Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




၁ တိမောသေ 6:17 - ဓမ္မသစ်ကျမ်း ရခိုင်ဘာသာစကား

17 ဤမျက်မှောက်ကာလ၌ လောကီစည်းစိမ် ချမ်းသာကြွယ်ဝသောသူရို့ကို မာန မထောင်လွှားရန် သတိပီးလော့။ စည်းစိမ်ချမ်းသာတည်းဟူသော မတည်မြဲသောအရာ၌ မိမိရို့၏မျှော်လင့်ခြင်းကို မအပ်နှံဘဲ၊ ငါရို့ခံစားဖို့အတွက် အရာခပ်သိမ်းကို ကြွယ်ဝစွာ ပီးတော်မူသော ဘုရားသခင်ကိုသာ မျှော်လင့်ကြရန် သတိပီးလော့။

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ တိမောသေ 6:17
62 ပူးပေါင်းရင်းမြစ်များ  

ဇာသူမဆို လူသားကို ဆန့်ကျင်ပြောဆိုမိသောသူသည် အပြစ်မှ ခွင့်ရွှတ်ခြင်း ရနိုင်၏။ သို့ရာတွင် သန့်ယှင်းသောဝိညာဉ်တော်ကို နှုတ်ဖြင့် ပြစ်မှားသောသူတိုင်းသည် ယခုဘဝ၊ နောင်ဘဝ အပြစ်မှ ခွင့်ရွှတ်ခြင်း မရနိုင်။


ထို့နောက် ယေသျှုသည် တပည့်တော်တိကို မိန့်မှာတော်မူသည်မှာ၊ “သင်ရို့ကို ငါ အမှန်ဆိုသည်ကား စည်းစိမ်ဥစ္စာ ကြွယ်ဝသောသူတိသည် ကောင်းကင်နိုင်ငံတော်သို့ ဝင်ရောက်ရန် လွန်စွာ ခဲယင်း၏။


ရွှီဒင်္ဂါး ၅,၀၀၀ ရသောသူသည် ချက်ချင်း ထွက်လား၍ မိမိ၏ဥစ္စာကို အရင်းအနှီးလုပ်သဖြင့် ၅,၀၀၀ ထက်ပိုသော ရွှီဒင်္ဂါးများကို ရ၏။


ညစာဘက်သို့ရောက်သောအခါ အရိမဿဲမြို့မှ လူချမ်းသာ တစ်ယောက် ရောက်လာ၏။ သူ၏နာမည်မှာ ယောသပ်ဖြစ်ပြီး သူသည်လည်း ယေသျှု၏တပည့်တော် တစ်ယောက် ဖြစ်၏။


(သာသနာပလူတိကသာ ဤအရာများအတွက် စွဲလမ်းတတ်ကြ၏။) ကောင်းကင်ဘုံသျှင် သင်ရို့၏အဖသည် သင်ရို့ လိုအပ်ချက်ကို သိတော်မူပြီးဖြစ်၏။


တပည့်တော်ရို့သည် ကိုယ်တော်၏စကားတော်ကို ကြားလျှင် လွန်စွာ မိန်းမောတွေဝေကြ၏။ ယေသျှုက “ချစ်သားရို့၊ ဘုရားသခင်၏ နိုင်ငံတော်ကို ဝင်ဖို့ရန် ဇာမျှလောက် ခက်သည်မှာ၊


ထိုအရပ်တွင် ဇက္ခဲဟု နာမည်ဟိသော ချမ်းသာကြွယ်ဝသူ အခွန်ခေါင်းတစ်ယောက်ဟိ၏။


ယောဟန်က “အင်္ကျီနှစ်ထည် ဟိသောသူက အင်္ကျီမဟိသောသူအား အင်္ကျီတစ်ထည်ကို ပီးလော့၊ စားစရာဟိသောသူကလည်း ထိုနည်းအတိုင်း မျှဝီပီးလော့” ဟု ပြန်ပြော၏။


သို့ရာတွင် ဘုရားသခင်သည် အာကာပြင်မှ မိုးရီကို ရွာသွန်းကာ အချိန်တန်လျှင် သင်ရို့အား ကောက်ပဲသီးနှံများကို ပီးလျက်၊ အစားအစာများကို ကျွေးမွေးတော်မူ၏။ ထို့ကြောင့် သင်ရို့၏နှလုံးသည် ရွှင်လန်းဝမ်းမြောက်မှုနှင့် ပြည့်စုံလျက်ဟိကြ၏။ အကြောင်းမူကား ကိုယ်တော်သည် ကောင်းသောအမှုအရာတိကို ပြုတော်မူလျက် မိမိဟိတော်မူကြောင်းကို အစဉ်အမြဲ ထင်ရှားစွာ ပြတော်မူ၏” ဟု ဆို၏။


