6 သို့ဖြစ်၍ ငါရို့သည် အခြားသူတိကဲ့သို့ အိပ်ပျော်လျက်မနိန်ကြဘဲ၊ သမ္မာသတိဖြင့် နိုးကြားလျက် နိန်ကြရမည်။
တစ်ညတွင် လူတိ အိပ်နိန်ကြသောအခါ ရန်သူတစ်ဦးသည် လာ၍ ဂျုံမျိုးစိများကြားထဲ၌ မြက်ရိုင်းမျိုးစိများကို ကြဲထားခပြီး၊ အဝီးကို ထွက်လားခ၏။
“ထို့ကြောင့် သင်ရို့၏သခင်ဘုရားသည် ဇာနိ့မှာ ကြွလာမည်ကို မသိသောကြောင့် သင်ရို့သည် သတိနှင့် စောင့်ကြည့်နိန်ကြလော့။
“ထို့ကြောင့် သင်ရို့သည် ထိုနိ့ရက်ကာလကို မသိကြသောကြောင့် သတိနှင့် စောင့်နိန်ကြလော့” ဟု မိန့်တော်မူလျက် ယေသျှုက ပုံပြင်ကို အဆုံးသတ်လိုက်၏။
မင်္ဂလာဆောင်သတို့သားသည် အလာနောက်ကျနိန်သည်ဖြစ်၍ သူရို့အားလုံးသည် ငိုက်မျဉ်းကာ အိပ်ပျော်လားကြ၏။
ထိုအခါ ကိုယ်တော်က “ငါ၏စိတ်နှလုံးထဲ၌ သီဖို့လောက် ဝမ်းနည်းလျက် ဟိ၏၊ ဤနီရာက နီ၍ ငါ့ကို စောင့်နိန်ကတ်” ဟု သူရို့ကို မိန့်တော်မူ၍၊
သင်ရို့ သတိဖြင့် စောင့်နိန်ကြလော့ဟု ငါ ဆိုသည်အတိုင်း ခပ်သိမ်းသော သူရို့ကိုလည်း ငါ သတိပီး၏။ ယင်းကြောင့် သတိဖြင့် စောင့်နိန်ကြလော့” ဟု မိန့်တော်မူ၏။
ထိုအခိုင်းအစီတိ စောင့်မျှော်နိန်ကြသည်ကို သခင်ပြန်ရောက်ချိန်၌ တွိ့ရလျှင် ယင်းအခိုင်းအစီရို့သည် မင်္ဂလာဟိကြ၏။ ငါအမှန်ဆိုသည်ကား၊ သခင်သည် ခါးပန်းကိုစည်းပြီးလျှင် အခိုင်းအစီတိကို စားပွဲ၌ ထိုင်ခိုင်းစီပြီး ကျွေးမွေးလိမ့်မည်။
အိမ်သျှင်သည် သူခိုးလာမည့်အချိန်ကို သိထားလျှင် မိမိအိမ်ကို သူခိုး ဖောက်ထွင်းခံလိမ့်မည် မဟုတ်ကြောင်း သိမှတ်ကြလော့။
နိုးနိုးကြားကြားနီ၍ အစဉ်မပြတ် ဆုတောင်းကြလော့။ အကြောင်းမူကား ကျရောက်လာမည့်ဖီးနှင့် ကင်းလွတ်ပြီး လူသား၏ရှိ့တော်မှောက်၌ မတ်မတ်ရပ်နိုင်မည် အကြောင်းတည်း” ဟု မိန့်တော်မူ၏။
ကိုယ်တော်က၊ “သင်ရို့ဇာကြောင့် အိပ်ပျော် နိန်ကြသနည်း။ ထကြလော။ စုံစမ်းသွီးဆောင်ခြင်းသို့ မကျရောက်စီရန် ဆုတောင်းကြလော့” ဟု မိန့်တော်မူ၏။
ထို့ကြောင့် သတိဖြင့် နီကြလော့။ ငါသည် နိ့၊ ညဉ့်မပြတ် သုံးနှစ်ပတ်လုံး မျက်ရည်ကျပြီး သင်ရို့ တစ်ယောက်ချင်းစီတိုင်းအား သွန်သင်ပီးခသည်ကို သတိရကြလော့။
အမြင်မှန် ရကြလော့။ ဒုစရိုက်အပြစ်ကို မပြုကတ်ကေ့။ အကြောင်းမူကား သင်ရို့ထဲမှ တချို့သောသူရို့သည် ဘုရားသခင်နှင့်ပတ်သက်၍ အသိဉာဏ်ကင်းမဲ့ကြ၏။ ဤသို့ ငါဆိုရာ၌ သင်ရို့ကို အရှက်ရစီခြင်းငှာ ဖြစ်၏။
