Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




၁ သက်သာလောနိတ် 5:21 - ဓမ္မသစ်ကျမ်း ရခိုင်ဘာသာစကား

21 သို့ရာတွင် ထိုပရောဖက်ပြုချက်များကို စစ်ဆေးပြီးလျှင် ကောင်းသောအရာများကို ဆုပ်ကိုင်၍၊

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ သက်သာလောနိတ် 5:21
40 ပူးပေါင်းရင်းမြစ်များ  

“ထိုမှတစ်ပါး မှန်သောအမှုကိုပြုရန် ဇာကြောင့် သင်ရို့ကိုယ်တိုင် မဆင်ခြင်ကြသနည်း။


ငါသည် သင်ရို့၌ တည်သကဲ့သို့ သင်ရို့သည်လည်း ငါ၌ တည်ကြလော့။ မည်သည့်အခက်မျှ ကိုယ့်အလိုအလျှောက် အသီးမသီးနိုင်။ စပျစ်ပင်၌ တည်မှသာလျှင် အသီးသီးနိုင်၏။ ထိုကဲ့သို့ပင် သင်ရို့သည်လည်း ငါနှင့် ကွာလျှင် အသီးမသီးနိုင်ကြပေ။


ယေသျှုသည် ယုဒ ယုံကြည်သူရို့အား “သင်ရို့သည် ငါဟောပြောသော သွန်သင်ချက်အတိုင်း နာခံလိုက်လျှောက်လျှင် ငါ့တပည့် အမှန်ဖြစ်ကြ၏။


ဗာနဗသည် ထိုမြို့သို့ ရောက်သောအခါ ဘုရားသခင်ပီးထားသော ကျေးဇူးတော်ကို မြင်ရ၍ အားရဝမ်းသာဖြစ်ရလေ၏။ သို့ဖြစ်၍ သခင်ဘုရားအား မိမိ၏စိတ်နှလုံးကို ပုံအပ်၍ ယုံကြည်ကိုးစားပြီး သစ္စာစောင့်ကြရန် သူရို့အားလုံးကို တိုက်တွန်းနှိုးဆော်လေ၏။


သူရို့သည် ယုံကြည်သူများကို စစ်မှန်သောယုံကြည်ခြင်း၌ တည်ကြည်စီရန် အားပီး တိုက်တွန်းနှိုးဆော်ကြ၏။ “ဘုရားသခင်၏နိုင်ငံတော်သို့ ဝင်ရောက်ခြင်းငှာ ငါရို့သည် များစွာသော ဆင်းရဲဒုက္ခတိကို ကျော်ဖြတ်ကြရမည်” ဟု သွန်သင်ကြ၏။


ဗေရိ မြို့သူမြို့သားရို့သည် သက်သာလောနိတ် မြို့သူမြို့သားတိထက်မက သာ၍ ကြည်ညိုစိတ်ဟိကြသည်ဖြစ်၍ သူရို့သည် နှုတ်ကပတ်တရားတော်ကို စိတ်အားထက်သန်စွာ ခံယူကြပြီးလျှင် ပေါလုပြောသည်မှာ မှန်၏၊ မမှန်၏ကို သိခြင်းငှာ ကျမ်းစာကို နိ့စဉ်နိ့တိုင်း လေ့လာဆန်းစစ်ကြလေ၏။


သင်ရို့သည် လောကီသားတိ ပိုင်ယှောင် အသက်မရှင်ကတ်ကေ့။ သင်ရို့၏ အတွင်းစိတ်သဘော အပြည့်အဝ ပြောင်းလဲစီခြင်းငှာ ဘုရားသခင်ကို အခွင့်ပီးကြလော့။ သို့မှသာ ဇာအရာကား ကောင်းမြတ်၏၊ ဇာအရာကို ဘုရားသခင် နှစ်သက်၏၊ ဇာအရာသည် စုံလင်သောအရာဖြစ်၏ ဟူသော ဘုရားသခင်၏အလိုတော်ကို သင်ရို့ သိနိုင်ကြလိမ့်မည်။