သူရို့သည် အန္တိအုတ်မြို့သို့ ရောက်ကြသောအခါ အသင်းတော်၌ ဟိသောသူတိကို အတူတကွ စုဝေး၍ ဘုရားသခင်သည် သူရို့နှင့်အတူ ပြုတော်မူခသော အမှုအရာတိကိုလည်းကောင်း၊ လူမျိုးခြားတိ ယုံကြည်လာကြစီရန် ဘုရားသခင်က ဇာပိုင် လမ်းဖွင့်ပီးခသည်ကို လည်းကောင်း သူရို့အား ပြောပြကြ၏။


ထို့နောက် ထိုဘုရားသခင်သည် လူတိအား အသက်နှင့်တကွ ထွက်သက်ဝင်သက်နှင့် အရာခပ်သိမ်းတိကို ပီးတော်မူသော အသျှင်ဖြစ်သောကြောင့် ကိုယ်တော်သည် လူသားတိက ဆောင်ရွက်ပီးသော မည်သည့် အထောက်အပံ့ကိုမျှ မလိုအပ်ပေ။


မှန်၏။ သို့ရာတွင် မယုံကြည်သောကြောင့် သူရို့သည် ချိုးဖဲ့ခြင်းကို ခံရကြပြီးလျှင် သင်သည် ယုံကြည်ခြင်းအားဖြင့် တည်၏။ မာနစိတ်မဝင်ကေ့။ ကြောက်စိတ်ဝင်လော့။


ကာမဂုဏ်လိုက်စားသောသူ၊ မစင်ကြယ်သောသူ၊ လောဘလွန်ကျူးခြင်းတည်းဟူသော ရုပ်တုကို ကိုးကွယ်သောသူရို့သည် ခရစ်တော်နှင့် ဘုရားသခင်၏ နိုင်ငံတော်သို့ တစ်ခါလေ့ ဝင်ရလိမ့်မည် မဟုတ်ကြောင်းကို သင်ရို့သိကြ၏။


ခရစ်တော်၏ နှုတ်ကပတ်တရားတော်ကို သင်ရို့၏ စိတ်နှလုံးထဲ၌ ကြွယ်ဝစွာ တည်စီကြလော့။ အမျိုးမျိုးသော ဉာဏ်ပညာဖြင့် တစ်ဦးကို တစ်ဦး သွန်သင်၍ ဆုံးမပဲ့ပျင်ကြလော့။ ဆာလံတေးခြင်း၊ ဓမ္မတေးခြင်းနှင့် ဝိညာဉ်ရေးဆိုင်ရာ တေးခြင်းများကို စိတ်နှလုံးထဲ၌ ကျေးဇူးတင်သောစိတ်ဖြင့် ဘုရားသခင်အား သီဆိုကြလော့။


အကြောင်းမူကား သင်ရို့သည် ငါရို့ကို မည်သို့ လက်ခံကြသည်ကို လည်းကောင်း၊ အသက်ရှင်တော်မူ၍ စစ်မှန်သော ဘုရားသခင်၏အမှုတော်ကို ဆောင်ရွက်ရန် ရုပ်တုများကို စွန့်ပစ်၍ ဘုရားသခင်ထံတော်သို့ မည်သို့ ပြန်လှည့်လာကြသည်ကို လည်းကောင်း၊ သူရို့ကိုယ်တိုင် ပြောကြားကြ၏။


ငါသည် မာကေဒေါနိပြည်သို့ လားစဉ်အခါက သင့်ကို ငါ တိုက်တွန်းခသည့်အတိုင်း ဧဖက်မြို့၌ ကျန်နိန်ခရန် အလိုဟိ၏။ အကြောင်းမူကား လူတချို့သည် မှားယွင်းသော အယူဝါဒများကို ဟောပြောသွန်သင်နိန်ကြသည်ဖြစ်၍ သင်သည် ထိုအရာများကို ရပ်တန့်ရန် ပြောကြားရမည်။


