၁ သက်သာလောနိတ် 4:4 - ဓမ္မသစ်ကျမ်း ရခိုင်ဘာသာစကား4 သင်ရို့တစ်ဦးစီတိုင်းသည် သန့်ယှင်းခြင်းနှင့် ဂုဏ်သရေဟိခြင်းဖြင့် မိမိ၏မယားနှင့် မည်သို့ ပေါင်းသင်းနီထိုင်သင့်သည်ကို သိကြသည်ဖြစ်၍၊ အခန်းကိုကြည့်ပါ။ |
သို့ဖြစ်၍ ငါ၏ညီအစ်ကို မောင်နှမရို့၊ ဘုရားသခင် နှစ်သက်တော်မူခြင်းငှာ လည်းကောင်း၊ ဘုရားသခင်၏အမှုတော်မြတ်ကို ဆောင်ရွက်ရာ၌လည်းကောင်း သင်ရို့၏ခန္ဓာကိုယ်ကို သန့်ရှင်း၍ ဘုရားသခင်နှစ်သက်တော်မူသော အသက်ရှင်သည့် ပူဇော်သကာအဖြစ် ဆက်ကပ်ပူဇော်ကြခြင်းငှာ ဘုရားသခင်၏ ကရုဏာတော်အားဖြင့် သင်ရို့ကို ငါ တောင်းပန်လိုက်ပါ၏။ ဤကား သင်ရို့ပြုရမည့် စစ်မှန်သော ကိုးကွယ်ဝတ်ပြုခြင်းဖြစ်၏။
ထိုနည်းတူ အိမ်ထောင်သျှင်ရို့၊ သင်ရို့၏ အိမ်ထောင်သျှင်မရို့သည် အားနွဲ့သူတိဖြစ်ကြောင်းကို သိမှတ်ကာ အတူတကွ နီထိုင်ကြလော့။ အကြောင်းမူကား သူရို့သည် အသက်နှင့်ဆိုင်သော ဘုရားသခင်၏ ဆုကျေးဇူးကို သင်ရို့နှင့်အတူ ခံစားရကြမည့်သူများ ဖြစ်သောကြောင့် သူရို့အား လေးစားစွာ ဆက်ဆံကြလော့။ ထိုသို့ ပြုလျှင် သင်ရို့၏ ဆုတောင်းခြင်းကို ဆီးတား ခံရလိမ့်မည် မဟုတ်ပေ။