ဟန်ဆောင်မှုကင်းမဲ့သောမေတ္တာနှင့် ချစ်ကြလော့။ မကောင်းမှုကို ရွံမုန်း၍ ကောင်းမှုကို လက်ကိုင်ထားကြလော့။


ထို့ကြောင့် ချစ်သောညီအစ်ကို မောင်နှမရို့၊ သင်ရို့၏ယုံကြည်ခြင်း၌ တည်တံ့ခိုင်ခန့်စွာ ရပ်ကြလော။ သခင်ဘုရား၏ အမှုတော်ကို ဆောင်ရွက်ခြင်းသည် မည်သည့်အခါမျှ အချည်းနှီးမဖြစ်ကြောင်းကို သိမှတ်ကာ အမှုတော်ကို အစဉ်အမြဲ ဆောင်ရွက်ကြလော့။


ငါရို့၏ အကြောင်းအလုံးစုံကို ငါရို့အထဲ၌ ဟိသော စိတ်ဝိညာဉ်ကသာလျှင် သိ၏။ ထိုနည်းတူ ဘုရားသခင်၏အကြောင်း အလုံးစုံကို ဘုရားသခင်၏ ဝိညာဉ်တော်ကသာလျှင် သိတော်မူ၏။


သို့ဖြစ်၍ ငါရို့သည် အခွင့်အရေးရတိုင်း လူအပေါင်းရို့၏အကျိုးကို ကောင်းစွာ ဆောင်ရွက်ကြကုန်အံ့။ အထူးသဖြင့် ယုံကြည်သူ အိမ်သူအိမ်သားရို့၏ အကျိုးကို ဆောင်ရွက်ကြကုန်အံ့။


သခင်ဘုရား နှစ်သက်တော်မူသောအရာသည် ဇာအရာဖြစ်သည်ကို ကြိုးစား၍ သင်ယူကြလော့။


သို့မှသာ သင်ရို့သည် ခရစ်တော်ကြွလာတော်မူသော နိ့ရက်၌ အပြစ်ဆိုဖွယ်ရာ မဟိဘဲ မသန့်ယှင်းခြင်းနှင့် ကင်းစင်လိမ့်မည်။


သို့ရာတွင် ငါရို့သည် အဂုတိုင်အောင် လိုက်လျှောက်ခသည့် ထုံးစံအတိုင်း ကျင့်ကြကုန်အံ့။


ညီအစ်ကိုမောင်နှမရို့၊ နိဂုံးချုပ်ပြောရလျှင် သင်ရို့သည် မှန်ကန်သောအရာ၊ မွန်မြတ်သောအရာ၊ လျောက်ပတ်သောအရာ၊ ဖြူစင်သောအရာ၊ နှစ်သက်ဖွယ်သောအရာ၊ အသရေဟိသော အရာတည်းဟူသော ကောင်းမြတ်၍ ချီးမွမ်းဖွယ်သောအရာ ဟိသမျှရို့ကို နှလုံးသွင်းကြလော့။


မည်သူတစ်ယောက်ကိုမျှ အဆိုးကို အဆိုးအားဖြင့် မတုံ့ပြန်ကတ်ကေ့၊ သို့ရာတွင် အခြားသောသူတစ်ယောက် အဖို့ငှာလည်းကောင်း၊ လူအားလုံး အဖို့ငှာလည်းကောင်း ကောင်းသောအမှုကို ဆောင်ရွက်ရန် အစဉ်မပြတ် ကြိုးစားအားထုတ်ကြလော့။


မကောင်းသောအရာ မှန်သမျှကို ယှောင်ကြဉ်ကြလော့။


သို့ဖြစ်၍ ညီအစ်ကိုမောင်နှမရို့၊ ငါရို့၏ဟောပြောခြင်းအားဖြင့် လည်းကောင်း၊ ငါရို့၏ ပီးစာအားဖြင့် လည်းကောင်း သင်ရို့အား သွန်သင်ခသည့် သမ္မာတရားများကို သင်ရို့သည် စွဲကိုင်၍ ခိုင်ခံ့စွာ ရပ်တည်ကြလော့။