သို့သော်လည်း ငါလာရောက်ရန် နှောင့်နှေးကြန့်ကြာနိန်လျှင် အသက်ရှင်တော်မူသော ဘုရားသခင်၏အသင်းတော်ဖြစ်သော ဘုရားသခင်၏အိမ်ထောင်စု၌ မည်သို့ စီမံခန့်ခွဲသင့်သည်ကို သင်သည် ဤစာအားဖြင့် သိခွင့်ရလိမ့်မည်။ အသင်းတော်သည်ကား သမ္မာတရား၏ အုတ်မြစ်ဖြစ်သည့်အပြင် မဏ္ဍိုင်လည်း ဖြစ်၏။


ငါရို့သည် ကြိုးစားအားထုတ်၍ ရုန်းကန်ကြရ၏။ အကြောင်းမူကား လူသားအားလုံး၏ကယ်တင်သျှင်၊ အထူးသဖြင့် ယုံကြည်သောသူရို့၏ကယ်တင်သျှင် ဖြစ်တော်မူသည့် အသက်ရှင်တော်မူသော ဘုရားသခင်၌ မျှော်လင့်ထားသောကြောင့် ဖြစ်၏။


သင် ပြုသမျှ၌ ဇာသူ့ကိုမျှ ဘက်လိုက်ခြင်း၊ မျက်နှာသာပီးခြင်း မဟိဘဲ ဤညွှန်ကြားချက်တိကို လိုက်နာဆောင်ရွက်ရန် ဘုရားသခင်နှင့် ခရစ်တော်ယေသျှု ရှိ့တော်၌ လည်းကောင်း၊ သန့်ယှင်းသော ကောင်းကင်တမန်တိ ရှိ့၌ လည်းကောင်း၊ ငါသည် သင့်အား အလေးအနက် တိုက်တွန်းလိုက်၏။


အရာခပ်သိမ်းအား အသက်ကို ပီးတော်မူသော ဘုရားသခင် ရှိ့၌ လည်းကောင်း၊ ပုန္တိပိလတ်မင်း ရှိ့၌ မိမိ၏ယုံကြည်ချက်ကို အခိုင်အမာ ဝန်ခံခသော ခရစ်တော်ယေသျှု ရှိ့၌ လည်းကောင်း ငါသည် သင့်အား မိန့်မှာလိုက်၏။


သို့ရာတွင် ချမ်းသာလိုသောသူရို့သည် အပြစ်သွီးဆောင်ခြင်းသို့ လည်းကောင်း၊ ထောင်ချောက်ထဲသို့ လည်းကောင်း၊ လူတိကို ပျက်စီးဆုံးယှုံးစီတတ်သော မိုက်မဲ၍ အန္တရယ်ဟိသည့် တပ်မက်မှုအမျိုးမျိုးထဲသို့ လည်းကောင်း ကျရောက်တတ်၏။


ဒေမသည် လောကကို ချစ်သောကြောင့် ငါ့ကို စွန့်ခွါ၍ သက်သာလောနိတ်မြို့သို့ ထွက်ခွာလားခယာ။ ကရက္ကေသည် ဂလာတိပြည်သို့ လည်းကောင်း၊ တိတုသည် ဒါလမာတိပြည်သို့ လည်းကောင်း ထွက်လားခကတ်ယာ။


ဘုရားမဲ့ တရားမဲ့ နီထိုင်ခြင်းနှင့် လောကီတပ်မက်ခြင်းများကို စွန့်ပယ်၍ ယခုမျက်မှောက်ကာလ၌ ဣန္ဒြေသိက္ခာဟိစွာဖြင့် ဖြောင့်မတ်မှန်ကန်ပြီး ဘုရားဝတ်၌ ပျော်မွိ့သော အသက်တာဖြင့် အသက်ရှင်ကြရန်လည်းကောင်း၊


ဘုရားသခင်သည် ထိုဝိညာဉ်တော်ကို ငါရို့၏ ကယ်တင်သျှင် ယေသျှုခရစ်တော်အားဖြင့် ငါရို့၌ ကြွယ်ဝစွာ သွန်းလောင်းတော်မူ၏။


ဤနည်းအားဖြင့် သင်ရို့သည် ကယ်တင်သျှင်ဖြစ်တော်မူသော ငါရို့၏ အသျှင် ယေသျှု ခရစ်တော်၏ ထာဝရနိုင်ငံတော်သို့ ဝင်နိုင်မည့် အခွင့်ကို ပြည့်ဝစွာ ရကြလိမ့်မည်။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