နိုးနိုးကြားကြားဟိကြလော့၊ ယုံကြည်ခြင်း၌ ခိုင်မာစွာ ရပ်တည်ကြလော့၊ ရဲစွမ်းသတ္တိနှင့်တကွ ခိုင်ခံ့ကြလော့။
အမှန်စင်စစ် ငါရို့သည် ထိုသူရို့ကဲ့သို့ ဇာတိ၏အလိုသို့ လိုက်လျက်၊ ကိုယ်ကာယ၏ အလိုနှင့် စိတ်၏အလိုအတိုင်း ကျင့်ခကြ၏။ ငါရို့သည် ဇာတိသဘောအတိုင်း အခြားသူများနည်းတူ ဘုရားသခင်၏ အမျက်တော်ကို ခံထိုက်သောသူတိ ဖြစ်ခကြ၏။
အကြောင်းမူကား အလင်းသည် ခပ်သိမ်းသောအရာတိကို ပေါ်လွင်ထင်ရှားစီသောကြောင့် ဖြစ်၏။ ထို့ကြောင့် ကျမ်းစာ၌ လာသည်ကား၊ “အိပ်ပျော်သူ၊ နိုးလော့။ သီခြင်းမှ ထမြောက်လော့၊ ခရစ်တော်သည် သင်၌ ထွန်းလင်းတော်မူလိမ့်မည်” ဟူ၍ ပါဟိသတည်း။
သင်ရို့အား ကူညီမစတော်မူခြင်းငှာ ဘုရားသခင်အား တောင်းလျှောက်ကြလော့။ ဝိညာဉ်တော် ညွှန်ကြားသည့်အတိုင်း အရာရာ၌ ဆုတောင်းကြလော့။ ထို့ကြောင့် နိုးနိုးကြားကြားဖြင့် နီကြလော့။ ကာလအစဉ် အားမလျှော့ဘဲ၊ ဘုရားသခင်၏လူစုတော်အဖို့ ဆုတောင်းကြလော့။
သင်ရို့၏ နူးညံ့သိမ်မွိ့သော စိတ်သဘောကို လူအပေါင်းရို့အား ထင်ရှားစီကြလော့။ သခင်ဘုရားသည် အနီးအပါး၌ ဟိတော်မူ၏။
ဆုတောင်းခြင်းအမှုကို အစဉ်တစိုက် ပြုကြလော့။ ထိုသို့ပြုရာတွင် ဘုရားသခင်အား ကျေးဇူးတော်ချီးမွမ်းလျက် သတိဟိကြလော့။
အစ်ကိုမောင်နှမရို့၊ သင်ရို့သည် မျှော်လင့်ခြင်း ကင်းမဲ့သူများကဲ့သို့ ဝမ်းနည်းကြီကွဲမှု မဖြစ်ကြစီရန် ငါရို့သည် သီလွန်သူများနှင့်ပတ်သက်၍ အမှန်တရားကို သင်ရို့အား သိစီလို၏။
ငါရို့သည် အိပ်ပျော်လျက်ဟိသည်ဖြစ်စီ၊ နိုးလျက်ဟိသည်ဖြစ်စီ ထိုအသျှင်နှင့်အတူ အသက်ရှင်ခြင်းငှာ ကိုယ်တော်သည် ငါရို့အတွက် အသီခံတော်မူ၏။
သို့ရာတွင် ငါရို့သည် နိ့အချိန်၌ ကျင်လည်သောသူတိ ဖြစ်ကြသောကြောင့် ယုံကြည်ခြင်းနှင့် ချစ်ခြင်းမေတ္တာတည်းဟူသော ရင်အုပ်တန်ဆာကို ဝတ်ဆင်လျက်၊ ကယ်တင်ခြင်းခံရရန် မျှော်လင့်ခြင်းတည်းဟူသော သံခမောက်ကို ဆောင်းကာ သမ္မာသတိဟိကြကုန်အံ့။
သို့ရာတွင် မိန်းမရို့သည် ဣန္ဒြေနှင့်တကွ ယုံကြည်ခြင်း၊ ချစ်ခြင်း၊ သန့်ယှင်းခြင်းပါရမီ၌ ကြိုးစားအားထုတ်လျှင် ထိုမိန်းမသည် သားသမီးများမွီးဖွားပီးခြင်းဖြင့် ကယ်တင်ခြင်းကို ခံရကြလိမ့်မည်။
