖြင့် မလှည့်ဖြားစီခြင်းငှာ ငါသည် ဤသို့ ပြောဆိုခြင်းဖြစ်၏။


သင်ရို့သည် လှည့်ဖြားတတ်သည့် အချည်းနှီးသော လူ့ပညာအားဖြင့် လွှမ်းမိုးခြင်းကို မခံရစီခြင်းငှာ သတိပြုကြလော့။ ထိုပညာများသည် ခရစ်တော်ထံပါးက လာသည်မဟုတ်၊ စကြာဝဠာကို အစိုးရသည့် ဝိညာဉ်များထံက လည်းကောင်း၊ လူတိ လက်ဆင့်ကမ်း သယ်ဆောင်လာကြသည့် ဩဝါဒတရားပါးက လည်းကောင်း လာ၏။


သားသမီးရို့၊ နောက်ဆုံးသောကာလသည် နီးလာယာ။ ခရစ်တော်ကို ဆန့်ကျင်သောသူသည် ပေါ်ပေါက်လာကြောင်းကို သင်ရို့ ကြားသိရသည်အတိုင်း အဂုပင်လျှင် ခရစ်တော်ကို ဆန့်ကျင်သောသူ အများအပြား ပေါ်ပေါက်လာလီယာ။ ထို့ကြောင့် အဂုကာလသည် နောက်ဆုံးသောကာလ ဖြစ်ကြောင်းကို ငါရို့ သိရကြ၏။


အဆွီရို့၊ ဝိညာဉ်တော်ကို ခံယူရဟိသည်ဟု ပြောဆိုသောသူတိုင်းကို မယုံကြည်ကတ်ကေ့။ သူရို့ ခံယူရဟိသည်ဆိုသော ဝိညာဉ်တော်သည် ဘုရားသခင်ထံတော်မှ ဆင်းသက်လာသည့် ဝိညာဉ်တော် ဟုတ်မဟုတ် စစ်ဆေးကြလော့။ ဇာကြောင့်ဆိုသော် မိစ္ဆာပရောဖက်များသည် ဤလောကသို့ ရောက်နိန်ကြသောကြောင့် ဖြစ်၏။


အကြောင်းမူကား ဘုရားဝတ်၌ မွိ့ပျော်ခြင်းမဟိသော လူတချို့သည် သင်ရို့အထဲသို့ တိတ်တဆိတ် ဝင်ရောက်လျက် ဟိနိန်ကြသောကြောင့် ဖြစ်၏။ သူရို့သည် ငါရို့ ဘုရားသခင်၏ ကျေးဇူးတော်ကို သူရို့၏ ကာမဂုဏ်လိုက်စားခြင်းအဖြစ် မှောက်လှန်ကြလျက် ငါရို့၏ တစ်ပါးတည်းသောအသျှင်နှင့် သခင် ဖြစ်တော်မူသော ယေသျှုခရစ်တော်ကို ငြင်းပယ်ကြ၏။ ထိုသူရို့ကား ရှီးမဆွကပင်လျှင် ပြစ်ဒဏ်စီရင်ရန် သမ္မာကျမ်းစာ၌ ဖော်ပြထားပြီးဖြစ်ကြ၏။


သားရဲနှင့်တကွ သူ၏ရှိ့တွင် နိမိတ်လက္ခဏာများကိုပြသော မိစ္ဆာပရောဖက်သည် အဖမ်းခံရ၏။ ထိုမိစ္ဆာပရောဖက်သည်ကား သားရဲ၏အမှတ်တံဆိပ်ကို ခံယူ၍ သူ၏ရုပ်တုကို ရှိ့ခိုးသူရို့အား နိမိတ်လက္ခဏာများကို ပြခြင်းအားဖြင့် လိမ်လည်လှည့်ဖျားသောသူ ဖြစ်သတည်း။ ထိုသူနှစ်ယောက်စလုံးသည် အသက်ရှင်လျက်ပင် တောက်လောင်နိန်သော ကန့်နှင့်ရောသော မီးအိုင်ထဲသို့ ပစ်ချခြင်းကို ခံရကြ၏။


သင်ပြုသော အမှုများကို ငါသိ၏။ ထိုအရာများမှာ သင်သည် ဇာပိုင် ကြိုးပမ်းလုပ်ဆောင်ကြောင်း၊ ဇာမျှလောက် သည်းခံကြောင်းကို ငါသိ၏။ သင်သည် ဆိုးညစ်သောသူရို့ကို သည်းမခံနိုင်ကြောင်း၊ တမန်တော် မဟုတ်ဘဲ မိမိကိုယ်ကိုမိမိ တမန်တော်ဟု ခေါ်ဆိုကြသော သူရို့အား စစ်ဆီး၍ လှည့်ဖြားသောသူတိ ဖြစ်ကြောင်းကို သိကြောင်းပင် ဖြစ်၏။


သို့သော် သင့်အား အပြစ်တင်စရာဟိသည်မှာ ယေဇဗေလဟုခေါ်သော မိန်းမကို သင်သည် လက်ခံထားခြင်းပင် ဖြစ်၏။ ထိုမိန်းမသည် မိမိကိုယ်ကို ပရောဖက်မတစ်ယောက် ဖြစ်သည်ဟု ဆို၏။ ထိုမိန်းမသည် ငါ၏ အစီခံရို့အား မတရားသောမေထုန် လိုက်စားစီရန်နှင့် ရုပ်တုတိအား ပူဇော်သည့်အစားအစာများကို စားစီရန် သွန်သင်သဖြင့် လမ်းလွဲစီလေ၏။


သင်သည် ဒုက္ခဆင်းရဲခံရ၍ ဒုက္ခရောက်သည်ကို ငါသိ၏ — သို့ရာတွင် အမှန်စင်စစ် သင်သည် ကြွယ်ဝသူဖြစ်၏။ မိမိရို့ကိုယ်ကို ယုဒလူမျိုးတိဟု ဆိုကြသောသူရို့သည် သင့်အား ကဲ့ရဲ့သည့် စကားများအားဖြင့် ပြောဆိုကြကြောင်းကို ငါသိ၏။ သို့ရာတွင် သူရို့သည် ယုဒလူမျိုးတိ မဟုတ်၊ စာတန်မာရ်နတ်၏ အဖွဲ့ဝင်များဖြစ်ကြ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