၂ ကောရိန္သု 1:12 - ဓမ္မသစ်ကျမ်း ရခိုင်ဘာသာစကား12 ငါရို့၏ ဝါကြွားစရာအကြောင်းမှာ ဤလောက၌ အသက်ရှင်စဉ်ကာလ အထူးသဖြင့် သင်ရို့နှင့် ဆက်ဆံရာတွင် လောကနှင့်ဆိုင်သော အသိဉာဏ်ကို အမှီမပြုဘဲ ဘုရားသခင်၏ ကျေးဇူးတော်ကို အမှီပြုလျက် ဟိသည်ကို လည်းကောင်း ဘုရားသခင် ပီးသနားတော်မူသော ရိုးသားဖြူစင်ခြင်းနှင့် သန့်ယှင်းစင်ကြယ်ခြင်းဖြင့် လည်းကောင်း ကျင့်ကြံပြုမူလျက်ဟိသည်ကို ကိုယ့်ကိုကိုယ်သိသောစိတ်က သက်သီခံလျက်ဟိ၏။ အခန်းကိုကြည့်ပါ။ |
သို့သော် ဘုရားသခင်၏ ကျေးဇူးတော်ကြောင့် ငါဖြစ်သည့်အတိုင်း ငါဖြစ်၏။ ငါ့ကို ကိုယ်တော် ပီးသနားတော်မူသော ကျေးဇူးတော်သည်လည်း အကျိုးမဲ့မဖြစ်။ ငါသည် အခြားသော တမန်တော်ရို့ထက် ပို၍ ကြိုးစားလုပ်ဆောင်၏။ ထိုသို့ လုပ်ဆောင်နိုင်ခြင်းမှာ ငါ၏ တတ်နိုင်မှုကြောင့် မဟုတ်ဘဲ၊ ငါနှင့်အတူ လုပ်ဆောင်သော ဘုရားသခင်၏ ကျေးဇူးတော်ကြောင့်သာ ဖြစ်၏။
ဤအရာသည် အဂု သင်ရို့ကို ကယ်တင်သော ဗတ္တိဇံမင်္ဂလာကို ပုံဆောင်ပေသည်။ ဗတ္တိဇံမင်္ဂလာ ခံယူခြင်းသည် ကိုယ်ကာယ အညစ်အကြေးများကို ဆီးကြောခြင်း မဟုတ်။ ကြည်လင်သောအသိစိတ်ဖြင့် ဘုရားသခင်၏ ရှိ့တော်၌ ကတိသစ္စာပြုခြင်း ဖြစ်ပေသည်။ ထိုဗတ္တိဇံတရားသည်ကား ယေသျှု ခရစ်တော်၏ ရှင်ပြန်ထမြောက်တော်မူခြင်းအားဖြင့် သင်ရို့အား ကယ်တင်ရာအကြောင်း ဖြစ်၏။