မိန်းမရို့သည် တင့်တယ်လျောက်ပတ်စွာ ဝတ်စားဆင်ယင်ခြင်း၊ ဣန္ဒြေစောင့်ခြင်း၊ ယဉ်ကျေးသိမ်မွိ့ခြင်းနှင့် ပြည့်စုံကြစီခြင်းငှာ ငါသည် အလိုဟိ၏။ သို့ရာတွင် ဆံပင်အလှပျင်ခြင်း၊ ရွှီ၊ ပုလဲ သို့မဟုတ် အဖိုးတန်သည့် အဝတ်တန်ဆာများ ဝတ်ဆင်ခြင်းတိကို ပြုလုပ်ခြင်းငှာ မလိုအပ်ပေ။
သူရို့မယားတိသည်လည်း စာရိတ္တကောင်းသူ၊ ဣန္ဒြေဟိသူ၊ အရာရာ၌ ရိုးသားသူတိ ဖြစ်ရမည်။ အခြင်းပြောသောသူတိ မဖြစ်စီရ။
သင်းအုပ်သည် အပြစ်ကင်းသောသူ၊ မယားတစ်ယောက်သာ ဟိသောသူ၊ သမ္မာသတိ ဟိသောသူ၊ ဣန္ဒြေစောင့်သောသူ၊ လျောက်ပတ်စွာ နီထိုင်ကျင့်ကြံသောသူ၊ ဧည့်ဝတ်ကျေပွန်သောသူ၊ သွန်သင်ဆုံးမ ဩဝါဒပီးတတ်သောသူ ဖြစ်ရမည်။
သို့ရာတွင် သင်သည် အရာရာ၌ သမ္မာသတိဟိလော့။ ဆင်းရဲဒုက္ခ၌ သည်းခံလော့။ သတင်းကောင်းတရား ဟောပြောခြင်း အမှုကို ဆောင်ရွက်လော့။ ဘုရားသခင်၏ အစီခံတစ်ယောက်အဖြစ်ဖြင့် မိမိ၏တာဝန်အားလုံးကို ဆောင်ရွက်လော့။
ဘုရားမဲ့ တရားမဲ့ နီထိုင်ခြင်းနှင့် လောကီတပ်မက်ခြင်းများကို စွန့်ပယ်၍ ယခုမျက်မှောက်ကာလ၌ ဣန္ဒြေသိက္ခာဟိစွာဖြင့် ဖြောင့်မတ်မှန်ကန်ပြီး ဘုရားဝတ်၌ ပျော်မွိ့သော အသက်တာဖြင့် အသက်ရှင်ကြရန်လည်းကောင်း၊
ထိုနည်းတူ လူပျိုရို့အား မိမိကိုယ်ကို ထိန်းချုပ်နိုင်ကြစီရန် အားပီးတိုက်တွန်းကြလော့။
ထို့ကြောင့် သင်ရို့၏ စိတ်နှလုံးကို အသင့်ပျင်ဆင်၍ သမ္မာသတိ ဟိကြလော့။ ယေသျှုခရစ် ပေါ်ထွန်းတော်မူသောအခါ သင်ရို့ခံစားရမည့် ကျေးဇူးတော်ကို လုံးဝ မျှော်လင့်ကြလော့။
အားလုံးသော အမှုအရာများအတွက် နောက်ဆုံးသောအချိန် နီးကပ်လာပြီဖြစ်၏။ သို့ဖြစ်၍ သင်ရို့သည် ဆုတောင်းခြင်းအမှုကို ပြုနိုင်ရန် စိတ်ကို ထိန်းချုပ်လျက် နိုးနိုးကြားကြား ဟိကြရမည်။
သမ္မာသတိဟိလျက် နိုးကြားစွာ စောင့်နိန်ကြလော့။ သင်ရို့၏ ရန်သူဖြစ်သော မာရ်နတ်သည် ဟောက်သောခြင်္သေ့ကဲ့သို့ မွားမျိုရမည့်သူကို လှည့်လည် ရှာဖွီလျက်ဟိ၏။
“နားထောင်ကြလော့၊ ငါသည် သူခိုးကဲ့သို့ လာမည်။ သို့ဖြစ်၍ မိမိ၏အဝတ်များကို သတိနှင့်စောင့်ကြပ်သောသူသည် မင်္ဂလာဟိ၏။ အကြောင်းမူကား လူရို့၏ရှိ့၌ အဝတ်မပါဘဲ သွားလာ၍ အရှက်မရစီရန် ဖြစ်၏။”
သို့ဖြစ်၍ နိုးထလော့။ သင်၏ အသက်မချုပ်ငြိမ်းသိမ့်ခင် ကျန်ဟိနိန်သိမ့်သောအရာကို ပြုစုလော့။ သင်၏အပြုအမူသည် ငါ၏ဘုရားသခင်ရှိ့တော်၌ ပြည့်စုံခြင်း မဟိသိမ့်သည်ကို ငါတွိ့ရ၏။