၁ သက်သာလောနိတ် 5:23 - ဓမ္မသစ်ကျမ်း ရခိုင်ဘာသာစကား23 ငြိမ်သက်ခြင်း၏အသျှင် ဘုရားသခင်သည် သင်ရို့အား အကုန်အစင် သန့်ယှင်းတော်မူပါစီသောဝ်။ ငါရို့၏ အသျှင်ယေသျှုခရစ် ကြွလာတော်မူသောအခါ၌ သင်ရို့သည် အပြစ်ဆိုဖွယ်မဟိကြစီရန် ဘုရားသခင်သည် သင်ရို့၏ ခန္ဓာ၊ စိတ်၊ ဝိညာဉ်ကို ထိန်းသိမ်းစောင့်ရှောက်တော်မူပါစီသောဝ်။ အခန်းကိုကြည့်ပါ။ |
သင်သည် တခြားလူမျိုးရို့၏မျက်စိကို ဖွင့်ပီး၍ ထိုသူရို့ကို မှောင်မိုက်ထဲမှ အလင်းတော်သို့ ကူးပြောင်းစီကာ စာတန်မာရ်နတ်၏တန်ခိုးအာဏာစက်မှ ဘုရားသခင်၏ အာဏာစက်သို့ ကူးပြောင်းစီရမည်။ အကြောင်းမူကား သူရို့သည် ငါ့ကို ယုံကြည်ခြင်းအားဖြင့် သူရို့၌ ဟိသမျှသောအပြစ်မှ ခွင့်ရွှတ်ခြင်းကို ရပြီးလျှင်၊ ဘုရားသခင် ရွီးချယ်ထားသောလူစု၌ နီရာကျစီရန်ဖြစ်၏’ ဟု ဆိုလေ၏။
ဘုရားသခင်၏နှုတ်ကပတ်တော်သည် အသက်ရှင်၍ လှုပ်ယှားလျက်ဟိ၏။ ထိုနှုတ်ကပတ်တော်သည် အသွားနှစ်ဖက်ပါသော သံလျက်ဒါးထက် ပြတ်၏။ ထိုနှုတ်ကပတ်တော်သည် အသက်နှင့် ဝိညာဉ်ကို လည်းကောင်း၊ အရိုးအဆစ်နှင့် ခြင်ဆီများကိုလည်းကောင်း ထိုးထွင်းပိုင်းခြားတတ်၏။ ထိုနှုတ်ကပတ်တော်သည် စိတ်နှလုံးအကြံအစည်နှင့် တပ်မက်မှုကို ခွဲခြားသိမြင်တတ်၏။
ခမည်းတော်ဘုရားသခင်သည် မိမိ၏ အကြံအစည်တော်အတိုင်း ယေသျှုခရစ်တော်ကို နာခံရန်နှင့် ကိုယ်တော်၏ အသွီးတော်အားဖြင့် စင်ကြယ်ကြစီရန်လည်းကောင်း၊ မိမိ၏ဝိညာဉ်တော်အားဖြင့် သန့်ယှင်းသောလူစု ဖြစ်စီခြင်းငှာ လည်းကောင်း သင်ရို့ကို ရွီးချယ်တော်မူ၏။ ကျေးဇူးတော်နှင့် ငြိမ်သက်ခြင်းကို သင်ရို့သည် ကြွယ်ဝစွာ ခံစားရပါစီသောဝ်။
သို့ရာတွင် သင်ရို့သည် ဆင်းရဲဒုက္ခကို အနည်းငယ်မျှသာ ခံစားပြီးသောအခါ ခရစ်တော်နှင့် တစ်လုံးတစ်ဝတည်း ဖြစ်စီလျက် ထာဝရဘုန်းတော်ကို ဝင်စားခွင့်ပီးရန် ခေါ်တော်မူသောအသျှင်၊ ကျေးဇူးတော်အပေါင်းနှင့် ပြည့်စုံတော်မူသော ဘုရားသခင်ကိုယ်တော်တိုင်သည် သင်ရို့ကို စုံလင်စီ၍ ခွန်အားနှင့် ပြည့်ဝစီကာ ခိုင်ခံ့စွာ ရပ်တည်စီတော်မူလိမ့်မည်။