Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




၂ ကောရိန္သု 11:1 - ဓမ္မသစ်ကျမ်း ရခိုင်ဘာသာစကား

1 အနည်းချေမျှသော ငါ၏မိုက်မဲမှုကို သင်ရို့သည် သည်းခံကြလိမ့်မည်ဟု ငါမျှော်လင့်၏။ ကျေးဇူးပြု၍ သည်းခံကြလော့။

အခန်းကိုကြည့်ပါ။ ကော်ပီ




၂ ကောရိန္သု 11:1
17 ပူးပေါင်းရင်းမြစ်များ  

ထိုအခါ ယေသျှုက “သင်ရို့သည် ယုံကြည် ခြင်းမဟိ၊ ဖောက်ပြန်တတ်သောအမျိုးပါကား၊ ငါသည် သင်ရို့နှင့်အတူ ဇာလောက်ကြာကြာ နီရပါဖို့လဲ။ ငါသည် သင်ရို့ကို ဇာလောက်ကြာကြာ သည်းခံနိန်ရပါဖို့လဲ။ သူငယ်ကို ငါ့ပါးသို့ ယူလာခ” ဟု မိန့်တော်မူ၏။


ပေါလု ပြောဖို့ လုပ်သောအခါ ဂါလျုန်က ယုဒလူမျိုးတိအား “ကျူးလွန်ခသော ရာဇဝတ်ပြစ်မှုတချို့ သို့တည်းမဟုတ် မှားယွင်းမှုတချို့ ဟိခလျှင် သင်ရို့ ယုဒလူမျိုးတိကို ငါ့အတွက် သည်းခံနိုင်စရာ အကြောင်းဟိလိမ့်မည်၊


ထိုအခါ ပေါလုက “အချိန်ကာလသည် အဓိကမဟုတ်ပါ။ မင်းကြီးနှင့်တကွ ဤနိ့တွင် အကျွန်ပြောဆိုသမျှကို နားထောင်သောသူ အပေါင်းရို့သည် တုပ်နှောင်ခံရခြင်းမှတစ်ပါး အကျွန့်ပိုင် ဖြစ်လာစီခြင်းငှာ ဘုရားသခင်၌ ဆုတောင်းပီးပါ၏” ဟု ဆိုလေ၏။


အကြောင်းမူကား လူသည် မိမိကိုယ်ပိုင် ဉာဏ်ပညာဖြင့် ဘုရားသခင်အား မသိနိုင်စီခြင်းငှာ ဘုရားသခင်သည် မိမိ၏ဉာဏ်ပညာတော်ဖြင့် စီရင်တော်မူ၏။ “အချည်းနှီးသော” တရားဖြစ်သည်ဟု လူရို့ထင်မှတ်ထားသော ငါရို့ဟောပြောသော သတင်းကောင်းတရားအားဖြင့် ဘုရားသခင်သည် မိမိအား ယုံကြည်သူရို့ကို ကယ်တင်တော်မူခြင်းငှာ စိတ်ပိုင်းဖြတ်တော်မူလေ၏။


ဇာသူမျှ မိမိကိုယ်ကို မလှည့်စားကတ်ကေ့။ သင်ရို့အထဲမှ တစ်စုံတစ်ယောက်သောသူသည် ဤလောကတွင် မိမိကိုယ်ကို ပညာဟိသည်ဟု ထင်မှတ်လျှင်၊ ထိုသူသည် စစ်မှန်သောပညာဟိ ဖြစ်လာခြင်းငှာ မိုက်မဲသောသူဖြစ်ပါစီ။


ငါရို့သည် ခရစ်တော်အဖို့ ရူးသွပ်သောသူများဖြစ်ရ၏။ သို့သော် သင်ရို့ကား ခရစ်တော်၌ ပညာဟိများ ဖြစ်ကြ၏။ ငါရို့သည် အားနည်းသော သူများဖြစ်ကာ၊ သင်ရို့မူကား သန်စွမ်းသောသူများဖြစ်ကြ၏။ ငါရို့မူကား အသရေမဲ့သောသူများဖြစ်ပြီး၊ သင်ရို့မူကား အသရေဟိသောသူများ ဖြစ်ကြပါသည်တကား။


