Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




၁ သက်သာလောနိတ် 5:15 - ဓမ္မသစ်ကျမ်း ရခိုင်ဘာသာစကား

15 မည်သူတစ်ယောက်ကိုမျှ အဆိုးကို အဆိုးအားဖြင့် မတုံ့ပြန်ကတ်ကေ့၊ သို့ရာတွင် အခြားသောသူတစ်ယောက် အဖို့ငှာလည်းကောင်း၊ လူအားလုံး အဖို့ငှာလည်းကောင်း ကောင်းသောအမှုကို ဆောင်ရွက်ရန် အစဉ်မပြတ် ကြိုးစားအားထုတ်ကြလော့။

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ သက်သာလောနိတ် 5:15
39 ပူးပေါင်းရင်းမြစ်များ  

သို့ရာတွင် အဂု သင်ရို့ကို ငါ ပြောလိုသည်မှာ၊ သင်ရို့ကို ပြစ်မှားသော ဇာသူ့ကို မဆို လက်တုံ့မပြန်ကတ်ကေ့။ တစ်စုံတစ်ယောက်က သင်၏ညာဖက်ပါးကို သတ်လျှင် ဘယ်ဖက်ပါးကိုပါ လှည့်၍ ပီးလိုက်။


ထိုသို့မဟုတ်၊ သင်ရို့၏ရန်သူကို ချစ်လော့။ ကျေးဇူးပြုလော့။ တစ်စုံတစ်ခုပြန်ရဖို့ကို မမျှော်လင့်ဘဲ ချီးငှားကြလော့။ ထိုသို့ဆိုလျှင် သင်ရို့သည် ကြီးမြတ်သောဆုကို ရရုံသာမက အမြင့်ဆုံးသော ဘုရား၏သား ဖြစ်လိမ့်မည်။ ထိုအသျှင်သည် ကျေးဇူးမသိတတ်သောသူ၊ ဆိုးမိုက်သောသူရို့ကို ကျေးဇူးပြုတော်မူ၏။


သို့ရာတွင် ပေါလုက “ကိုယ့်ကိုယ်ကို အန္တရာယ် မပြုကေ့။ ငါရို့ အားလုံး ဤနီရာ၌ပင် ဟိကြ၏” ဟု ကျယ်သောအသံနှင့် အော်ပြောလေ၏။


ဟန်ဆောင်မှုကင်းမဲ့သောမေတ္တာနှင့် ချစ်ကြလော့။ မကောင်းမှုကို ရွံမုန်း၍ ကောင်းမှုကို လက်ကိုင်ထားကြလော့။


ထို့ကြောင့် တစ်ယောက်ကို တစ်ယောက် ငြိမ်းချမ်းစီခြင်းငှာလည်းကောင်း၊ အချင်းချင်း တည်ဆောက်မြှင့်တင်ခြင်းငှာလည်းကောင်း ငါရို့သည် အသီးသီး အားထုတ်ကြကုန်အံ့။


ထို့ကြောင့် သင်ရို့သည် မေတ္တာတရားအားဖြင့် ကြိုးစားအားထုတ်ကြလော့။ ဝိညာဉ်ဆုကျေးဇူးများ၊ အထူးသဖြင့် ဘုရားသခင်ထံမှ လာသော သတင်းစကားကို ဟောပြောနိုင်သော ဆုကျေးဇူးကို အလွန်လိုချင်သောစိတ် ဟိကြလော့။


အကယ်၍ သင်ရို့ထံသို့ တိမောသေရောက်လာလျှင် သူသည် စိုးရိမ်ခြင်းမဟိဘဲ သင်ရို့နှင့်အတူ နီထိုင်နိုင်ရန် ဂရုစိုက်ကြလော့။ အကြောင်းမူကား သူသည် ငါ့ကဲ့သို့ပင် သခင်ဘုရား၏ အမှုတော်ဆောင်ဖြစ်ပေ၏။


