၁ သက်သာလောနိတ် 5:12 - ဓမ္မသစ်ကျမ်း ရခိုင်ဘာသာစကား12 ညီအစ်ကိုမောင်နှမရို့၊ သခင်ဘုရား၌ သင်ရို့ကို ဂရုတစိုက် ဆုံးမပဲ့ပျင်လျက် သင်ရို့၌ အမှုတော်ကို ဆောင်ရွက်နိန်ကြသော သူများကို ကြည်ညိုလေးစားကြရန် ငါရို့တောင်းပန်၏။ အခန်းကိုကြည့်ပါ။ |
ဘုရားသခင်သည် တမန်တော်တိကို ပထမအရာ၌ လည်းကောင်း၊ ပရောဖက်တိကို ဒုတိယအရာ၌ လည်းကောင်း၊ သွန်သင်ပီးသော ဆရာတိကို တတိယအရာ၌ လည်းကောင်း၊ ထို့နောက် နိမိတ်လက္ခဏာပြသော သူတိကို လည်းကောင်း၊ အနာရောဂါများကို ပျောက်ကင်းစီနိုင်သော တန်ခိုးကို ရဟိသောသူတိကို လည်းကောင်း၊ သူတစ်ပါးအား ကူညီသောသူတိကို လည်းကောင်း၊ စီစဉ်ညွှန်ကြားနိုင်စွမ်းဟိသောသူတိကို လည်းကောင်း၊ အမျိုးမျိုးသော ဘာသာ စကားများကို ပြောနိုင်သောသူတိကို လည်းကောင်း အသင်းတော်တွင် ခန့်ထားတော်မူ၏။
သို့သော် ဘုရားသခင်၏ ကျေးဇူးတော်ကြောင့် ငါဖြစ်သည့်အတိုင်း ငါဖြစ်၏။ ငါ့ကို ကိုယ်တော် ပီးသနားတော်မူသော ကျေးဇူးတော်သည်လည်း အကျိုးမဲ့မဖြစ်။ ငါသည် အခြားသော တမန်တော်ရို့ထက် ပို၍ ကြိုးစားလုပ်ဆောင်၏။ ထိုသို့ လုပ်ဆောင်နိုင်ခြင်းမှာ ငါ၏ တတ်နိုင်မှုကြောင့် မဟုတ်ဘဲ၊ ငါနှင့်အတူ လုပ်ဆောင်သော ဘုရားသခင်၏ ကျေးဇူးတော်ကြောင့်သာ ဖြစ်၏။
နောက်ဆုံးအနေဖြင့်ဆိုရလျှင် ညီအစ်ကိုမောင်နှမရို့၊ သင်ရို့ကို ဘုရားသခင် နှစ်သက်တော်မူစီရန် မည်သို့ အသက်ရှင်နီထိုင်ရမည်ကို သင်ရို့အား ငါရို့ သွန်သင်ပြီး ဖြစ်၏။ သင်ရို့သည် ငါရို့ သွန်သင်ခသည်အတိုင်း အသက်ရှင်နီထိုင်ကြ၏။ အဂုတွင် ပို၍ ကြိုးစားအားထုတ်ကြရန် ငါရို့သည် အသျှင်ယေသျှု၏ နာမတော်၌ သင်ရို့အား တိုက်တွန်းနှိုးဆော်လျက် တောင်းပန်ကြ၏။
သင်ရို့ ခေါင်းဆောင်တိ၏စကားကို နာခံ၍ သူရို့၏ မိန့်မှာချက်များကို လိုက်လျှောက်ကြလော့။ အကြောင်းမူကား မိမိရို့၏ မှတ်တမ်းများကို တင်ပြပီးရမည့် သူရို့ကဲ့သို့ သူရို့သည် သင်ရို့အား မျက်ခြီမပြတ် စောင့်ကြည့်နိန်ကြသောကြောင့်ဖြစ်၏။ သင်ရို့သည် ထိုခေါင်းဆောင်ရို့၏စကားကို နာခံကြလျှင် သူရို့သည်လည်း မိမိရို့ အလုပ်ကို ဝမ်းမြောက်စွာ လုပ်ဆောင်ကြလိမ့်မည်။ ထိုသို့မဟုတ်ဘဲ သူရို့သည် စိတ်မကောင်းစွာဖြင့် လုပ်ဆောင်ကြလျှင် သင်ရို့အတွက် အကျိုးဟိလိမ့်မည် မဟုတ်ပေ။