Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




၁ တိမောသေ 6:12 - ဓမ္မသစ်ကျမ်း ရခိုင်ဘာသာစကား

12 ယုံကြည်ခြင်းနှင့်ဆိုင်သော အဗြီးပြိုင်ပွဲ၌ အစွမ်းကုန် ဗြီး၍ မိမိကိုယ်တိုင်အဖို့အလို့ငှာ ထာဝရအသက်တည်းဟူသော အောင်ဆုကို ရယူလော့။ အကြောင်းမူကား သင်သည် များစွာသောသက်သီရို့ရှိ့မှာ မိမိ၏ယုံကြည်ချက်ကို အခိုင်အမာ ဝန်ခံခသည့်အတိုင်း ဤထာဝရအသက်ကို ရမည်အကြောင်း သင့်ကို ဘုရားသခင် ခေါ်ထားတော်မူခြင်းဖြစ်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ တိမောသေ 6:12
39 ပူးပေါင်းရင်းမြစ်များ  

သမ္မာတရားတော်ကို ဟောပြောခြင်းဖြင့် လည်းကောင်း၊ ဘုရားသခင်၏ တန်ခိုးတော်အားဖြင့် လည်းကောင်း ငါရို့သည် ဘုရားသခင်၏ အခိုင်းအစီများ ဖြစ်ကြောင်းကို ထင်ရှားစီကြ၏။ တိုက်ခိုက်ခြင်း၌ လည်းကောင်း၊ ကာကွယ်ခြင်း၌ လည်းကောင်း ငါရို့သည် ဖြောင့်မတ်ခြင်းတည်းဟူသော လက်နက်ကို အသုံးပြုကြ၏။


အကြောင်းမူကား ဤသို့ သင်ရို့၏ လုပ်ဆောင်မှုကြောင့် လူအပေါင်းရို့သည် ခရစ်တော်၏ သတင်းကောင်းကို သစ္စာဟိစွာ သင်ရို့ ခံယူကြသည်ကို လည်းကောင်း၊ သူရို့မှစ၍ တခြားသူအပေါင်းရို့အား ရက်ရောစွာ ဝီမျှပီးကမ်းကြသည်ကို လည်းကောင်း လူအပေါင်းရို့သည် ဘုရားသခင်၏ ဘုန်းတန်ခိုးတော်ကို ချီးမွမ်းကြပေလိမ့်မည်။


ယခု သင်ရို့သည် ငါနှင့်အတူ တိုက်ပွဲကို ဝင်နိုင်ကြပြီ။ အယင်က ငါ တိုက်ခိုက်ခသည်ကို သင်ရို့တွိ့မြင်ခကြ၏။ သင်ရို့ ကြားသိသည့်အတိုင်း အဂုလည်း ငါသည် တိုက်ခိုက်လျက် နိန်သိမ့်၏။


သင်ရို့၏ စိတ်နှလုံးထဲ၌ ခရစ်တော်၏ ငြိမ်သက်ခြင်း အုပ်စိုးပါစီ။ အကြောင်းမူကား ဤငြိမ်သက်ခြင်းအတွက် ခန္ဓာတစ်ခုထဲသို့ သင်ရို့ကို ခေါ်ယူထားတော်မူ၏။ သို့ဖြစ်၍ ကျေးဇူးတော်ကို ချီးမွမ်းကြလော့။


မိမိ၏နိုင်ငံတော်နှင့် ဘုန်းတန်ခိုးတော်ထဲသို့ သင်ရို့အား ခေါ်တော်မူသော ဘုရားသခင် နှစ်သက်တော်မူသည့် အသက်ရှင်နီထိုင်မှုဖြင့် အသက်ရှင်ကြစီရန် ငါရို့သည် သင်ရို့အား တိုက်တွန်းနှိုးဆော်၍ နှစ်သိမ့်အားပီးကာ တောင်းဆိုခကြ၏။


သင်ရို့သည် ငါရို့၏အသျှင် ယေသျှုခရစ်တော်၏ ဘုန်းတော်ကို ပိုင်ဆိုင်ကြစီရန် ဘုရားသခင်သည် ငါရို့ဟောပြောသည့် သတင်းကောင်းအားဖြင့် သင်ရို့ကို ခေါ်ထားတော်မူ၏။


