19 သက်သီခံ နှစ်ဦး သို့မဟုတ် သုံးဦးမဟိလျှင် အသင်းတော်အကြီးအကဲအား ပြစ်တင်စွပ်စွဲချက်ကို လက်မခံကေ့။
သို့သော် သူက သင့်စကားကို နားမထောင်လျှင် သင်နှင့်အတူ လူတစ်ယောက် နှစ်ယောက်ကို ခေါ်၍ သူ့အား ပြောပြလော့။ အကြောင်းမူကား ကျမ်းစာလာသည့်အတိုင်း သင်၏စွပ်စွဲချက်များကို နှစ်ဦး သို့မဟုတ် နှစ်ဦးထက်ပိုသော သက်သီတိဖြင့် အတည်ပြုရန် ဖြစ်၏။
ထို့ကြောင့် ပိလတ်သည် သူရို့ဟိရာ အိမ်အပြင်သို့ ထွက်ပြီးလျှင် “ဇာအပြစ်နှင့် စွပ်စွဲပြီးကေ ဤသူကို ခေါ်လာကြသနည်း” ဟု မိန်းသော်၊
သင်ရို့၏ ပညတ်တော်၌ သက်သီနှစ်ဦး ထွက်ဆိုလျှင် သင်ရို့ပြောသမျှ မှန်သည်ဟု ဖော်ပြထား၏။
သူရို့သည် ဤသို့ ဆုံးဖြတ်ချက်ချပြီးနောက် သျှောလုနှင့် ဗာနဗအားဖြင့် အသင်းတော်လူကြီးတိပါးသို့ ငွီများကို ပို့ပီးလိုက်ကြ၏။
သို့သော် အကျွန်က အစွပ်စွဲခံရသော တရားခံတစ်ယောက်အား စွပ်စွဲသောတရားလိုများနှင့် တရားခွင်၌ တွိ့ဆုံကာ မိမိ၌ စွပ်စွဲချက်များကို ချေပခွင့်မပီးဘဲ တရားစီရင်ခြင်းသည် အကျွန်ရို့ ရောမဓလေ့ထုံးစံ မဟုတ်ကြောင်းကို သူရို့အား ပြောဆိုခပါ၏။
အဂု ငါသည် သင်ရို့ပါးသို့ တတိယအကြိမ် လာလည်အုံးမည်။ “အမှုကိစ္စမှန်သမျှကို သက်သီနှစ်ဦး သို့မဟုတ် သုံးဦး၏ ထွက်ဆိုချက်အရ မှန်ကန်ကြောင်း အတည်ပြုရမည်” ဟု ကျမ်းစာ၌ ဖော်ပြထား၏။
ပရောဖက်များ ဟောကြားသောအခါ၌ လည်းကောင်း၊ အသင်းတော်လူကြီးရို့က လက်ကိုတင်၍ ဆုတောင်းပီးသောအခါ၌ လည်းကောင်း၊ သင်ခံယူထားသော ဝိညာဉ်ဆုကျေးဇူးကို လျစ်လျူမရှုကေ့။
အသင်းတော်ကိစ္စများကို ကောင်းမွန်စွာ စီမံဆောင်ရွက်သော အသင်းတော်အကြီးအကဲရို့သည် နှစ်ဆသောဂုဏ်ပြုခြင်းကို ခံထိုက်၏။ အထူးသဖြင့် တရားဟောခြင်း၊ ဆုံးမသွန်သင်ခြင်း၌ ကြိုးစား၍ လုပ်ဆောင်သောသူများသည် ယင်းသို့ ခံစားထိုက်ပေ၏။
အသင်းတော်အကြီးအကဲ တစ်ယောက်သည် အပြစ်ကင်းစင်သောသူ၊ မယားတစ်ယောက်တည်း ဟိသောသူ ဖြစ်ရမည်။ သူ၏သားသမီးရို့သည်လည်း ယုံကြည်သူတိ ဖြစ်ရမည့်အပြင် ရိုင်းစိုင်းသောသူများ၊ နာခံမှုမဟိသောသူများ မဖြစ်စီရ။
မောသျှေ၏ပညတ်တရားကို ငြင်းပယ်သောသူမည်သည်ကား သက်သီနှစ်ဦး သို့မဟုတ် သုံးဦးဟိလျင် သက်ညှာခြင်းကို မခံရဘဲ သီဒဏ်ပီးခြင်းကို ခံရ၏။