ထိုသို့ သင်ရို့ အချင်းချင်း တရားစွဲဆိုခြင်းသည် သင်ရို့အဖို့ ဆုံးယှုံးမှုဖြစ်စီ၏။ ထိုသို့​တရားစွဲ​မည့်​အစား မတရား​ပြု​ခြင်း​ကို​သာ ဇာကြောင့်​မ​ခံ​ကြ​သနည်း။ လိမ်ညာ​လုယူ​ခြင်း​ကို​သာ ဇာကြောင့်​မ​ခံ​ကြ​သနည်း။


သို့ဖြစ်၍ ငါရို့သည် အခွင့်အရေးရတိုင်း လူအပေါင်းရို့၏အကျိုးကို ကောင်းစွာ ဆောင်ရွက်ကြကုန်အံ့။ အထူးသဖြင့် ယုံကြည်သူ အိမ်သူအိမ်သားရို့၏ အကျိုးကို ဆောင်ရွက်ကြကုန်အံ့။


သို့ဖြစ်၍ သင်ရို့သည် ဇာပိုင် ပြုမူကျင့်ကြံရမည်ကို သတိပြုကြလော့။ ပညာမဲ့သောသူများကဲ့သို့ မကျင့်ကြံဘဲ၊ ပညာဟိသောသူတိကဲ့သို့ ကျင့်ကြံကြလော့။


သို့ရာတွင် ထိုစကားသည် သင်ရို့ကိုလည်း ရည်ညွှန်း၍ ဆိုသတည်း။ ထို့ကြောင့် လင်ယောက်ျားတိုင်း မိမိကိုယ်ကိုချစ်သကဲ့သို့ မိမိ၏မယားကိုလည်း ချစ်ရမည်။ ထို့နည်းတူ မယားဖြစ်သောသူတိုင်းသည်လည်း မိမိ၏လင်ယောက်ျားကို ရိုသီခြင်း ဟိရမည်။


မိမိ၏နိုင်ငံတော်နှင့် ဘုန်းတန်ခိုးတော်ထဲသို့ သင်ရို့အား ခေါ်တော်မူသော ဘုရားသခင် နှစ်သက်တော်မူသည့် အသက်ရှင်နီထိုင်မှုဖြင့် အသက်ရှင်ကြစီရန် ငါရို့သည် သင်ရို့အား တိုက်တွန်းနှိုးဆော်၍ နှစ်သိမ့်အားပီးကာ တောင်းဆိုခကြ၏။


သို့ရာတွင် ထိုပရောဖက်ပြုချက်များကို စစ်ဆေးပြီးလျှင် ကောင်းသောအရာများကို ဆုပ်ကိုင်၍၊


သို့သော်လည်း ဘုရားသခင်၏လူဖြစ်သော သင်သည် ဤအရာအားလုံးကို ယှောင်ယှားလော့။ ဖြောင့်မတ်ခြင်း၊ ဘုရားဝတ်၌ မွိ့လျော်ခြင်း၊ ယုံကြည်ခြင်း၊ ချစ်ခြင်း၊ သည်းခံခြင်း၊ နူးညံ့သိမ်မွိ့ခြင်းနှင့် ပြည့်စုံစီခြင်းငှာ ကြိုးစားအားထုတ်လော့။


ထို့အပြင် သခင်ဘုရား၏ အစီခံဟူသည် ရန်မဖြစ်ရ။ လူတိုင်းကို သနားကြင်နာတတ်ပြီး စိတ်ရှည်၍ သွန်သင်ဆုံးမနိုင်စွမ်းဟိရမည်။


ဇာသူ့ကိုမျှ ကဲ့ရဲ့ပြောဆိုခြင်းကို မပြုဘဲ လူအပေါင်းရို့အား ယဉ်ကျေးသိမ်မွိ့စွာ ပြုမူလျက် ထောက်ထားညှာတာ၍ အီးချမ်းစွာ နီထိုင်ကြရန် မိမိလူတိအား တိုက်တွန်းပြောဆိုလော့။