သင်သိသည့်အတိုင်း ဖုဂေလုနှင့် ဟေရမောဂင်ရို့ အပါအဝင် အာယှိနယ်၌ ဟိသောလူတိသည် ငါ့အား စွန့်ခွါလားကြလေပြီ။


ထိုသူရို့သည် အိမ်များထဲသို့ ဝင်ရောက်ကာ၊ ဒု​စ​ရိုက်​အပြစ်​ဝန်​ကို ထမ်း​၍ အမျိုးမျိုးသော လောကီတပ်မက်မှုနောက်သို့ လိုက်ပါလျက်၊ ယုံလွယ်သော မိန်းမရို့ကို သိမ်းသွင်းကြ၏။


ကြီးထည်သွန်းလုပ်သူ အာလေစန္ဒြုသည် ငါ့ကို အလွန် ဒုက္ခပီးခ၏။ သူလုပ်ခသည့်အတိုင်း သခင်ဘုရားသည် သူအား ပြန်၍ ပီးဆပ်လိမ့်မည်။


ကတိပီးထားတော်မူသော အသျှင်သည် သစ္စာနှင့် ပြည့်စုံတော်မူသည်ဖြစ်၍ ငါရို့ ဝန်ခံထားသော မျှော်လင့်ခြင်းကို ခိုင်မြဲစွာ ဆုပ်ကိုင်ထားကြကုန်အံ့။


အဆွီရို့၊ ဝိညာဉ်တော်ကို ခံယူရဟိသည်ဟု ပြောဆိုသောသူတိုင်းကို မယုံကြည်ကတ်ကေ့။ သူရို့ ခံယူရဟိသည်ဆိုသော ဝိညာဉ်တော်သည် ဘုရားသခင်ထံတော်မှ ဆင်းသက်လာသည့် ဝိညာဉ်တော် ဟုတ်မဟုတ် စစ်ဆေးကြလော့။ ဇာကြောင့်ဆိုသော် မိစ္ဆာပရောဖက်များသည် ဤလောကသို့ ရောက်နိန်ကြသောကြောင့် ဖြစ်၏။


သင်ပြုသော အမှုများကို ငါသိ၏။ ထိုအရာများမှာ သင်သည် ဇာပိုင် ကြိုးပမ်းလုပ်ဆောင်ကြောင်း၊ ဇာမျှလောက် သည်းခံကြောင်းကို ငါသိ၏။ သင်သည် ဆိုးညစ်သောသူရို့ကို သည်းမခံနိုင်ကြောင်း၊ တမန်တော် မဟုတ်ဘဲ မိမိကိုယ်ကိုမိမိ တမန်တော်ဟု ခေါ်ဆိုကြသော သူရို့အား စစ်ဆီး၍ လှည့်ဖြားသောသူတိ ဖြစ်ကြောင်းကို သိကြောင်းပင် ဖြစ်၏။


သင်ရို့သည် မိမိရို့၌ ဟိသည့်အရာကို ငါလာသည်တိုင်အောင် စွဲမြဲစွာကိုင် ထားကြလော့။


ငါသည် မကြာခင် ကြွလာမည်။ သင်၏ ဆုသရဖူကို ဇာသူမျှ မလုမယူနိုင်စီခြင်းငှာ သင် ရဟိထားသောအရာကို စွဲကိုင်လော့။


ထို့ကြောင့် သင်သည် ကြားနာသမျှ၊ ခံယူထားသမျှ တရားကို အောက်မိ့သတိရလျက် နာခံလိုက်လျှောက်လော၊ နောင်တရလော့။ သင်သည် မနိုးထလျှင် သူခိုးလာသကဲ့သို့ ငါသည် သင့်ပါးသို့ လာမည်။ ငါလာမည့်အချိန်ကို သင် သိရလိမ့်မည်မဟုတ်။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