သင်ရို့သည် လိုအပ်သမျှ ပြည့်စုံကြပြီလော။ ချမ်းသာကြွယ်ဝကြပြီလော။ ငါရို့သည် ဘုရင်မဖြစ်ဘဲ သင်ရို့သည် ဘုရင်ဖြစ်ကြပြီလော။ သင်ရို့ ဘုရင် ဖြစ်မှသာလျှင် ငါရို့လည်း သင်ရို့နှင့်အတူ စိုးစံနိုင်ကြမည်ဖြစ်သောကြောင့် သင်ရို့သည် အမှန်ပင် ဘုရင်များဖြစ်ကတ်ပါစီဟု ငါသည် ဆန္ဒပြု၏။


သင်ရို့သည် ပညာဟိများ ဖြစ်သောကြောင့် မိုက်မဲသောသူရို့အား ဝမ်းမြောက်စွာ သည်းခံနိုင်ကြ၏။


ငါရို့သည် ထိုသို့ ပြုရန် မဝံ့မရဲ ဖြစ်ခသောကြောင့် ဝန်ခံရန်ပင် ငါသည် ရှက်၏။ သိုရာတွင် တစ်စုံတစ်ယောက်က တစ်စုံတစ်ခုသောအရာ၌ ဝါကြွားဝံ့သည်ဆိုလျှင် ငါသည်လည်း ဝါကြွားဝံ့သည်ဟု မိုက်မဲသောသူတစ်ယောက်ကဲ့သို့ ငါပြောဆို၏။


အကြောင်းမူကား တစ်စုံတစ်ယောက်က သင်ရို့ပါးသို့ ရောက်လာ၍ ငါရို့ မဟောပြောဖူးသော အခြားသော ယေသျှုအကြောင်းကို လည်းကောင်း၊ ငါရို့ပါးမှ ကြားသိရသည့် သတင်းကောင်းနှင့် လုံးဝခြားနားသည့် သတင်းကောင်းကို လည်းကောင်း၊ အယင်က ခံယူထားသည့် ဝိညာဉ်တော်နှင့် လုံးဝခြားနားသည့် ဝိညာဉ်ကို လည်းကောင်း ဟောပြောသောအခါ၌ သင်ရို့သည် ဝမ်းမြောက်စွာ ခွင့်ပြုကြ၏။


ငါသည် မိုက်မဲသောသူကဲ့သို့ ဖြစ်နိန်ယာ။ သို့ရာတွင် သင်ရို့က ငါ့အား ထိုသို့ဖြစ်အောင် ပြုနိန်ခြင်းဖြစ်၏။ ငါသည် တစ်ခုမျှမဟုတ်သော်လည်း သင်ရို့၏ အလွန် ကြီးမြတ်သော “တမန်တော်တိ” ထက် နိမ့်ကျသည်မဟုတ်။ သို့ဖြစ်၍ သင်ရို့သည် ငါ့အား ထောက်ခံချီးကျူးသင့်ပေသည်။


ငါရို့သည် အမှန်ပင် ရူးသွပ်လေပြီလား။ ရူးသွပ်လျှင်မူကား ဘုရားသခင်အဖို့ ဖြစ်၏။ အကယ်၍ မရူးသွပ်လျှင်လည်း သင်ရို့အဖို့ ဖြစ်၏။


သူသည် မိမိကိုယ်တိုင်လည်း အားနည်းချက် များစွာဟိသောကြောင့် အသိပညာခေါင်းပါးသောသူတိနှင့် မှားယွင်းသောသူတိကို သည်းခံနိုင်၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