လူတိုင်းနှင့် ငြိမ်းချမ်းစွာ နီထိုင်ရန်လည်းကောင်း၊ သန့်ယှင်းသော အသက်တာဖြင့် အသက်ရှင်နိုင်ရန်လည်းကောင်း ကြိုးစားကြလော့။ အကြောင်းမူကား သန့်ယှင်းသော အသက်တာမဟိလျှင် ဇာသူမျှ ဘုရားသခင်ကို မြင်ကြလိမ့်မည်မဟုတ်။


အဂုတွင် သင်ရို့သည် သမ္မာတရားကို လိုက်လျှောက်ခြင်းအားဖြင့် မိမိရို့၏ စိတ်နှလုံးအား စင်ကြယ်စီကြပြီး အခြားသော ယုံကြည်သူအချင်းချင်းကို ဟန်ဆောင်မှုကင်းလျက် ချစ်ကြသည်ဖြစ်၍ သင်ရို့ တစ်ယောက်ကိုတစ်ယာက် စိတ်နှလုံးအကြွင်းမဲ့ ချစ်ကြလော့။


ခပ်သိမ်းသောလူတိကို ရိုသီကြလော့။ ယုံကြည်သူတိကို ချစ်ကြလော့။ ဘုရားသခင်ကို ကြောက်ရွံ့ရိုသီ ကြလော့။ ဧကရာဇ်မင်းအား ရိုသီလေးမြတ်ကြလော့။


အဆိုးကို အဆိုးအားဖြင့်လည်းကောင်း၊ ကျိန်ဆဲခြင်းကို ကျိန်ဆဲခြင်း အားဖြင့်လည်းကောင်း၊ မတုံ့ပြန်ကတ်ကေ့။ ထိုသို့ ပြုမည့်အစား ကောင်းကြီးပီးကြလော့။ ဇာကြောင့်ဆိုသော် သင်ရို့သည် ဘုရားသခင် ကတိထားတော်မူသည့် ကောင်းကြီးမင်္ဂလာကို အမွီခံစီရန် ခေါ်တော်မူသောကြောင့်ဖြစ်၏။


အဆွီ၊ မကောင်းသောအမှုကို အတုမယူဘဲ ကောင်းသောအမှုကို အတုယူလော့။ ကောင်းသောအမှုကို ပြုသောသူသည် ဘုရားသခင်နှင့် စပ်ဆိုင်သောသူဖြစ်၏။ ဆိုးသောအကျင့်ကို ပြုသောသူမူကား ဘုရားသခင်ကို မသိမမြင်ဖူးသောသူ ဖြစ်၏။


ထိုအခါ ငါသည် ထိုသူကို ကိုးကွယ်ခြင်းငှာ သူ၏ခြီရင်းတွင် ပျပ်ဝပ်၏။ သို့ရာတွင် ကောင်းကင်တမန်က “ဤသို့ မပြုကေ့၊ ငါသည် အသျှင်ယေသျှု၏အကြောင်းကို သက်သီခံသော သင်နှင့် သင်၏ညီအစ်ကိုမောင်နှမရို့နှင့်အတူ လုပ်ဆောင်သူ တစ်ဦးသာ ဖြစ်၏။ ဘုရားသခင်ကိုသာ ကိုးကွယ်လော့” ဟု ဆို၏။ အကြောင်းမူကား အသျှင်ယေသျှု ဖော်ပြတော်မူသော သမ္မာတရားသည် ပရောဖက်ရို့အား လှုံ့ဆော်သောအရာဖြစ်၏။


ကောင်းကင်တမန်က “ဤသို့ မလုပ်ကေ့။ ငါသည် သင်နှင့်တကွ သင်၏ညီအစ်ကို ပရောဖက်တိနှင့် ဤကျမ်းစောင်၏ စကားကို လိုက်နာစောင့်ထိန်းသောသူရို့၏ လုပ်ဖော်ဆောင်ဖက် အစီခံတစ်ယောက်သာလျှင် ဖြစ်၏။ ဘုရားသခင်ကိုသာလျှင် ကိုးကွယ်လော့” ဟု ဆို၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