ငါ့သား တိမောသေ၊ သင့်ကို အကြောင်းပြု၍ အယင်က ပရောဖက်တိ ဟောပြောခသည့် စကားနှင့်အညီ ငါသည် ဤညွှန်ကြားချက်ကို သင့်အား ပီးအပ်လိုက်၏။ သင်သည် ကောင်းစွာ တိုက်ခိုက်ခြင်းအလို့ငှာ ထိုပရောဖက်ရို့ ဟောပြောခသည့်စကားကို လက်နက်သဖွယ် အသုံးပြုလော့။


သင်၏ယုံကြည်ခြင်းကို လည်းကောင်း၊ ကြည်လင်သော အသိစိတ်ကို လည်းကောင်း စွဲကိုင်ထားလော့။ လူတချို့သည် ကြည်လင်သော အသိစိတ်ကို ငြင်းပယ်၍ မိမိရို့၏ယုံကြည်ခြင်းကို ဖျက်ဆီးပစ်ကြလေ၏။


ပရောဖက်များ ဟောကြားသောအခါ၌ လည်းကောင်း၊ အသင်းတော်လူကြီးရို့က လက်ကိုတင်၍ ဆုတောင်းပီးသောအခါ၌ လည်းကောင်း၊ သင်ခံယူထားသော ဝိညာဉ်ဆုကျေးဇူးကို လျစ်လျူမရှုကေ့။


အရာခပ်သိမ်းအား အသက်ကို ပီးတော်မူသော ဘုရားသခင် ရှိ့၌ လည်းကောင်း၊ ပုန္တိပိလတ်မင်း ရှိ့၌ မိမိ၏ယုံကြည်ချက်ကို အခိုင်အမာ ဝန်ခံခသော ခရစ်တော်ယေသျှု ရှိ့၌ လည်းကောင်း ငါသည် သင့်အား မိန့်မှာလိုက်၏။


ဤနည်းအားဖြင့် သူရို့သည် အနာဂါတ်အတွက် ခိုင်ခံ့သော အခြေခံအုတ်မြစ်တည်းဟူသော ဘဏ္ဍာကို မိမိရို့အဖို့ စုဆောင်းထားနိုင်ကြလိမ့်မည်။ ထို့အပြင် သူရို့သည် စစ်မှန်သော အသက်ကိုလည်း ရနိုင်ကြလိမ့်မည်။


ကိုယ်တော်သည် ငါရို့ကို ကယ်တင်တော်မူ၍ မိမိ၏လူစုထဲသို့ ခေါ်သွင်းတော်မူ၏။ ငါရို့၏လုပ်ဆောင်ခြင်းကြောင့်မဟုတ်၊ ကိုယ်တော်၏ရည်ရွယ်ချက်နှင့် ကျေးဇူးတော်ကြောင့်ဖြစ်၏။ ကိုယ်တော်သည် ရှိ့ကာလ မတည်မှီကပင် ဤကျေးဇူးတော်ကို ခရစ်တော်ယေသျှုအားဖြင့် ငါရို့အား ပီးထားတော်၏။


ထို့ပြင် များစွာသော အသိသက်သီတိရှိ့မှာ ငါ ပြောကြားခသော ဩဝါဒများကို မှတ်သားပြီးလျှင် သစ္စာနှင့်ပြည့်စုံ၍ အခြားသူတိကို သင်ပြနိုင်သောသူရို့အား ပီးအပ်လော့။


ငါသည် အဗြီးပြိုင်ပွဲ၌ အစွမ်းကုန် ကြိုးစားပြီး အဆုံးတိုင်အောင် ဗြီးခပြီးယာ၊ ငါသည် ယုံကြည်ခြင်းတရားကို စောင့်ထိန်းခယာ။


ငါရို့၏ညီ တိမောသေသည် လွတ်မြောက်လာပြီဖြစ်ကြောင်း သင်ရို့အား ငါ သိစီလို၏။ မကြာခင် သူ ရောက်လာသောခါ ငါသည်လည်း သူနှင့်အတူ သင်ရို့ကို တွိ့ရန် လာလိမ့်မည်။


ငါရို့သည် အစဦးကပင် ရထားပြီးသော ယုံကြည်ခြင်းကို အဆုံးတိုင်အောင် ဆုပ်ကိုင်ထားကြလျှင် ခရစ်တော်နှင့်အတူ လုပ်ဖော်ကိုင်ဖက်များကြ၏။


ဘုရားသခင်သည် မုသာကို ပြောဆိုတော်မမူသောကြောင့် ကတိတော်နှင့် ကျိန်ဆိုခြင်းသည် မပြောင်းလဲနိုင်သော အရာနှစ်ပါး ဖြစ်၏။ မိမိရို့ရှိ့၌ ချထားသော မျှော်လင့်ခြင်းကို ခိုင်မြဲစွာ ဆုပ်ကိုင်ထားကြရန် ဘုရားသခင်၌ ခိုလှုံနိန်ကြသောငါရို့အား ထိုသို့ တိုက်တွန်းထားခြင်းဖြစ်၏။


အဆိုးကို အဆိုးအားဖြင့်လည်းကောင်း၊ ကျိန်ဆဲခြင်းကို ကျိန်ဆဲခြင်း အားဖြင့်လည်းကောင်း၊ မတုံ့ပြန်ကတ်ကေ့။ ထိုသို့ ပြုမည့်အစား ကောင်းကြီးပီးကြလော့။ ဇာကြောင့်ဆိုသော် သင်ရို့သည် ဘုရားသခင် ကတိထားတော်မူသည့် ကောင်းကြီးမင်္ဂလာကို အမွီခံစီရန် ခေါ်တော်မူသောကြောင့်ဖြစ်၏။


သို့ရာတွင် သင်ရို့သည် ဆင်းရဲဒုက္ခကို အနည်းငယ်မျှသာ ခံစားပြီးသောအခါ ခရစ်တော်နှင့် တစ်လုံးတစ်ဝတည်း ဖြစ်စီလျက် ထာဝရဘုန်းတော်ကို ဝင်စားခွင့်ပီးရန် ခေါ်တော်မူသောအသျှင်၊ ကျေးဇူးတော်အပေါင်းနှင့် ပြည့်စုံတော်မူသော ဘုရားသခင်ကိုယ်တော်တိုင်သည် သင်ရို့ကို စုံလင်စီ၍ ခွန်အားနှင့် ပြည့်ဝစီကာ ခိုင်ခံ့စွာ ရပ်တည်စီတော်မူလိမ့်မည်။


ဤသည်ကား ခရစ်တော်ကိုယ်တော်တိုင် ငါရို့ကို ကတိပီးထားတော်မူသော ထာဝရအသက်ဖြစ်၏။


ချစ်ခင်ရသော အဆွီရို့၊ ငါရို့နှင့်ဆိုင်သော ကယ်တင်ခြင်းအကြောင်းကို ငါသည် သင်ရို့ပါးသို့ စာရီးရန် ကြိုးစားခ၏။ သို့ရာတွင် ကိုယ်တော်၏ လူစုအား ဘုရားသခင် အပြီးအပိုင် ပီးအပ်တော်မူသည့် ယုံကြည်ခြင်းအတွက် ကြိုးစားတိုက်လှန်ကြရန် သင်ရို့ပါးသို့ ချက်ချင်းပင် စာရီး၍ အားပီးတိုက်တွန်းရန် လိုအပ်လာသည်ဟု ငါ ခံစားရ၏။


ထို့ကြောင့် သင်သည် ကြားနာသမျှ၊ ခံယူထားသမျှ တရားကို အောက်မိ့သတိရလျက် နာခံလိုက်လျှောက်လော၊ နောင်တရလော့။ သင်သည် မနိုးထလျှင် သူခိုးလာသကဲ့သို့ ငါသည် သင့်ပါးသို့ လာမည်။ ငါလာမည့်အချိန်ကို သင် သိရလိမ့်မည်မဟုတ်။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